Sunday, May 26, 2013

မနက်ဖြန်များကိုစောင့်ကြည့်ခြင်း ( ၃ )

မနက်ဖြန်ဆိုတာ
မာယာများတတ်တဲ့ကဝေတစ်ကောင်ကိုပိုင်ဆိုင်ထားတယ်
စကားလုံးတွေထဲမှာချော်လဲတတ်တဲ့
ခြေတစ်ချောင်းလဲပိုင်ဆိုင်သေးရဲ့
အတွေးထဲခဏခဏစိုးမိုးတတ်သော
သောက..ဒုက္ခများ...အရာရာလေလွင့်ခံအတွေးတစ်ပိုင်းတစ်စ
ထုံဆေးတွေများနေသော မျက်နှာအပိုင်းအစများ
ခပ်ခွါခွါဖြစ်လာသော ..စိတ်ဝိညာဉ်များ
မျက်ရည်မိုးတွေကို တစ်ကြိုက်လောက်သောက်ချရသလို
ညိုညစ်ညစ်ပင်လယ်မှာ စီးဆင်းကုန်တယ်
ခပ်လွယ်လွယ်သင်ကြားခဲ့ရတဲ့ကျောင်းသင်ခန်းစာတွေ
ဒီတစ်ခါ ဝေလည်ကြောင်ပတ်ဖြစ်ကုန်ပေါ့
တကယ်တော့
မနက်ဖြန်ဆိုတာ
လိုတာထက်ပိုဝေးနေဆဲပါပဲလေ    ။

မောင်ရေခဲ

No comments: