Wednesday, March 27, 2013

ခေါက်ရိုးကျိုးမြစ်တစ်စင်း

တိတ်တိတ်ကလေးကြိတ်ပိုး
အဆွေးခိုးမြူတိမ်
အရှိန်သတ်ခဲ့ရ
တစ်ဖတ်သတ်ဘွဲ့ရခဲ့ပေါ့
သူပျော်ရင်ကျေနပ်
သူငိုတော့မပျော်နိုင်
ခွေယိုင်လု  နှလုံးသား
လုံးပါး ပါးခဲ့ပြန်ပါပြီလေ
အလီလီ နှစ်လ
ချစ်သမျှအကြောင်း  ခ ပေါင်း
ရာသီတွေတောင်စီးဆင်း
လွမ်း ခ ရာသီထဲမျောဝင်
ချစ်သမျှပတ်ပျိုးကိုနားဆင်ပါ
လွမ်းရင်းငို  ငိုရင်းလွမ်း
စိတ်နဲ့ ထမ်း ထမ်း ထားရတဲ့ ရက်တစ်ချို့
ပြိုကျမှာတောင်စိုးရ ရဲ့
အနီးရှိတော့ မသိသာ
အနေကွာ ဟိုးအဝေး
မကြာမကြာလေးသတိယ တတ်လာတယ်
တဖြေးဖြေးတိုးတက်
သံယောဇဉ်နဲ့ ယက်တဲ့ အဝတ်ကို ဝတ်တတ်ခဲ့ပေါ့
မချွတ်တမ်းဝတ်ဆင်
တစ်နွယ်ငင် တစ်စဉ်တက်
ရက်စက်မှာလဲကြောက်တယ်ကွယ်
ခေါက်ရိုးကျိုးနေ့ရက်တွေ နေသားကျ
ရရသမျှ ကံကြမ္မာ
ဒီတစ်ခါလဲ အဆွေးကမ္ဘာထဲဆွဲခေါ်တယ်
ပြောမိပါရဲ့
ဟို အကြောင်း
ဒီ အကြောင်း
လမ်းကြောင်းတွေ ရှန်တိန်ဖြစ်ခဲ့
အနေမတည်တဲ့ ကဗျာ
ငါ့ကိုယ် ငါပဲအပြစ်တင်တော့မယ်
အလွှာထဲက အလွှာ
ဘဝအလွှာတွေ ချုပ်ရိုးကွဲ
ငါ့ အသည်းက သွေးစ သွေးန တွေ
မင်းမြင်ရင် အပြစ်မတင်ပါနဲ့
လူသားရဲ့သရုပ်
ဓမ္မ နဲ့ မထုပ်နိုင်တဲ့
( ဒီတစ်ခါလဲ )
ငါ့ကိုယ်ငါပဲအပြစ်တင်ပါရစေ


မောင်ရေခဲ
http://maungyaykhe.blogspot.com/
http://dmoethar.blogspot.com/2013/03/blog-post_3956.html

No comments: