Sunday, September 9, 2012

တွဲလက်ညီညီ

 

ခဏ ခဏ မကြည့်ချင်ပါဘူး

ရိုးသွားမှာစိုးလို့
ခိုးခိုးပြီးကြည့်ချင်တယ်
ခဏ ခဏ မလွမ်းချင်ပါဘူး
 နွမ်းသွားမှာစိုးလို့
တိတ်တိတ် လေးပဲလွမ်းပါရစေ
 မရေးရာတဲ့အတွေး တွေလဲ
 တွေးချင်ပါဘူး
 သေချာတဲ့တစ်နေရာမှာ
ငါ ...နင့်ကို သိမ်းထားပါရစေ ...
 သေချာလွန်းတဲ့ ကတိတွေတဲ့
 ဝေဒနာတွေ ဘေးချိတ်
ခပ်ထိပ်ထိပ် ရင်ကိုဖိလို့
ငါ့ ကမ္ဘာမှာ နင် သာယာစေမယ်
 နာကျင်တာတွေ မေ့ပျောက်
အကြင်နာအပြုံးတွေနဲ့ ...နင့်ကို
 ငါ ...ကြည်လင်စေမယ်...
ငါ့ ကမ္ဘာမှာ ပကာသနမရှိပေမယ့်
ထာဝရပျော်ရွှင်စေမှာပါ
ဂုဏ်ဓနတွေမရှိပေမယ့်
ယုံကြည်စိတ်ချခြင်းတွေ
နင် တွေ့ရမှာပါ
ငါ လက်လှမ်းလို့ကြိုဆိုပါတယ် ...ချစ်သူ
 တွဲလက်တွေမြဲသရွှေ့
  ဒို့ ... ဝဲဂယက်ထဲလျှောက်ကြတာပေါ့ ။



No comments: