Saturday, November 10, 2012

ထို ...တစ်ရက်

ဝဋ်ကြမ္မာအကြွေး
ဆပ်ရရေးကြောင့်
ရင်တစ်ခြမ်းလဲပဲခဲ့သည်

ချစ်ကြင်နာရေး
စိတ်မအေးလို့
ဒီဝဋ်ကြွေးကထပ်ခဲ့ပြီ

ဝဋ်ကြွေး ဝဋ်ကြွေး
သည်အရေး
ဘယ်သွေးဘယ်သားမကယ်ပြီ

ဝဋ်စုံဒုက္ခ
လိုက်ဆပ်ရ
သင်္ခါရလဲထပ်ခဲ့ပြီ

မအားဘူးဆို
ငါ့ - အားကို
အလို - သေမင်းခေါ်နေပြီ

သေမင်းလာစဉ်
လမ်း၌ပင်
ငါ့တွင်ရိက္ခာပြင်နှင့်မည်

ထိုရိက္ခာတွက်
ဒီတစ်ရက်
ဝတ်ချက်ဖြူစင်နေပါသည်
ဘဝအရေး
မျှော်ကာတွေး
ဝဋ်ကြွေးတစ်ရက်
ကြေခဲ့ပြီ



မောင်ရေခဲ

No comments: