Monday, October 8, 2012

အဖေ တစ်ယောက် ရဲ့ ဖွင့်ဟချက်

သားကြီးရေ 
                         သားတို့သမီးတို့အရွယ် အသိ မကြွယ်ခင်ကတည်းက ...အို ...မဟုတ်သေးပါဘူး ...
မင်းတို့ အမေ ဗိုက်ထဲကို စတင်ဝင်ရောက်နေပြီဆိုတာ သိကတည်းက ..မေတ္တာဆိုတဲ့ဝေါဟာရ အဖေ့ရင်နဲ့ မဆံ့အောင် ပြည့်သိပ်နေလွန်းလို့  ပါးစပ်ကနေတောင်ဖွင့်ဟ မထွက်ခဲ့ပါဘူးကွာ ...
           
          အဖေကတောသားကွ တောမှာမွေး တောမှာကြီးခဲ့တဲ့တောသား ပညာလဲမတတ်တော့ မင်းတို့လို
စကားလုံးလှလှလေးတွေတော့ မပြောတတ်ပေမယ့် တောရိုးရာ တောယဉ်ကျေးမှု့တွေဖြစ်တဲ့ ရိုးသားမှု့နဲ့
ပွင့်လင်းမှု့ကတော့အဖေနဲ့ တစ်သားတည်းပါပဲ  ။
        
            တကယ်တော့သားရယ် အမေကပဲ ငါ့သားကိုချစ်တယ်လို့တော့ ငါသားမထင်လိုက်ပါနဲ့ ကွာ...၊
အဖေက မင်းတို့ကိုချစ်တဲ့အကြောင်း မေတ္တာတွေအပြည့်အဝရှိတဲ့အကြောင်း မပြသတတ်ခဲ့လို့ပါ ...၊
ပြီးတော့ မင်းတို့စားဝတ်နေရေး ပညာရေးတွေအတွက် လူတန်းစေ့နေနိုင်ဖို့အတွက် 
အဖေကြိုးစားနေရင်း  အိပ်မကပ်နိုင်တဲ့ အဖေ့အပြစ်တွေပါသား  ဒီတော့သားရယ်အဖေလဲ
လူသားတစ်ယောက်ပဲကွ မိသားစုရဲ့ နွေးထွေးမှု့တွေအောက်မှာ အေးအေးဆေးဆေး နေပြီးအလုပ်လုပ်
ချင်တာပေါ့ကွ ဒါပေမယ့် မင်းတို့ရဲ့အရွယ်တွေက တဖြေးဖြေးကြီးလာကြတယ် ပညာတွေတတ်ချင်ကြတယ်
အဝတ်စားလှလှတွေ ဒီဇိုင်းဆန်းဆန်းတွေ ခေတ်ရဲ့ရေစီးတွေထဲမှာ မင်းတို့ရှိချင်တာ သဘာဝကျပေမယ့်
အဖေကတော့ မင်းတို့ ပညာရေး မိသားစုအရေးဆိုတာတွေ လုံးပန်းရင် အိမ်နဲ့ဝေးသထက်ဝေးခဲ့ရတာ
ပဲလေ ၊ ဒါတွေဟာ အဖေ ပေးတဲ့ မေတ္တာတွေပဲမဟုတ်လား ....။  ဒါပေမယ့်
               
              မင်းတို့လေးတွေ မိကောင်းဖခင် သားသမီးပီသတဲ့ အတွက်အဖေ ဂုဏ်ယူတယ်သားရယ်...
“ မိကောင်း ဖခင် ” ဆိုတဲ့ မြန်မာစကားလေးကလဲ ထူးထူး ဆန်းဆန်း ပါကလား ...။ မိခင်ကောင်းမှ အဖကို
ခင်တာ တဲ့  ၊ မင်းတို့အမေကိုလဲ အဖေ အမြဲပြောလေ့ရှိတယ်လေကွာ  “ ကျေးဇူးတင်ပါတယ် ” လို့ပေါ့
မင်းအမေကတော့  “ မလိုပါဘူးတော်ရယ် ” လို့ပြောပါရဲ့ အဖေကတော့ ပြောမိနေမှာပဲဟေ့ ....။
               
               မိခင်က ဘာသာရေးနဲ့ပက်သက်တဲ့ ဗဟုဿုတတွေ ၊ လူမျိုးနဲ့ပက်သက်တဲ့ ယျဉ်ကျေးမှု့တွေ 
လောကတောထဲကို ဘယ်လိုတိုးဝင်းရမယ်ဆိုတဲ့ လမ်းညွန်မှု့တွေ ၊ ပြောပေးမှ  လုပ်ပြမှ  လမ်းညွှန်မှ 
အဖေကိုလည်း ချစ်တတ်အောင် ပြောပေးမှ ...၊ ဒီလိုပြောလာခဲ့လို့ သားတို့ သမီးတို့ဟာ မိကောင်း ဖခင်
သား သမီးတွေအဖြစ် မြင်တွေ့ခဲ့ရတာမဟုတ်လား ...၊ မေးစရာတော့ရှိတာပေါ့ သားရယ် 
အဖေကကော ပြောပေးလို့မရဘူးလား ..ပေါ့ ။  ဟာ   ...ဟေ့  ...အယ်လိုမဟုတ်ဘူးသားရေ..
အဖေအိမ်ရှိတဲ့အခါတိုင်း  ၊ ထမင်းစားဝိုင်းမှာတွေ့တိုင်း ၊ ဘဝကိုဘယ်လိုရင်ဆိုင်ရမယ် ၊ဘယ်လိုရည်မှန်း
ချက်တွေနဲ့ လျှောက်လှမ်းသင့်တယ် ၊ စ တာတွေ အဖေတို့ဆွေးနွေးခဲ့ကြဖူးတယ်မဟုတ်လား ကွ
            ဆိုလိုတာကတော့ကွာ  မင်းတို့နဲ့ အနီးစပ်ဆုံး ရင်ခွင်ဟာ မင်းတို့အမေ ရင်ခွင်လို့ပြောချင်တာ
ပါပဲသား  ၊ ဒီတော့ အမေကပိုပြီးပြောပြ မေတ္တာတွေပြသ ဖြစ်တာပေါ့ ၊ တစ်ချို့ မိသားစုတွေ ကြတော့
အဖေ့ရင်ခွင်က   ပိုနီးစပ်ကြတော့ အဖေကပြောပြဖြစ်တာပဲလေကွာ အဖေဆိုတော့ လစ်ဟင်းမှု့တွေ 
ရှိတာပေါ့ ၊ စီးပွားရေးလဲ ရှာရ ဖွေရသေးတယ်မဟုတ်လားသားရဲ့ ..။
အဲဒီတော့ အပြစ်မဆိုသာဘူးပေါ့သားရယ် ၊ ဘဝပေးအခြေအနေတွေကွဲပြား ကြတော့လဲ ဒီလိုပဲနေကြ
ရတာပဲလေ ၊ အဖေပြောချင်တာကတော့သားရယ် “ ငါ့ အဖေ က ငါ့ကိုမချစ်ပါဘူးကွာ ” လို့တော့
မင်းဘယ်တော့မှမတွေးလိုက်ပါနဲ့ကွာ အဖေ ရင်နာလွန်းလို့ပါ ...............................။    ။    ။

                                                   
                                                                                            မောင်ရေခဲ

               
  

4 comments:

Maung Pauk said...

စိတ်အေးချမ်းတယ်ဗျာ.အစ်ကိုရာ... နာမည်နဲ့ လိုက်အောင်ပဲ...
မိဘနဲ့ဝေးနေရတဲ့ ကျွန်တော့်အတွက် ပိုပြီးခံစားရတယ်...

www.maungpauk.co.cc

ငြိမ်းစိုးဦး said...

မိဘကို မုန်းစိတ် မ၀င်ရေးဟာ မြန်မာ့ ယဉ်ကျေးမှုကို မြှင့်ပေးတာ ...

ငြိမ်းစိုးဦး said...

မိဘကို မမုန်းဖို့ဆိုတာ မြန်မာတို့ရဲ့ ယဉ်ကျေးမှုကို မြှင့်တင်တာ ...

Unknown said...

အဖေ ..တစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်ကို
နှစ်နှစ်သက်သက်ကို ဖတ်ခဲ့တယ်ဗျ