** နေညိုချိန်
တိမ်မတောက်ပေမယ့်
ပျိုကြောက်တဲ့
ညောင်ပင်အောက်
လျှောက်ပါနဲ့လေး
** ညောင်ပင်အို စိုင်းညို့ညို့အောက်
ရွှေစွန်ညို တို့တွေဝဲမှ သြားတာပေလး
တကယ်ဆို ညောင်ညိုအောက်ဟာ
ခင်ခင်ပျို သရဲကြောက်ဖို့
ဟုတ်ဘူးကွဲ့လေး
** ဝိုင်းဝိုင်းအုပ် ဒီလူကြီးက
စိုင်းစိုင်းအုပ် ဒီအဖြစ်ကို
နှစ်သက်ကွဲ့လေး
** သူ့ဆီကိုဝင်ခိုလုံက
အေးမြမြ ဒီရေဓာတ်နဲ့
တေးလှလှသူသီပြဖို့
စောင့်ရှာသတဲ့လေး
** ဒီလူတွေ သူသာယာမွ
အလူလူအမောပြေချဖို့
ဘဝဇောသူခွါချတယ်
ကြောက်ပါနဲ့လေး ....
မောင်ရေခဲ (အဝတ္နီ)
ဝန်ခံချက် ။
http://www.malaysiaonlineradiomedia.com/2012/11/blog-post_30.html ..မှာဖော်ပြဖူးပါသည် ။
3 comments:
ကြောက်နဲ့ ဆိုလို့မကြောက်တမ်း
ကဗျာလေးဖတ်ခဲ့တယ်
ဝိုင်းကိုလဲကြိုက်ဘူး
စိုင်းကိုလဲကြိုက်ဘူး
ကဗျာတွေပဲကြိုက်တယ်
ချစ်စရာလေး ကဗျာလေးက
အယ်...ဒီကဗျာလေးက တစ်မျိုးလေးတော့...
ကောင်းတယ်...ရေခဲတုံးလေးရေ....
ခင်တဲ့...မိုးနတ်
Post a Comment