မျက်စောင်းတွေငဲ့ငဲ့မကြည့်ပါနဲ့
နေထိုင်တဲ့ရက်ကတိုတော့
စိုးထိတ်တဲ့ရက်တွေနဲ့ရင်ဆိုင်ရမှာစိုးလို့ပါ
အဖန်တစ်ရာတေနေတဲ့အတုတွေကြား
တစ်ခါတစ်ခါ ငါပါအတုဖြစ်
ညစ်ထေးစွန်းရာတွေ
တစ်နေ့တခြားများများလာတယ်
ဝေးဝါးဝါး နက်ဖြန်တွေကတော့
ခပ်ပြုံးပြုံးဖြစ်ရော့ထင်
ရင်ခုန်ဖို့မေ့လျော့ခဲ့ပေါ့
ထုံဆေးတွေ ထုံလာတဲ့နေ့ညတွေထိ
ရိရွဲလိုက်ပါကြ
စိတ်စေရာလိုက်က
ညတွေတောင် " က " နေရော့ထင်
မြင်မြင်ရာ
ကဝေတစ်ကောင် " က " နေသလိုပါပဲလေ ။
မောင်ရေခဲ
2 comments:
ကောင်းပါတယ် ကိုရေခဲ
ကျတော် အားပေးခဲ့ပါတယ်ဗျာ
ဘီလူးလေး ငြိမ်းချမ်း
အားပေးခဲ့ပါတယ်ကိုေ၇ခဲ
Post a Comment