Friday, May 10, 2013

မနက်ဖြန်များကိုစောင့်ကြည့်ခြင်း ( ၁ )

ပါးစပ်ရွဲ့တိုင်း
လေဖြတ်တယ်မထင်နဲ့
ခနဲ့တည့်တည့် နက်ဖြန်ကိုစောင့်နေသူပါ
မသေချာတာဘာဆန်းလဲ
သေချာတာဆိုလို့
မသေချာတာပဲရှိတာ
အလွဲတွေကိုမိတ်ဆက်ရင်းလောကဓံကိုကြိုဆို
အပိုအလိုတော့ရှိမှာပဲ
အရမ်းကြီးမတွေးနဲ့
ခေါင်းစားတယ်
အလွယ်ပဲမှတ်လိုက်
မနက်ဖြန်ဆိုတာ
ဒို့အတွက် အိုအေစစ်   ။

                  မောင်ရေခဲ

No comments: