Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Tuesday, May 12, 2026

တဆစ်ချိုးအလွမ်း

နတ်ဆိုးတွေရဲ့ကျိန်စာနဲ့အတူအလိုလျောက်အသက်မဲ့ခဲ့တဲ့မျှော်လင့်ချက်..,.ဘဝ.,.အချစ်..,
အရာအားလုံးဟာ..ဆည်းဆာချိန်မှာလှပတဲ့နေမင်းကြီးလိုပါပဲ။
အလင်းရောင်တပ်သားတို့တပ်ခေါက်ကုန်ကြပြီလေ...
ရုပ်ကြွင်းတွေရဲ့နာခိုရာ...အသက်မဲအရာတို့ရဲ့စုဝေးရာ ....
ပြီးတော့ အုတ္ဂူတစ္လုံး...သူငေးကြည့်နေခဲ့မိတယ်...ပါးစပ်ကလည်းဖွင့်ဟပြော လျက်........... " ဘော်ဒါညီလေး....ပျော်ပျော်ရွှင်ရွှင်အိပ်စက်အနားယူပါတော့....
အချစ်...ဘဝ...မျှော်လင့်ချက်...တွေကြားမှာဗျာများခဲရတဲ့ဘော်ဒါညီလေး...
မင်းအတွက်..နောက်ဘဝဆိုတာရှိခဲ့ရင် ငြိမ်းချမ်းမှု့..မျှော်လင့်ချက်တွေနဲ့ပြည်စုံတဲ့အချစ်တွေ ရယူပိုင်ဆိုင်နို်င်ပါစေ " တစ်ခုတော့ရှိတာပေါ့ကွာ..လက်မပြ နှုတ်မဆက်ဘဲ မင်းထွက်ခွါသွားတာကတော့ဆိုးလွန်းလှပါတယ် မင်းအတွက် "ပူလောင်ပါတယ်လို့လူတွေသတ်မှတ်တဲ့မီးတွေကဒီတစ်ခါတော့ မင်းကိုအေးမြစေမှာပါ "
တခမ်းတနား ချစ်ခွင့်မရှိခဲ့တဲ့ ဘော်ဒါညီလေးအတွက် တခမ်းတနားတော့ ကြေကွဲခဲ့ရတာပဲလေ။
 နောက်ဆုံး..မင်းရဲ့ကောင်မလေးကအစပေါ့ကွာ...အချစ်ဆိုတာမယုံကြည်တဲ့ငါကအဆုံးပေါ့
အားလုံးကြေကွဲဝမ်းနည်းခဲ့ရတယ်။ တစ်ခါတစ်ခါအချစ်ဆိုတာရွှေးချယ်ခွင့်မရှိဘူးဆိုတာ မင်းနားလည်သွား လောက်ပါတယ် ။
 ဒီလို အချစ်နဲ့ဘဝ အတွက် ရွှေးချယ်ရသလိုမျိုး နောင်ဘယ်ဘဝမှမရွှေးချယ်ရပါစေနဲ့ အရာရာအဆင်ပြေတဲ့ အချစ်နဲ့ဘဝဒွန်တွဲကာပိုင်ဆိုင်နိုင်ပါစေ " ..ဘော်ဒါလေး ရေ..ကံကြမ္မာကိုငါ အယုံအကြည်မမဲ့ရဲတော့ပါဘူးကွာ .." " ဘော်ဒါလေး...မင်းကိုအမြဲမဟုတ်တောင်မကြာခဏအမှတ်ရနေမှာပါအချစ်အတွက်မင်းရဲ့
 ပေးဆပ်မှု့ကိုတော့ငါဂုဏ်မပြုနိုင်ဘူးကွာ..ဘဝရဲ့အစိတ်အပိုင်းထဲကအပိုင်းအစတစ်ခုဖြစ်တဲ့အချစ်ဆိုတာ
ငါအတွက်တော့ပုံပြင်တစ်ပုဒ် သာသာပါပဲကြာ " ။။ ထားပါတော့ .. ငါ့အတ္တတွေနဲ့ ရေးထားတဲ့ဒီစာတွေဟာကာရံမညီဘူးဆိုတာ သိပါတယ်ဘော်ဒါလေးအနေနဲ့သဘောထားကွဲ လွဲခွင့်ရှိပါတယ်...........
" ဘော်ဒါလေးဆန္ဒနဲ ့လက်တွေ့ကာလမှာမညီညွတ်တဲ့ ဘော်ဒါလေးအတွက်အသက်ကိုပိုးဖလံ
တစ်ကောင်ရဲ့ဘဝလို , စေတးခဲ့တာဟာ..ငါတို့ဝန်း ကျင်မှာ အကြေကွဲ ရဆုံးက မင်းရဲ့ မားသားကြီးပဲ
မင်းကိုတမ်းတနေတဲ့ ,မင်းဆန္ဒကိုမသိတဲ့ ,မင်းအမေအတွက် ငါစိတ်မကောင်းဘူး ။
ငါ့အေမ လိုစိတ်မျိုးနဲ့ဆို မင်းတို့နှစ်ယောက်သေကွဲမကွဲ နိုင်ဘူးလို့ ငါထင်တယ်ကွာ..... ဒါကလည်းငါ့ အထင်ပဲလေ...
မိဘဆိုတာ......(ဟဲ...ဟဲ)
သားသမီးတွေအတွက် အကောင်းဆုံးတွေပဲ ပေးချင်တာလေ (...ဒါနဲ့မင်းကောင်မလေးကတော့ တော်တော် ချောတယ်နော်....ဒါနဲ့များကွာဆင်းရဲတာကတော့ဘဝကံလို့
ပြောရမှာပေါ့).........
မင်းမားသားနဲ့ဖားသားကြီးကတော့မင်းကိုအတော်ချစ်တာပါပြောစရာရှိတာ တစ္ခုပဲ
မင်းအပေါ်စိုးရိမ်လွန်ကဲတာပဲ ။ ဒီလိုလွန်ကဲတဲ့ အထဲက ဖြစ်ပျက်သွားခဲ့တဲ့ မင်းရဲ့ "အချစ်အတွက်အသက်တစ်ချောင်း...အရိုးဆွေးတဲ့အထိပေါင်းဖက်ချင်တဲ့မင်းဆန္ဒတွေ........
သေကောင်ပေါင်းလည်း ချစ်သူနဲ့နေချင်တဲ့ မင်းရဲ့စိတ်တွေ ............. အရာအားလုံးမျပီးဆုံး သေးခင် မင်းဘဝကတော့ နေဝင်သွားခဲ့ပြီ...ပြဿနာတစ်ခုဆိုတာ..ဘဝတစ်ခုနေဝင်ရုံနဲ့ပြီးပျက်သွားတာ မွ မဟုတ္တာ မင်းကတော့ ငြိမ်းချမ်းစွာ အိပ်စက်သွားပေမယ့်မင်း ခ်စ္ခ်စ္ကေတာ့ တစ်ယောက်ထဲပြဿနာအားလုံး ရင်စည်းခံ ဖြေရှင်းနေရလေရဲ့ ။ မင်းမားသား ကြီးရဲ့စကားသံတွေ မင်းဆွေမျိုးတွေရဲ့ ကဲ့ရဲသံတွေ အားလုံးကိုခံရတာလေ
"ငါ့သားကိုသတ်တာနင် "ဆိုတဲ့အသံတွေ ...
"ငါ့သူငယ်ချင်းကို သတ်တာနင်...." ဆိုတဲ့ အသံတွေ................
အပြစ်တင်သံတွေ .............. .
ရေရွတ်သံတွေ.................
မိန်းမသားတစ်ယောက် ခံနိုင်ရည် မဲ့လောက်တဲ့စကားလုံးတွေနဲ့ပေါ့ကွာ....
အဲဒီ ရောက်မှ လောကဓံဆိုတာ ....ဒါပါလားလို့တွေးမိတယ် ။ မင်းရဲ့ ချစ်ချစ်ကိုလည်း လေးစားမိတယ် ဘဝကို ဒေါင်ကျကျပြားကျကျ နေတတ်တဲ့ မင်းချစ်ချစ်ရဲ့စိတ်ဓာတ်ကိုတော့ အလေးပြုမိတယ် ။
"ငါဆိုရင်ရော သူမလို ကြုံတွေ့ခဲ့ရင် အချစ်နဲ့ သေကွဲ ကွဲခဲ့ရင်....
မျှော်လင့်ချက်တွေမဲ့ခဲ့ရင် ဆန္ဒတွေအသက်မဲ့ခဲ့ရင်.....
ဘယ်လိုများ ဘဝကို အသက်ဆက်မှာပါလိမ့် ........" ငါ့ကိုငါတွေး နေမိတယ် ။
ဘဝရဲ့အပိုင်း အစ လောက်သာ တန်ဖို့ ရွိတဲ့ " အချစ် " အတွက် အသက် နဲ့ဘဝ ကို
ငါ ဘယ်တော့ မွ မစေတးဘူး ။
မေသခ်ာတဲ့ အလောင်း အစား တစ္ခု အတြက္လူ စေတးခဲ့ရတာ ဘယ်လောက် တောင်
ရှိနေပြီလဲ ငါတို့ ကေရာ ဘယ်လောက်များ ဘဝ အတွက် ခရီးရောက်နေပြီလဲ
ကိုယ်နေတဲ့ ဘဝကိုရော နေပျော်အောင် နေနိုင် ပြီလား ?
ကိုယ့်ကိုယ်ကို မေးကြည့်တော့ ဘာမွ ရေရေ ရာရာ မရွိ ငုံးတိတိပါပဲ.....
အိပ်ယာဝင်တေး ကို ရေးရေးလေးလေး ရွက်ကြည့်တယ် ။ ဘာမွ ရေရေ ရာရာ မရှိတဲ့နောက်မှာတော့ ငါအိပ်ပြီပေါ့ကွာ..........မင်း
ကိုသတိ မရလို့မဟုတ်ပါဘူး သတိရလွန်းတော့ လည်း ........။



 ဝန်ခံချက် ... ။

ဘဝဆိုတဲ့စာမျက်နှာကြီးတစ်ခုလုံးမှာ ....... အလွမ်းတွေနဲ့စာဖွဲ့ခဲ့ရတဲ့နေတွေဟာမနည်းမနောပါပဲ ။ အချစ်အတွက်အလွမ်းတွေ အမုန်းအတွက်အလွမ်းတွေ ပြီးတော့
သံယောဇဉ်နဲဲ့ဖွဲတည်ထားတဲ့အလွမ်းတွေပဲပေါ့ ။ ဘယ်အရာတွေမှမတည်မြဲဘူးဆိုတာသိပေမယ့် ခုထိ လွမ်းရဆဲ လွမ်းနေဆဲအကြောင်းအရာလေးတွေကိုပဲချရေးမှာပါ။
ကျနော့်ဘဝရဲဲ့အမှတ်ရစရာလေးတွေပေါ့လေ တခမ်းတနားနဲ့ ကို လွွမ်းခဲ့ရတဲ့အကြောင်းလေးပါပဲ ။
ကျနော်မှာဘော်ဒါ လို ညီလေး လို ခင်မင် သံယောဇဉ်ရှိတဲ့ ကောင်လေးသူငယ်ချင်းလေး
တစ်ယောက်ရှိခဲ့ဖူးပါတယ် ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပဲ ကိုယ့်ကိုကိုယ်သေကြောင်းကြံခဲ့တဲ့အတွက် ကျနော့်သူငယ်ချင်းဟာ ကမ်ဘာမြေပေါ်မှာခုဆို မြေမှုံတွေနဲ့ရောထွေးအိပ်ပျော်နေရော့မယ်လေ ။ တကယ်ပါ တကယ်ရင်နာခဲ့ရတဲ့အကြောင်းလေးပါပဲကျနော်ဒီအကြောင်းအရာလေးကိုစာရေးပြီးတင်ပြ ဖူးပါတယ် " ရင်ကွဲည " " ရင်ကွဲခဲ့ရတဲ့ည " "အရူးတစ်ယောက်ရဲ့ရင်ဟတ်တတ်ကွဲခန်း" အယ်ခေါင်းစဉ်လေးတွေနဲ ့စာရေးပြီတင်ဖူးပါတယ် ။ ကျနော်ခုလိုပြန်တင်ပြရတာဟာ အကြောင်းအရင်းရှိပါတယ် ကျနော့်ရဲ့ဘော်ဒါညီလေးလို အဖြစ်မျိုးနောက်နောင်ဘယ်သူမှမဖြစ်စေချင်လို့ပါဗျာ ။ ကျနော်ရဲ့ အကိုအစ္မ တွေ ညီ ညီမေတြ အချစ်အတွက်ကိုယ့်ကိုယ် မစတေးဖို့ ပြီးတော့ အချစ်အတွက်နဲ့
 မျှော်လင့်ချက်တွေ မသေဆုံးစေဖို့ ဒီစာလေးကို ကျနော့်ရဲ့ ရင်ဘတ်ကြီးနဲ့ ရင်းပြီး ပြန်ပြောင်းပြောပြ အယ်.... ရေးပြရတာပါ ။ အစ်ကို ...အစ္မ ...ညီ ...ညီမ... တို့အားလုံး ပျော်ရွှင်စရာကောင်းတဲ့အချစ်,
ဘဝ, မျှော်လင့်ချက် , တွေပိုင်ဆိုင်ပါစေ လို့ ကျနော်ဆုတောင်းလိုက်ပါတယ် ။

                                                                                          
                                                                                                                    ကိုထက်