{ ၁ }
ဟင်းနော် ... လို့ ပြောရုံးရှိသေး
ကိုယ့်နွေရွက်တွေက ကြွေလုလု
ကယုကယင်ဖြစ်နေတဲ့စိတ်သွားလေးတွေ
မင့်အပြုံးမှာအသက်ဝင်တယ်
လူကြီးမလေးတစ်ယောက်လို
မှာတမ်းရှည်ဖတ်တဲ့အခါ
နားစိုက်စိုက်ထောင်ထားရတယ်
ကိုယ့်မြေမှာလင်းတဲ့ကြယ်ကလေး
အသက်တမျှလင်းလက်ပါစေလို့ပဲ
အကြိမ်ကြိမ်ဆုချွေလို့
ခူးမိတဲ့အချစ်တိုင်း လွမ်းစဖွယ်
ကျနော့်မှာ အိပ်မက်တစ်ခုရှိရဲ့
ထိုအိပ်မက်မှာ လူကြီးမလေးဝိညာဉ်ရှိရဲ့
မနက်လင်းတိုင်းသစ်တဲ့ရေမှာ
ညီမလေးမျက်နှာရှိတယ်ကွဲ့
လူကြီးမလေးရဲ့
အိပ်မရခြင်းတွေပွေ့ပိုက်လို့
ညဥ့်ဟာနက်သည်ထက်နက်လာပြီ
သိပ်လွမ်းကြောင်းပြောဖို့
မျက်လုံးဟာအိပ်တန်းမတက်နိုင်ဘူး
လူကြီးမလေးရေ
ငြိမ်းချမ်းကြည်သာချမ်းမြပါစေ
ငါမရှိတော့တဲ့အခါ
မင်းအပြုံးတွေလှပစေချင်ရဲ့
ဘဝနှစ်ခု အိပ်မက်နှစ်ခု
တယုတယမွေးယူထားတဲ့ချစ်ခြင်းနှစ်ခု
နေမကောင်းဖြစ်လာတဲ့အခါ
နဖူးပေါ်က ဆံစတွေငိုကြွေးနေကြလိမ့်မယ်
နေရောင်သာတဲ့ရောင်ခြည်ဦးတွေ
လူကြီးမလေးဆီ တိုက်ရိုက်ကျရောက်ပါစေ
ပန်းပွင့်ဟာ သူမမြင်လိုက်ရမှီ
ပါသွားတဲ့ဝတ်မှုံကိုချစ်သလို
အချစ်တွေရှိရဲ့
ဆည်းဆာဟာ ငါ့ကိုငေးနေတယ်ကွဲ့
လူကြီးမလေးရဲ့
တိမ်တွေဟာ
ငှက်အတောင်ကိုဖြတ်တိုက်နေတယ်
ကိုယ့်မှာ ငှက်ကလေးများအနာတရဖြစ်လေမလား
တွေးစိတ်နဲ့စိတ်တွေပူလို့
ရာသီဥတုတွေထိနာဖျားတယ်
လူကြီးမလေးရယ်
ဒုက္ခတရားတွေထိတွေလာတဲ့အခါ
မြက်ပင်ရိုင်းတွေအောက်မခိုလှုံပါနဲ့
ရိုးတံနဲ့လုံခြုံမှုမညီမျှတဲ့အခါ
ရင်မချိသူဟာ ငါ ဖြစ်ရဲ့
နာလိုခံခက်တဲ့လေတိုက်နှုံးဟာ
ဝန်းကျင်နဲ့ထိစပ်သူတိုင်းရဲ့ဖတ်စာပဲ
စာများများကျက်နော်ညီမလေး
ဘဝကျောင်းမှာသင်ရိုးမရှိတော့
စာကျက်ဖော်အဖြစ်ကိုယ်ရှိချင်တယ်
ညီမလေးရေ
ယဉ်းကျေးမှုတွေကရိုးရာတွေပျက်တဲ့နေ့
တိမ်ဟာ အိပ်မက်ကိုဖောက်သတဲ့
အိပ်မက်မက်နေကြောင်းကို အိပ်မက်သူဟာ
ကိုယ်တိုင်ပြန်ကြည့်နေပုံများ
လိပ်ပြာအဖြစ်နဲ့ညီမလေးအနား
ဆန်းကြယ်ပုံပြင်တွေထိုင်ပြောနေမိတယ်
အနီးနားရှိခဲ့ကြသလို အဝေးမှာ
အဝေးမှာရှိကြသလို အနီးမှာ
လူသတ္တဝါတို့ခရီးတိုင်းဖြတ်ရတဲ့မိုင်တိုင်တွေ
အကုန်လွန်လာတဲ့အခါ
ငါကိုချစ်ပါ
ပျော်ပျော်ဖြတ်သန်းပါ
ခရီးဟာ တိုတောင်းလှချည်ရဲ့
ညီမလေးရေ
မင့်ဟာ ခေါက်သိမ်းလို့မရတဲ့နတ်သမီးဖြစ်တယ်
မပြီးဆုံးသေးတဲ့စာပိုဒ်လေးထဲ
ညီမလေးအပြုံးထည့်ထားတယ်
မပြည့်စုံတဲ့ဝါကျတွေထဲ
ညီမလေးနှုတ်ခမ်းစူစူလေးထည့်ထားတယ်
ညီမလေးရယ်
လူကြီးမလေးရယ်
ကိုယ့်အသံဟာ မင့်ဆီမှာတိမ်ဝင်နေရဲ့ ။
{ 2 }
နားညည်းလိုက်တာ လို့ပြောတိုင်း
ကိုယ့်ရင်ဘတ်ဟာချိနဲ့နေတယ်
မျက်ရည်တစ်ကမ်း အလွမ်းတစ်ခန်းဟာ
ကိုယ်တို့အချစ်သက်သေတွေလေ
လူကြီးမလေးရဲ့
ကြယ်ကလေးတွေအိပ်တန်းတက်လုချိန်
ကိုယ့်မှာအလွမ်းတွေနဲ့ခမ်းနားလို့
တုန်လှုပ်နေတဲ့ခြေထောက်တွေလူးလားခေါက်တုန်
သူမ မုန်းမှာ စိုးထိတ်သတဲ့လေ
မိုးတိတ်ချိန်ကိုစောင့်နေတဲ့ပုရွက်ဆိတ်ကလေးလို
အိပ်မက်အကြီးကြီးမက်ထားသူပါ
လူကြီးမလေးမျက်ရည်တွေနဲ့
တောင်ပို့ထဲမဝင်နိုင်တဲ့ ခြသူငယ်ပါ
တိမ်ရောင်တိမ်လိပ်တို့ဆော့ကစားချိန်
မိုးသည်းထဲကထိတ်လန့်နေကြောင်းကိုတော့
ဘယ်သူမှမသိလည်း ဆုတောင်းနေမိတယ်
နေကောင်းထိုင်သာရှိပါစေ
လူကြီးမလေးရေ
ဖတ်စာထဲမပါတဲ့
ငါ့ချစ်ခြင်းဟာ
ဟော့ဒီစာသားတွေသာဖတ်ကြည့်ကွဲ့
ဘာသာမပြန်တတ်တဲ့ယုန်ကလေးဟာ
ကိုယ်သာဖြစ်ကြောင်းကိုတော့
စာသားထဲမဝင်ခဲ့တဲ့မျက်ရည်တွေလေ ချစ်
စိတ်ကောက်ခြင်းဟာအသက်ရှည်သတဲ့
များများစိတ်ကောက်ပါ
များများချစ်စိတ်မွေးပါ
ကိုယ့်အသက်ဟာ မင့်တိုင်းပြည်ဖြစ်ကြောင်း
ဟော့ဒီလိုချရေးလိုက်ရတာပါ
မျက်ရည်တိတ်လို့အိပ်ပျော်ပါစေကွယ် ။
{ ၃ }
မုန်းတယ်တဲ့
တိမ်တွေငိုပွဲမှာ ငြိမ်သက်ခဲ့
လေပြင်းတွေအထဲ သူမ ချမ်းစိမ့်နေမလားလို့
စိုးရိမ်စိတ်နဲ့သိမ်းထုပ်ခဲ့
စီးကရက်တွေသိပ်ကုန်တာပဲ
သူမကိုမပြောဖြစ်ခဲ့ပါ
မျက်ရည်အလွင့်မှာတရားဓမ္မတီးလုံးစတယ်
မိုးခြိမ်းသံအထဲ ကိုယ်ခေါင်းငုံ့ထားပါတယ်
ငါခိုက်တဲ့အရိပ်ကလေးအငွေ့မပျယ်ပါစေကြောင်း
ဆုတောင်းထဲထည့်မေတ္တာပို့ဖြစ်တယ်
ကိုယ့်ရဲ့အမှန်တရားမလေးရေ
အရာရာမသေချာဘူးလို့နားလည်တတ်တဲ့ကိုယ့်မှာ
နားမလည်တတ်တဲ့မျက်ရည်တွေနဲ့
နားမလည်တတ်တဲ့အလွမ်းတွေ
ပြီးတော့
နားမလည်းတတ်ဘဲ ဥသြသံကိုနားထောင်နေမိတယ်
အလွမ်းတေးတဲ့
သူလည်းအဖော်မဲ့သွားလို့နေမှာပါလေ ။
{ ၄ }
အချစ်ကို ချစ်တယ်လို့ပြောတော့
နားမကြားဘူးတဲ့
လွမ်းလိုက်တာဆိုတဲ့အသံ
မင့်ဆီလှမ်းပို့တော့
နားကန်းသွားပြီတဲ့
ဟုတ်တယ်
တကယ်ဆိုအချစ်ဟာ
အကုန်ကန်းမှပွင့်တဲ့ပန်းပဲ
အကန်းကုန်တဲ့အခါ
လန်းတဲ့အပင်ပဲ
ဘယ်လိုအကန်းတွေလဲ
ဘယ်လိုအကန်းကုန်ကြမလဲ
သဝန်တိုခြင်းမှာလဲ အလှတရားရှိတယ်ကွဲ့
လူကြီးမလေးရဲ့
မင်း
ပုဇင်းရင်ကွဲတေးလေးတွေကိုနားထောင်ပါ
ကိုယ့်ကိုလည်း ကိုယ်ချင်းစာပါ
အချစ်ဆိုတာ ချစ်မှလှတဲ့တရားလေ
စာကလေးတွေရဲ့ ကျလိကျလိအသံလေးတွေ
ကိုယ့်နားထဲတိုးဝင်လာတယ်
မင့်အသံလားလို့ကွယ်
ကိုယ့်မှာ အလန့်တကြား ။
{ ၅ }
အထင်လွဲမှုရဲ့နိဂုံးတိုင်း
မလှပတတ်တာသိရဲ့သားနဲ့
လူကြီးမလေးရယ်
ဒီမှာ အိပ်မက်တွေ အချိတ်အဆက်မမိဖြစ်ပေါ့
ညဥ့်ငှက်သံတွေနဲ့အဖော်ပြုနေတဲ့ညတွေ
မျက်လုံးတွေ သိပ်ဈေးစစ်တာပဲ
ခုတော့
အိပ်ပျက်ညတွေများပေါ့
သံစဉ်တွေ
အလွမ်းကိုဖက် အိပ်ငိုက်ကြပေါ့
လွမ်းတယ်
စိတ်မပျက်လိုက်ပါနဲ့
စိတ်
မပျက်လိုက်ပါနဲ့
မျက်စိတွေလဲပေကလပ်ပေကလပ်ဖြစ်နေပြီ
အလွမ်းတွေလဲဆိပ်ကမ်းမဲ့နေပြီ
ချစ်ရေ
လူကြီမလေးရေ
ခေါ်သံတွေအထဲအလွမ်းတွေထည့်ထားပါတယ်ကွယ်
မင်းဆိပ်ကမ်းဟာ ငါ့အသက်ပါပဲ ။
{ ၆ }
လေပြေလေညှင်းဟာ ပျင်းရိလေးကန်လို့
ပူပြင်းတဲ့ရာသီဥတုကိုသောက်ချနေတယ်
သန်းဝေနေတဲ့အလွမ်းတမ်းချင်းတွေဟာ
စိတ်ဖတ်စာမျက်နှာတွေပါပဲ
လမ်းတွေဟာ
လူသားတွေကိုငတ်သတဲ့
ငြိမ်ချမ်းရေးဟာလည်း
လူသားတွေပြန်ငတ်တဲ့စာမျက်နှာပဲ
လူကြီးမလေးရေ
သက်ပြင်းတွေခိုးသောက်ရတဲ့တိမ်တွေထဲ
ကိုယ်ဟာ အသက်ရှင်သူပါ
လမ်းလျှောက်နေတဲ့ခြေထောက်တွေကလဲ
ကိုယ့်ရဲ့အိမ်ပါ
အိမ်ပြေးတစ်ယောက်ရဲ့အတ္ထုပ္ပတ္တိတွေထဲ
သိမ်ငယ်မှုတွေကိုအိပ်ဆေးတိုက်ပစ်ခဲ့တယ်
လွမ်းတယ်ကွယ် ။
{ ၇ }
သက်ရှိအနွေးထည်လေးဟာ
လူကြီးမလေးဖြစ်တယ်
အိပ်မက်ထဲဇောက်ထိုးကျတဲ့ပြဇာတ်မှာ
ထမင်းလုံးတစ္ဆေတွေက
ငါ့ကိုဟာသလာပြောတယ်
အချစ်ကချစ်နေဖို့သာအဓိကပဲမဟုတ်လား
နေရောင်ခြည်ထဲပါလာတဲ့
မြူမှုံလေးတွေသတိထားမိသလိုရှိတဲ့အခါ
ကိုယ့်ကိုအဲဒီလိုသတိရပါ
ပျောက်ကွယ်ပျက်လွယ်ရှိတဲ့တိမ်တွေထဲ
ကိုယ်ကလူဖြစ်လာသူပါ
သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးနေပါ
အသိပညာတွေကိုချစ်ပါ
ချစ်ခြင်းမေတ္တာအကြောင်းတွေးတဲ့အခါ
ကိုယ်တို့ဟာဆုံရန်ခက်တဲ့မျဉ်းကလေးတွေပါပဲ
လူကြီးမလေးရေ
တိမ်တောက်ချိန်မဟုတ်တဲ့ဆောင်းရာသီမှာ
သက်ရှိခြုံစောင်တစ်ထည်ဟာ မင်းသာဖြစ်တယ်
စိတ်နဲ့ချိတ်လို့ရတဲ့ချိတ်ကလေးဟာ မင်းသာဖြစ်တယ်
ဆီမီးတိုင်ကလေးထွန်းညှိမယ်
အရှိန်ကုန်သွားတဲ့အထိအတူတူငေးချင်မိတော့တာပါပဲ ။
{ ၈ }
ကြွေကျလာတဲ့ခရေပန်းကလေးတွေမှာ
အငွေ့ပျံနေတဲ့အလွမ်းတွေပါတယ်
နိမိတ်ဆိုးတွေနဲ့ကမ္ဘာလောကမှာ
မင့်ဟာ ကိုယ့်နိမိတ်ကလေးပါပဲ
အဲဒီနိမိတ်ရဲ့ဝိညာဉ်ဟာ
ကိုယ်ဖြစ်ရဲ့
အိမ်မြောင်စုတ်ထိုးတဲ့အခန်းလေးထဲမှာ
လာဘ်တိတ်နေတဲ့သူတစ်ယောက်ရှိတယ်
မလိုအပ်ဘူးလို့ယူဆမိတဲ့လိုအပ်မှုတွေပါ
ငိုစရာရှိရင်လည်းတိတိကျကျငိုပစ်ဖို့အသင့်ပဲ
မာယာတွေမလွှမ်းခြုံတတ်သူလေ
အချစ်ဦးတို့ကမ္ပည်းကျောက်စာမှာ
လူကြီးမလေးတစ်ယောက်ရှိတယ်
တိတိကျကျချစ်ခဲ့တာပါချစ်ရယ်
ကမ္ဘာမြေကြီးဟာတည်ငြိမ်လို့
ငေးမိတဲ့ရေပြင်ကလည်းတည်ငြိမ်လို့
ဘာမှစကားမဆိုဖြစ်ခဲ့တာကလည်း
မင့်အသံဟာ ကိုယ့်ရင်ဘတ်ဖြစ်လို့ပါပဲ
တကယ်ပါ
တကယ်တော့စကားလုံးပါမဲ့ခဲ့သူပါလေ ။
{ ၉ }
မင်းစိတ်ကောက်တဲ့အခါ
မင့်အသံလေးကအစ မျက်နှာပေါ်မှည့်ကလေးအဆုံး
အိပ်မက်ထဲထိစိုးမိုးလွန်းတယ်
ဘာကိုလဲလို့မတွေးဖြစ်ဘဲ
စိတ်အေးကြည်သာဖြစ်စေလိုခြင်းပါပဲ
မင်းစိတ်ကောက်တဲ့အခါ
အိမ်ဘေးကနှင်းဆီပန်းရုံကတောင်
ရနံ့မထုတ်လွှင့်တော့သလို
တိတ်ဆိတ်ငြိမ်သက်လို့
မင်းစိတ်ကောက်တဲ့အခါ
ညမှာသာနေတဲ့လမင်းကြီးလည်း
ကိုယ့်ရဲ့ခေါင်းငိုက်စိုက်ဖြစ်ပုံနဲ့
သူလည်းအထီးကျန်လို့
ကြယ်ကလေးတွေရဲ့ပုံပြင်ထဲမှာ
လူကြီးမလေးအကြောင်း
တစ်ခုတ်တရပြောနေကြသတဲ့
ကိုယ်ကတော့
မင်းစိတ်ကောက်ပုံမှာ
အတုံးအရုံးလဲပြိုလို့
သဘာဝတရားရဲ့သေချာတဲ့အကြောင်းတရားမှာ
မင်းဟာ
ကိုယ့်ရဲ့သေချာခြင်းတစ်ခုဖြစ်လေရဲ့ ။
မောင်ရေခဲ
{ 12/3/2017 - မှ - 20/11/2017 ထိ }
ဟင်းနော် ... လို့ ပြောရုံးရှိသေး
ကိုယ့်နွေရွက်တွေက ကြွေလုလု
ကယုကယင်ဖြစ်နေတဲ့စိတ်သွားလေးတွေ
မင့်အပြုံးမှာအသက်ဝင်တယ်
လူကြီးမလေးတစ်ယောက်လို
မှာတမ်းရှည်ဖတ်တဲ့အခါ
နားစိုက်စိုက်ထောင်ထားရတယ်
ကိုယ့်မြေမှာလင်းတဲ့ကြယ်ကလေး
အသက်တမျှလင်းလက်ပါစေလို့ပဲ
အကြိမ်ကြိမ်ဆုချွေလို့
ခူးမိတဲ့အချစ်တိုင်း လွမ်းစဖွယ်
ကျနော့်မှာ အိပ်မက်တစ်ခုရှိရဲ့
ထိုအိပ်မက်မှာ လူကြီးမလေးဝိညာဉ်ရှိရဲ့
မနက်လင်းတိုင်းသစ်တဲ့ရေမှာ
ညီမလေးမျက်နှာရှိတယ်ကွဲ့
လူကြီးမလေးရဲ့
အိပ်မရခြင်းတွေပွေ့ပိုက်လို့
ညဥ့်ဟာနက်သည်ထက်နက်လာပြီ
သိပ်လွမ်းကြောင်းပြောဖို့
မျက်လုံးဟာအိပ်တန်းမတက်နိုင်ဘူး
လူကြီးမလေးရေ
ငြိမ်းချမ်းကြည်သာချမ်းမြပါစေ
ငါမရှိတော့တဲ့အခါ
မင်းအပြုံးတွေလှပစေချင်ရဲ့
ဘဝနှစ်ခု အိပ်မက်နှစ်ခု
တယုတယမွေးယူထားတဲ့ချစ်ခြင်းနှစ်ခု
နေမကောင်းဖြစ်လာတဲ့အခါ
နဖူးပေါ်က ဆံစတွေငိုကြွေးနေကြလိမ့်မယ်
နေရောင်သာတဲ့ရောင်ခြည်ဦးတွေ
လူကြီးမလေးဆီ တိုက်ရိုက်ကျရောက်ပါစေ
ပန်းပွင့်ဟာ သူမမြင်လိုက်ရမှီ
ပါသွားတဲ့ဝတ်မှုံကိုချစ်သလို
အချစ်တွေရှိရဲ့
ဆည်းဆာဟာ ငါ့ကိုငေးနေတယ်ကွဲ့
လူကြီးမလေးရဲ့
တိမ်တွေဟာ
ငှက်အတောင်ကိုဖြတ်တိုက်နေတယ်
ကိုယ့်မှာ ငှက်ကလေးများအနာတရဖြစ်လေမလား
တွေးစိတ်နဲ့စိတ်တွေပူလို့
ရာသီဥတုတွေထိနာဖျားတယ်
လူကြီးမလေးရယ်
ဒုက္ခတရားတွေထိတွေလာတဲ့အခါ
မြက်ပင်ရိုင်းတွေအောက်မခိုလှုံပါနဲ့
ရိုးတံနဲ့လုံခြုံမှုမညီမျှတဲ့အခါ
ရင်မချိသူဟာ ငါ ဖြစ်ရဲ့
နာလိုခံခက်တဲ့လေတိုက်နှုံးဟာ
ဝန်းကျင်နဲ့ထိစပ်သူတိုင်းရဲ့ဖတ်စာပဲ
စာများများကျက်နော်ညီမလေး
ဘဝကျောင်းမှာသင်ရိုးမရှိတော့
စာကျက်ဖော်အဖြစ်ကိုယ်ရှိချင်တယ်
ညီမလေးရေ
ယဉ်းကျေးမှုတွေကရိုးရာတွေပျက်တဲ့နေ့
တိမ်ဟာ အိပ်မက်ကိုဖောက်သတဲ့
အိပ်မက်မက်နေကြောင်းကို အိပ်မက်သူဟာ
ကိုယ်တိုင်ပြန်ကြည့်နေပုံများ
လိပ်ပြာအဖြစ်နဲ့ညီမလေးအနား
ဆန်းကြယ်ပုံပြင်တွေထိုင်ပြောနေမိတယ်
အနီးနားရှိခဲ့ကြသလို အဝေးမှာ
အဝေးမှာရှိကြသလို အနီးမှာ
လူသတ္တဝါတို့ခရီးတိုင်းဖြတ်ရတဲ့မိုင်တိုင်တွေ
အကုန်လွန်လာတဲ့အခါ
ငါကိုချစ်ပါ
ပျော်ပျော်ဖြတ်သန်းပါ
ခရီးဟာ တိုတောင်းလှချည်ရဲ့
ညီမလေးရေ
မင့်ဟာ ခေါက်သိမ်းလို့မရတဲ့နတ်သမီးဖြစ်တယ်
မပြီးဆုံးသေးတဲ့စာပိုဒ်လေးထဲ
ညီမလေးအပြုံးထည့်ထားတယ်
မပြည့်စုံတဲ့ဝါကျတွေထဲ
ညီမလေးနှုတ်ခမ်းစူစူလေးထည့်ထားတယ်
ညီမလေးရယ်
လူကြီးမလေးရယ်
ကိုယ့်အသံဟာ မင့်ဆီမှာတိမ်ဝင်နေရဲ့ ။
{ 2 }
နားညည်းလိုက်တာ လို့ပြောတိုင်း
ကိုယ့်ရင်ဘတ်ဟာချိနဲ့နေတယ်
မျက်ရည်တစ်ကမ်း အလွမ်းတစ်ခန်းဟာ
ကိုယ်တို့အချစ်သက်သေတွေလေ
လူကြီးမလေးရဲ့
ကြယ်ကလေးတွေအိပ်တန်းတက်လုချိန်
ကိုယ့်မှာအလွမ်းတွေနဲ့ခမ်းနားလို့
တုန်လှုပ်နေတဲ့ခြေထောက်တွေလူးလားခေါက်တုန်
သူမ မုန်းမှာ စိုးထိတ်သတဲ့လေ
မိုးတိတ်ချိန်ကိုစောင့်နေတဲ့ပုရွက်ဆိတ်ကလေးလို
အိပ်မက်အကြီးကြီးမက်ထားသူပါ
လူကြီးမလေးမျက်ရည်တွေနဲ့
တောင်ပို့ထဲမဝင်နိုင်တဲ့ ခြသူငယ်ပါ
တိမ်ရောင်တိမ်လိပ်တို့ဆော့ကစားချိန်
မိုးသည်းထဲကထိတ်လန့်နေကြောင်းကိုတော့
ဘယ်သူမှမသိလည်း ဆုတောင်းနေမိတယ်
နေကောင်းထိုင်သာရှိပါစေ
လူကြီးမလေးရေ
ဖတ်စာထဲမပါတဲ့
ငါ့ချစ်ခြင်းဟာ
ဟော့ဒီစာသားတွေသာဖတ်ကြည့်ကွဲ့
ဘာသာမပြန်တတ်တဲ့ယုန်ကလေးဟာ
ကိုယ်သာဖြစ်ကြောင်းကိုတော့
စာသားထဲမဝင်ခဲ့တဲ့မျက်ရည်တွေလေ ချစ်
စိတ်ကောက်ခြင်းဟာအသက်ရှည်သတဲ့
များများစိတ်ကောက်ပါ
များများချစ်စိတ်မွေးပါ
ကိုယ့်အသက်ဟာ မင့်တိုင်းပြည်ဖြစ်ကြောင်း
ဟော့ဒီလိုချရေးလိုက်ရတာပါ
မျက်ရည်တိတ်လို့အိပ်ပျော်ပါစေကွယ် ။
{ ၃ }
မုန်းတယ်တဲ့
တိမ်တွေငိုပွဲမှာ ငြိမ်သက်ခဲ့
လေပြင်းတွေအထဲ သူမ ချမ်းစိမ့်နေမလားလို့
စိုးရိမ်စိတ်နဲ့သိမ်းထုပ်ခဲ့
စီးကရက်တွေသိပ်ကုန်တာပဲ
သူမကိုမပြောဖြစ်ခဲ့ပါ
မျက်ရည်အလွင့်မှာတရားဓမ္မတီးလုံးစတယ်
မိုးခြိမ်းသံအထဲ ကိုယ်ခေါင်းငုံ့ထားပါတယ်
ငါခိုက်တဲ့အရိပ်ကလေးအငွေ့မပျယ်ပါစေကြောင်း
ဆုတောင်းထဲထည့်မေတ္တာပို့ဖြစ်တယ်
ကိုယ့်ရဲ့အမှန်တရားမလေးရေ
အရာရာမသေချာဘူးလို့နားလည်တတ်တဲ့ကိုယ့်မှာ
နားမလည်တတ်တဲ့မျက်ရည်တွေနဲ့
နားမလည်တတ်တဲ့အလွမ်းတွေ
ပြီးတော့
နားမလည်းတတ်ဘဲ ဥသြသံကိုနားထောင်နေမိတယ်
အလွမ်းတေးတဲ့
သူလည်းအဖော်မဲ့သွားလို့နေမှာပါလေ ။
{ ၄ }
အချစ်ကို ချစ်တယ်လို့ပြောတော့
နားမကြားဘူးတဲ့
လွမ်းလိုက်တာဆိုတဲ့အသံ
မင့်ဆီလှမ်းပို့တော့
နားကန်းသွားပြီတဲ့
ဟုတ်တယ်
တကယ်ဆိုအချစ်ဟာ
အကုန်ကန်းမှပွင့်တဲ့ပန်းပဲ
အကန်းကုန်တဲ့အခါ
လန်းတဲ့အပင်ပဲ
ဘယ်လိုအကန်းတွေလဲ
ဘယ်လိုအကန်းကုန်ကြမလဲ
သဝန်တိုခြင်းမှာလဲ အလှတရားရှိတယ်ကွဲ့
လူကြီးမလေးရဲ့
မင်း
ပုဇင်းရင်ကွဲတေးလေးတွေကိုနားထောင်ပါ
ကိုယ့်ကိုလည်း ကိုယ်ချင်းစာပါ
အချစ်ဆိုတာ ချစ်မှလှတဲ့တရားလေ
စာကလေးတွေရဲ့ ကျလိကျလိအသံလေးတွေ
ကိုယ့်နားထဲတိုးဝင်လာတယ်
မင့်အသံလားလို့ကွယ်
ကိုယ့်မှာ အလန့်တကြား ။
{ ၅ }
အထင်လွဲမှုရဲ့နိဂုံးတိုင်း
မလှပတတ်တာသိရဲ့သားနဲ့
လူကြီးမလေးရယ်
ဒီမှာ အိပ်မက်တွေ အချိတ်အဆက်မမိဖြစ်ပေါ့
ညဥ့်ငှက်သံတွေနဲ့အဖော်ပြုနေတဲ့ညတွေ
မျက်လုံးတွေ သိပ်ဈေးစစ်တာပဲ
ခုတော့
အိပ်ပျက်ညတွေများပေါ့
သံစဉ်တွေ
အလွမ်းကိုဖက် အိပ်ငိုက်ကြပေါ့
လွမ်းတယ်
စိတ်မပျက်လိုက်ပါနဲ့
စိတ်
မပျက်လိုက်ပါနဲ့
မျက်စိတွေလဲပေကလပ်ပေကလပ်ဖြစ်နေပြီ
အလွမ်းတွေလဲဆိပ်ကမ်းမဲ့နေပြီ
ချစ်ရေ
လူကြီမလေးရေ
ခေါ်သံတွေအထဲအလွမ်းတွေထည့်ထားပါတယ်ကွယ်
မင်းဆိပ်ကမ်းဟာ ငါ့အသက်ပါပဲ ။
{ ၆ }
လေပြေလေညှင်းဟာ ပျင်းရိလေးကန်လို့
ပူပြင်းတဲ့ရာသီဥတုကိုသောက်ချနေတယ်
သန်းဝေနေတဲ့အလွမ်းတမ်းချင်းတွေဟာ
စိတ်ဖတ်စာမျက်နှာတွေပါပဲ
လမ်းတွေဟာ
လူသားတွေကိုငတ်သတဲ့
ငြိမ်ချမ်းရေးဟာလည်း
လူသားတွေပြန်ငတ်တဲ့စာမျက်နှာပဲ
လူကြီးမလေးရေ
သက်ပြင်းတွေခိုးသောက်ရတဲ့တိမ်တွေထဲ
ကိုယ်ဟာ အသက်ရှင်သူပါ
လမ်းလျှောက်နေတဲ့ခြေထောက်တွေကလဲ
ကိုယ့်ရဲ့အိမ်ပါ
အိမ်ပြေးတစ်ယောက်ရဲ့အတ္ထုပ္ပတ္တိတွေထဲ
သိမ်ငယ်မှုတွေကိုအိပ်ဆေးတိုက်ပစ်ခဲ့တယ်
လွမ်းတယ်ကွယ် ။
{ ၇ }
သက်ရှိအနွေးထည်လေးဟာ
လူကြီးမလေးဖြစ်တယ်
အိပ်မက်ထဲဇောက်ထိုးကျတဲ့ပြဇာတ်မှာ
ထမင်းလုံးတစ္ဆေတွေက
ငါ့ကိုဟာသလာပြောတယ်
အချစ်ကချစ်နေဖို့သာအဓိကပဲမဟုတ်လား
နေရောင်ခြည်ထဲပါလာတဲ့
မြူမှုံလေးတွေသတိထားမိသလိုရှိတဲ့အခါ
ကိုယ့်ကိုအဲဒီလိုသတိရပါ
ပျောက်ကွယ်ပျက်လွယ်ရှိတဲ့တိမ်တွေထဲ
ကိုယ်ကလူဖြစ်လာသူပါ
သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးနေပါ
အသိပညာတွေကိုချစ်ပါ
ချစ်ခြင်းမေတ္တာအကြောင်းတွေးတဲ့အခါ
ကိုယ်တို့ဟာဆုံရန်ခက်တဲ့မျဉ်းကလေးတွေပါပဲ
လူကြီးမလေးရေ
တိမ်တောက်ချိန်မဟုတ်တဲ့ဆောင်းရာသီမှာ
သက်ရှိခြုံစောင်တစ်ထည်ဟာ မင်းသာဖြစ်တယ်
စိတ်နဲ့ချိတ်လို့ရတဲ့ချိတ်ကလေးဟာ မင်းသာဖြစ်တယ်
ဆီမီးတိုင်ကလေးထွန်းညှိမယ်
အရှိန်ကုန်သွားတဲ့အထိအတူတူငေးချင်မိတော့တာပါပဲ ။
{ ၈ }
ကြွေကျလာတဲ့ခရေပန်းကလေးတွေမှာ
အငွေ့ပျံနေတဲ့အလွမ်းတွေပါတယ်
နိမိတ်ဆိုးတွေနဲ့ကမ္ဘာလောကမှာ
မင့်ဟာ ကိုယ့်နိမိတ်ကလေးပါပဲ
အဲဒီနိမိတ်ရဲ့ဝိညာဉ်ဟာ
ကိုယ်ဖြစ်ရဲ့
အိမ်မြောင်စုတ်ထိုးတဲ့အခန်းလေးထဲမှာ
လာဘ်တိတ်နေတဲ့သူတစ်ယောက်ရှိတယ်
မလိုအပ်ဘူးလို့ယူဆမိတဲ့လိုအပ်မှုတွေပါ
ငိုစရာရှိရင်လည်းတိတိကျကျငိုပစ်ဖို့အသင့်ပဲ
မာယာတွေမလွှမ်းခြုံတတ်သူလေ
အချစ်ဦးတို့ကမ္ပည်းကျောက်စာမှာ
လူကြီးမလေးတစ်ယောက်ရှိတယ်
တိတိကျကျချစ်ခဲ့တာပါချစ်ရယ်
ကမ္ဘာမြေကြီးဟာတည်ငြိမ်လို့
ငေးမိတဲ့ရေပြင်ကလည်းတည်ငြိမ်လို့
ဘာမှစကားမဆိုဖြစ်ခဲ့တာကလည်း
မင့်အသံဟာ ကိုယ့်ရင်ဘတ်ဖြစ်လို့ပါပဲ
တကယ်ပါ
တကယ်တော့စကားလုံးပါမဲ့ခဲ့သူပါလေ ။
{ ၉ }
မင်းစိတ်ကောက်တဲ့အခါ
မင့်အသံလေးကအစ မျက်နှာပေါ်မှည့်ကလေးအဆုံး
အိပ်မက်ထဲထိစိုးမိုးလွန်းတယ်
ဘာကိုလဲလို့မတွေးဖြစ်ဘဲ
စိတ်အေးကြည်သာဖြစ်စေလိုခြင်းပါပဲ
မင်းစိတ်ကောက်တဲ့အခါ
အိမ်ဘေးကနှင်းဆီပန်းရုံကတောင်
ရနံ့မထုတ်လွှင့်တော့သလို
တိတ်ဆိတ်ငြိမ်သက်လို့
မင်းစိတ်ကောက်တဲ့အခါ
ညမှာသာနေတဲ့လမင်းကြီးလည်း
ကိုယ့်ရဲ့ခေါင်းငိုက်စိုက်ဖြစ်ပုံနဲ့
သူလည်းအထီးကျန်လို့
ကြယ်ကလေးတွေရဲ့ပုံပြင်ထဲမှာ
လူကြီးမလေးအကြောင်း
တစ်ခုတ်တရပြောနေကြသတဲ့
ကိုယ်ကတော့
မင်းစိတ်ကောက်ပုံမှာ
အတုံးအရုံးလဲပြိုလို့
သဘာဝတရားရဲ့သေချာတဲ့အကြောင်းတရားမှာ
မင်းဟာ
ကိုယ့်ရဲ့သေချာခြင်းတစ်ခုဖြစ်လေရဲ့ ။
မောင်ရေခဲ
{ 12/3/2017 - မှ - 20/11/2017 ထိ }
No comments:
Post a Comment