*** ဝေးနေရကြာ ၊ ရက်လတာရှည်
ကြေကွဲပူမိ ၊ တရိရိနွမ်း
လွမ်းရတမ်းတ ၊ ခန်းစည်းစ လေး
ရေးရေးပြေးကိုင် ၊ ရင်မနိုင်ခဲ့
ယဲ့ယဲ့အသဲ ၊ ပူမီးမှောင်ထဲ
မောင့်အသဲလေးငိုနေပြီ
*** မှတ်တမ်းရီဝေ ၊ မှန်းတီတေက
ပါးကွက်ကကြား ၊ လွန်းရိုးသားလှ
မောင့်နှမအား ၊ ရပ်ခြားမြေကွဲ
မခွဲတူရှိ ၊ တိမ်ပြာသိသည်
လမင်းကြီးရှေ့သက်သေတည်
*** မတည်ဝိုးဝါး ၊ ဟိုးတလွှားက
ဆိုထားသတတ် ၊ တညှင်ရပ်ဝယ်
နတ်ရှင်နှယ်သို့ ၊ ကဗျာရို့ရင်
ရင်ထဲဝင်လတ် ၊ မသေသပ်စ
နှမအသိ ၊ တမ်းတ သိစေ
ချစ် ကဗျာရှည်ပို့ဆက်သည်
*** မငိုပါနဲ့ ၊ ရင်ခွင်ထဲသိပ်
ချော့သိပ်ချင်လဲ ၊ အတွေးထဲဝယ်
တွဲလျက်တူရှိ ၊ သူမ သိစေ
မျက်ရည်ကမ္ဘာ ၊ ကမ်း က ခွါဖို့
ညို့ညို့မှိုင်းမှိုင်း ၊ ကြမ္မာ ခိုင်းလဲ
မောင့် မေ အတွက် ၊ ရတက်မပွေ
အေးမြစေရေး ၊ မျှော်တွေးရော်ရည်
တောင်းဆုတော်သည်
မောင့် မေ စိတ်လန်း အေးမြစေ
ထောက်တည်ရာတိုင်း လန်းဖြာစေ
မောင်လေးရေခဲ
No comments:
Post a Comment