Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Tuesday, May 12, 2026

မစိုပြေတဲ့ခြေရာ

ရိုးပြတ်တောတွေပြတ်သုံးသလောက်ပဲ
မိုးတိမ်ပြတ်သုံး
မီးခိုးတွေမဆုံးပေါ့
ကျနော့်ရွာ
ဗုံသံတွေကညံလို့
ခပ်ညံညံမြူတွေအဝေးထုတ်
ရုတ်ရုတ်နဲ့
သူတို့ ပျော်နေတယ်ထင်ပါ့
ကျောင်းထိပ်ကပိတောက်ပင်ကြီးတောင်အိပ်မက်ကလန့်နိုးလာတယ်
ငှတ်ကလေးတွေရဲ့ခိုးခိုးခစ်ခစ်ရယ်သံ
ရွာနဘေးကဘုန်းဘုန်းကျောင်းရယ်
ရွာနောက်ဖျားက
လုံမလေးတွေရေခပ်ဆင်းနေကျချောင်းနဘေးရယ်
အော်
ငါနဲ့ခပ်စိမ်းစိမ်းတောင်ဖြစ်နေပါပေါ့လား
နေပျော်တဲ့အရာတွေနဲ့နီးအောင်အလံလွှင့်
ခပ်ရင့်ရင့်နေရက်တွေတောင်ကုန်ပေါ့
ရော့ရော့ကလေးတွေးရင်း
မျက်စိမှိတ်အလွမ်းတွေသောက်သုံးရင်း
ဒီကနေ့လဲ
မိုးလင်းတာပါပဲ။


 
 

အတိတ်အိပ်တန်း

သံဖိနပ်တွေစီးတတ်တဲ့
ဟော .. ဟို သူတို့ရွာဆီ
ဒုတိယကမ်ဘာစစ်လက်ကျန်ဘိုးဘိုးက
ထမ်းလို့ ပိုးလို့
သစ်ရွက်စိမ်းစိမ်း
လေပြေနုနုကလေးတွေကိုတောင်မခံစားနိုင်ရှာ
အသိစိတ်တွေရေမွှန်းနေမှတော့
အောက်ဆီဂျင်ဆိုတာလိုမှာပဲလေ
အတွေးတွေခေါင်းငိုက်စိုက်နဲ့
အိမ်အပြန်လမ်းမစိုပြေတာ
တွေးမိရဲ့
ကမ်းလင့်သူဝေး
မှန်းလင့်သူဆွေး
တွေးလို့ ငေးလို့
ခပ်ရို့ရို့နဲ့
သံဖိနပ်တွေစီးတတ်တဲ့သူရို့ကမ်ဘာ
အလွှာကင်းလွတ်
ရိုးသားခြင်းအင်္ကျီဝတ်လို့ပေါ့
သားချော့တေးဆိုသူဆို
တမ်းချင်းရွတ်သူရွတ်
လာလမ်းငေးသူငေး
အပြေးကလေးကြိုသူကြို
အဆို ...အလွမ်း ...အနမ်း
ရင်ဘတ်တောင်နွမ်းသွားတယ်
ရွာထိပ်ကညောင်ပင်ကြီးရယ်
ကျောင်းရှေ့ကကုက္ကားပင်ကြီးရယ်
ခပ်ပြာပြာကောင်းကင်ကြီးရယ်
ပြီးတော့
ခုံတန်းဘေးကမြေကွက်လပ်
မိုးရွာတဲ့အခါဖားအော်သံ
အတူကျောင်းတက်နေကျထန်းပင်တန်း
စိန်ပန်းပင်ပြာနဘေး
ပါးကွက်ကြားလိမ်းနေကျကောင်မလေးရယ်
သူရို့နဲ့
မြစ်တစ်စင်းမှာတစ်ထစ်ချင်းဆင်းကြည့်တယ်
တမ်းချင်းတွေရွတ်ကြည့်တော့
အလွမ်းတွေခမ်းလိုက်...မလန်းလိုက်
ဆောင်းလယ်အိပ်မက်တွေကြား
နှောင်းလယ်အတိတ်တို့က
ဒီတစ်ညလဲမိုးလင်းစေခဲ့တာပါပဲ ....။

                                                    မောင်ရေခဲ

မ ... သို့

*** ဝေးနေရကြာ ၊ ရက်လတာရှည်
ကြေကွဲပူမိ ၊ တရိရိနွမ်း
လွမ်းရတမ်းတ ၊ ခန်းစည်းစ လေး
ရေးရေးပြေးကိုင် ၊ ရင်မနိုင်ခဲဲ့
ယဲ့ယဲ့အသဲ ၊ ပူမီးမှောင်ထဲ
မောင့်အသဲလေးငိုနေပြီ
 
*** မှတ်တမ်းရီဝေ ၊ မှန်းတီတေက
ပါးကွက်ကကြား ၊ လွန်းရိုးသားလှ
မောင့်နှမအား ၊ ရပ်ခြားမြေကွဲ
မခြဲတူရွိ ၊ တိမ်ပြာသိသည်
လမင်းကြီးရှေ့သက်သေတည်
 
*** မတည်ဝိုးဝါး ၊ ဟိုးတလွှားက
ဆိုထားသတတ် ၊ တညှင်ရပ်ဝယ်
နတ်ရှင်နှယ်သို့ ၊ ကဗျာရို့ရင်
ရင်ထဲဝင်လတ် ၊ မေသသပ္စ
နှမအသိ ၊ တမ်းတ သိစေ 
ချစ် ကဗျာရှည်ပို့ဆက်သည် 
 
*** မငိုပါနဲ့ ၊ ရင်ခွင်ထဲသိပ်
ချော့သိပ်ချင်လဲ ၊ အတွေးထဲဝယ်
တွဲလျက်တူရှိ ၊ သူမ သိစေ
မျက်ရည်ကမ်ဘာ ၊ ကမ်း က ခွါဖို့
ညို့ညို့မှိုင်းမှိုင်း ၊ ကြမ္မာ ခိုင်းလဲ
မောင့် မေ အတွက် ၊ ရတက်မပွေ
အေးမြစေရေး ၊ မျှော်တွေးရော်ရည်
တောင်းဆုတော်သည်
မောင့် မေ စိတ်လန်း အေးမြစေ
ထောက်တည်ရာတိုင်း လန်းဖြာစေ

မောင်ရေခဲ

 


ထို ...တစ်ရက်

ဝဋ်ကြမ္မာအကြွေး
ဆပ်ရရေးကြောင့်
ရင်တစ်ခြမ်းလဲပဲခဲ့သည်

ချစ်ကြင်နာရေး
စိတ်မအေးလို့
ဒီဝဋ်ကြွေးကထပ်ခဲ့ပြီ

ဝဋ်ကြွေး ဝဋ်ကြွေး
သည်အရေး
ဘယ်သွေးဘယ်သားမကယ်ပြီ

ဝဋ်စုံဒုက္ခ
လိုက်ဆပ်ရ
သင်္ခါရလဲထပ်ခဲ့ပြီ

မအားဘူးဆို
ငါ့ - အားကို
အလို - သေမင်းခေါ်နေပြီ

သေမင်းလာစဉ်
လမ်း၌ပင်
ငါ့တွင်ရိက္ခာပြင်နှင့်မည်

ထိုရိက္ခာတွက်
ဒီတစ်ရက်
ဝတ်ချက်ဖြူစင်နေပါသည်
ဘဝအရေး
မျှော်ကာတွေး
ဝဋ်ကြွေးတစ်ရက်
ကြေခဲ့ပြီ



မောင်ရေခဲ

ကမောက်ကမ

ကဗျာတွေရေးဖို့ ကဗျာလိုတွေးကြည့်တယ်
တကယ်တော့
အဲဒီအတွေးတွေဟာ ကဗျာဆိုတာ
ငါ့ကိုယ်ငါမေ့နေတယ် ...
ငါကငေးနေတာမဟုတ်ပါဘူး ..။
အတွေးတွေကငါ့ကို ငေးသွားတာပါ
ကေမာက္ကမ ကမ္ဘာကြီးအလယ်မှာ
လူတွေကလည်း ကမောက်ကမ
ငါကလဲ ကမောက်ကမ
သက်ပြင်းချခြေလှမ်းတွေကလည်း 
လူငယ်တွေကလည်း ကမောက်ကမ
လူလတ်တွေကလည်း ကမောက်ကမ
လူကြီးဆိုတာတွေကလည်း ကမောက်ကမ
ခေတ်လက်ကျန်အပိုင်းအစတွေကလည်း ကမောက်ကမ
အိပ်မက်တွေကလည်း ကမောက်ကမ
ကမောက်ကမ ကမ္ဘာထဲ
ငါ ......
လမ်း .....
လျှောက်ကြည့်တော့
မထိတထိအပြုံးနဲ့
ကံကြမ္မာကလည်း ကမောက်ကမလုပ်တယ်
ဟုတ်တယ်
ငါ ကိုယ်တိုင်တောင်
မနက်တိုင်း ညဖြစ်တတ်လွန်းလို့
ဦးနှောက်တွေလဲ ကမောက်ကမ ဖြစ်နေပြီ
ဒီတစ်ခါတော့
ငါ ....
ရယ်စရာလုပ် ပစ်မယ်


ကိုရေခဲ
14/9/2012






ညောင်ညိုစခန်း

ခပ်မဆိတ်ဝင်လာတဲ့
ကျယ်လောင်သံ
ရင်ဘတ်ကို ညံ သွားတယ်
အပြာရောင်ကမ်ဘာဆီသွားတဲ့ သူ့ကို
အနက်ရောင်နဲ့မိတ်ဆက်
ရုတ်တရက်
နုတ်ဆက်
အသက်မဲ့
ခပ်နက်နက်အလွမ်းတွေ
အလွမ်းနက်နက်အနမ်းတွေ
ကွေ့ပတ်ဝေးလွင့်
အနီရင့်ရင့်စီးဆင်းကုန်ပေါ့
က .ကွက်တွေညီစေဖို့
မရိုးနိုင်တဲ့စကားတွေနဲ့ဆွဲငင်
အဲဒီအချိန်
စိတ်ဆင်ခြင်အားနည်းကုန်ရဲ့
(ငါ အပါအဝင်ပေါ့ )
ဒီလမ်းတွေ ...
ရမ်းလျှောက်ရမှာသိရဲ့
လမ်းမဖောက်
မှန်းလျှောက်တော့
အမှန်တွေဝေးကုန်ပေါ့
အသိမစစ်တဲ့အသိတွေကိုပိုက်
စိုက်ခဲ့တဲ့သစ်ပင်
စိုက်ခံခဲ့ရတဲ့မြေယာ
အေစခံမပါဘဲ ခုန် က တော့
မျက်ရည်တေးတွေ ရေး လို့ရေး
ခပ်လေးလေးရင်ဘတ်
ကံကြမ္မာ နဲ့ လဲ ထပ် ရော
မျက်ရည်တို့ သည်း အူ လှိုက် ခုန်
ဘဝ အဖုံဖုံနစ်မွှန်း
ရှေ့ ယွန်း ၊ နောက်ယွန်း ၊ ၁၀ မျက်နှာယွန်း
ခွန်းကြီး ခွန်းငယ်ပြောတတ်တဲ့ အနောက်စာမျက်နှာမှာ
စကားတွတ်ထိုးရင်း
အငိုအပြုံးရဟတ်စီးရင်း
အလွမ်းပန်းခင်းနားခိုရင်း
ပျားရည်တို့သောက်သုံးရင်း
ညောင်ညိုပင်ရင်းကစားရင်းပေါ့


                              မောင်ရေခဲ


ကျေးဇူးပါအမေ

သူငယ်ချင်းရေ
ဒီတစ်ခါ
ငါ့မွေးနေ့
မနေ့ကအကြိုအဖြစ်
တောလဲသံတွေနဲ့ကြိုဆို
အငိုတရားတွေတွေ့ခဲ့ ကြားခဲ့ပေါ့
ဘဝကို အငိုတရားတွေနဲ့
ဒီနေ့လိုနေ့မျိုး
လွန်ခဲ့တဲ့23နှစ်က စ ခဲ့ဖူးတယ်
တန်ဆောင်မုန်းရဲ့ ဆောင်းတွင်း
မိုးပြေးတွေခရီးနှင်ခဲ့ဘူးတယ်
ဒါတွေတဒင်္ဂမေ့
အေမ့ မေတ္တာတရားတွေ ဟောဒီကမ်ဘာထဲ
အမေ့ရဲ့ ရင်ဘတ်ထဲ
ဆောင်းမှာကျတဲ့မိုးသည်းတွေနဲ့အတူ
တသွင်သွင်စီးဆင်းရဲ့
သူရို့ကပြောကြတယ်
မွေးလာတဲ့သား
ကျား တဲ့
သား ဦး စေန ဆိုတာ
ဓားထမ်းကျော်ရတယ်ဆိုပဲ
ဒါတွေကိုအသာထား
အမေ့မေတ္တာတရားနဲ့ချွေးသိပ်
ရိုးရာတွေကိုနှိပ်ကွပ်ခဲ့တဲ့အမေ
ယဉ်ကျေးမှု့နဲ့ ဘာသာတရား
စေ့စပ်အောင်သင်ကြားပေး
မျိုးစေ့တွေဝေစေတဲ့အမေ
ခေါင်းမှာအလံဖြူတွေစိုက်လဲ
သီအို်ရီတွေရိုက်သွင်းပေးခဲ့တဲ့အမေ
မျက်လုံးတို့ပြာရီ
ဘဝအလီကိုသင်ကြားပေးခဲ့တဲ့အမေ
မျက်နှာတို့လှိုင်းထန်
ဘဝရန်တွေကြား - ကျားကန်ပေးခဲ့တဲ့အမေ
တဖြေးဖြေးပြန်တွေးရင်း
တရေးရေးဂုဏ်ယူနေမိတယ်လေ


                                      မောင်ရေခဲ(အဝတ်နီ)
12/12/2012 -တွင်ကျရောက်သော
ကျနော့် မွေးနေ့ တွင်
အမေ့အတွက်ဂုဏ်ပြု ကဗျာ


ရင်အေးသံစေ

တစ်ခါကပြန်တွေး

အို့ ..အို အေ့ ..အေ

အမေ့တေးညည်းသံ

နားထဲမှာညံမဆဲခဲ့ပေါ့

သား စိုက်တဲ့နန်း

သစ်ရွက်နန်း

ထန်းရွက်နန်း

ပြည်တော်ဝင်နန်း

ဘယ်နန်းစိုက်စိုက်

အမေ့ကိုမြင်မိခိုက်ခဏ

သားက ကလေးဘဝပြန်ရောက်ရတယ် ။

 တသိုက်တဝန်း ဂုဏ်မဲ့

အမေ့အသက် ယဲ့ယဲ့လေးကျန်

သားအတွက််ဆို အလံမလဲ

အောင်ပွဲတွေ့ဖို့သစ်လောင်း

စိတ်ဓာတ်ဟောင်းတွေတောင်ဖျောက်ပစ်မိပေါ့ ။

  ပြာယီမှိုင်းစ မ်က္လုံး

သတ္တလောကအတွက်မသုံးလိုက်ရပေမယ့်

သားဘဝ အမြင့်ဆုံးရောက်ဖို့

အမေရုန်းခဲ့ရတဲ့ဘဝကိုကျေနပ်တယ် ။

  အဖြူရောင်အလံတလွင့်လွင့်

လွှင့်ခဲ့ပြီအမေ့ခေါင်း

အယောင်ဆောင် ကမ်ဘာလောကအကြောင်း

သားသိအောင်လမ်းကြောင်း

ခရောင်းလမ်းတွေဝေးဖို့

သား နဲ့ ဝေးရတဲ့အမေ့ဘဝ

ဆွေးပေမယ့်

ဝေးနေလဲကျေနပ်တယ် ။

  နေညိုချိန်လှိုင်းတွေဂယက်ရိုက်

အမေ့မျက်နှာတိုက်ရိုက်ထိခိုက်

ဘွင်ရန်သူတွေတောင်နှိပ်စက်လုပေါ ့

သမုဒယတွေဖွဲ့နှောင် ဒီနှောင်အိမ်ကြီးထဲ

အေမ ရုံးထွက်ချင်ပြီးကွယ် ။

အမေ့ကိုနားလည်

သား အမေကိုနားလည်ပါ

အေမ အာမ-မခံခဲ့တာတွေအတွက်

ရက်စက်သူလို့သတ်မှတ်

အမြင်ကတ်နေတောင်

ကျေနပ်နေမှာပါသားရယ် ။ ။


                                                     မောင်ရေခဲ





Posted via Blogaway

အမေ့တေး

အံသြမိပါရဲ့
အတ္တတွေဖြိုချ ယိုစီးဖို့ခက်တဲ့အရာတွေကြား
သူမ က အနီရောင်ပန်းဝတ်မှုံတွေကို အဖြု အစင် ဖန်ဆင်းတယ်

အံသြမိပါရဲ့
ဒုက္ခ သုက္ခ တွေကို လက်ဖက်သုတ် တစ်ပွဲလို သုပ်
ဘဝကိုတည်ခင်း အပြုံးတွေပြိုဆင်းလို့
ရင်ရင်းမေတ္တာတရားအောက်ပျော်ဝင်နေတာကိုပေါ့

အံသြမိပါရဲ့
မသေချာတဲ့ အရာတွေကိုရေရာဖို့မျှော်တွေး မေသခ်ာတဲ့ အလောင်းအစားကို
ချွေးတွေနဲ့ အရောင်တင်
ညလွင်ပြင်အိုတွေနဲ့ - " အို့ -အို....အို အေး " .... သားချော့တေး တွေဆိုလို့     
ကမ္ဘာသစ်ကို ဖန်ဆင်း အလင်းတွေ လင်းစေခဲ့တယ်

အံသြမိပါရဲ့
သူမ သာ အနားရှိရင် နေမဝင်အင်ပါယာ မပိုင်ရလဲ နေပါစေ လို့ဆိုရဲတဲ့အထိ
သတ္တိထူးတွေနဲ့ မြူးတူး ဘယ္ညေတြ ဘယ်လိုလူးလူးပေါ့
လောကကို ရင်ကော့ လျှောက်ရဲတတ်လာတယ်

အံသြမိပါရဲ
သူမ ရဲ့ခွန်အား ဟာ ရင်သွေးတွေဆီ စီးဆင်း အသက်တွေကြီး ပြီးရင်းကြီးပေါ့
သူမ ရှေ့ ရောက်ရင် ကိုယ့်ကိုယ်သိလာတယ်
 ကလေးတစ်ယောက်ဆိုတာကိုပေါ့

အံသြမိပါရဲ့
သူမဟာ အံဖွယ်လူသားတစ်ယောက်ဆိုတာ သိလိုက်ရလို့ပေါ့

                                                                   12/11/2012 နေ့ရဲ့
                                                                     အိပ်ယာဝင်တေးလေးပါပဲဗျာ
                                                                                                    မောင်ရေခဲ

ရင်ဝေးနေသောနေ့ရက်များ

အဆင့်မြင့်မြင့်စားသောက်နေထိုင်ဖို့
နေ့နေ့ ညည ပြေးလွှား
တစ်ရေးနားဖို့ခက်ခဲ
အမေ့ရွာက ထန်းရွက်တဲလေးကိုသတိရ မိရဲ့
အမေ နဲ့ ဝေး
အဖေ နဲ့ ဝေး
မိတ်ဆွေ ၊ သူငယ်ချင်းတွေနဲ့ဝေး
အနာဂတ်တွေတရေးရေးပြေးမြင်ဖို့
မနေမနား
တစ်ရေးနားစားသောက်ချိန်
ဂုဏ်ရှိန် ငွေရှိန်ကင်းတဲ့
အေမ့အိမ္က ထမင်း နဲ့ ဟင်းကိုလွမ်းရဲ့
ကိုယ်ခန္ဓာ နွမ်းလျ
တမ်းတမိတဲ့ အချိန်တိုင်း
ဟို ဆေး ၊ ဒီ ဆေး
မိတ်ဆွေ ဆေး ၊ သူငယ်ချင်း ဆေး
လက်ကမ်းလို့ပေး
အေမ့ အခန်းက ကိုယ်ငွေ့လောက်မနွေးဘူး အေမ
အလုပ်ပြီးတဲ့ အချိန်ဆို
လွမ်းစိတ်ပို နွမ်းချိ
တစ်ကိုယ်တည်းရှိတဲ့အခန်း
အေတြး နဲ့တောင် မရဲတရဲမှန်း
ငရဲခန်းလားထင်
ည ည အိပ်ချိန်
မိ အိမ် ဖ အိမ်
မိသားစုအိမ်
တရှိန်ရှိန်တောက်လောင်နေကြမေတ္တာတရား
တထိန်ထိန်မြို့ပြ နဲ့နှိုင်းချိန်တိုင်း
စိတ်တောင်ပံခတ်
ပြန်ရက်ကိုလက်ချိုး
ရှိးခိုးလျက်ပါ ဖေ ၊ မေ


                                             မောင်ရေခဲ


တောင်ပံမဲ့ နေ့စွဲများ

စိတ်တောင်ပံတွေတဖျတ်ဖျတ်
ရက်လုပ်ခဲ့ရတဲ့နေ့စွဲတွေ
အပြုံးတု .. အငို တု ... မျက်နှာ တု တွေထုတ်
လူလုပ်ဖို့ခက်တဲ့အရာ
လူကပဲ ပြန်လုပ်နေလေရဲ့
အငြူအစူတွေ ကလူကျီစယ်သလို
ယိုစီးပေါက်ကျ
တစ်ချို့က
ဒါ ..သင်္ခါရ ..တဲ့
အလှအတွက်ပြုပြုရ
ဘဝအတွက် ပြုပြင်ကြနဲ့
အခုမြင်တဲ့ ခဏတွေတောင်ပြောက်
ရောက်ခဲ့တဲ့ရာစု အစေပါ့
လျော့ရဲလာတဲ့ ယဉ်ကျေးမှု့တွေ
အဖော်မဲ့လာတဲ့ ဒီစနစ်တွေကြား
ချုပ်ဆက်ဖို့ ခက်လာရော
ဒီလို ဒီလိုနဲ့
သီအိုရီတစ်ခေတ်မှာ
အချစ်တွေပါစနစ်ပြောင်း
ရောင်းကုန်တွေဖြစ်ခဲ့ပေါ့

                             မောင်ရေခဲ

သားကောင်များ

*** ဒီလိုလုပ် ဒီလိုကျင့်
ခပ်ရင့်ရင့် ခိုင်း နှိုင်း 
သံသရာ မရိုင်းရလေအောင်
ပုံသွင်းသင်ကြားလဲ
ညွှတ်ကွင်းတွေကြားထဲ
လွတ်ကင်းဖို့ခက်တယ်

*** တဒိတ်ဒိတ်ရင်ခုန်သံ
စိတ္သံ ၊ ရုပ်သံ
တညံညံ ဝန်းရံခ
တွန်းလှန်ချဖို့ခက်ပြန်မှတော့
 နိဗ္ဗာန်ကိုစိတ်သန်နေလို့ အပိုပါပဲ

*** အနု ၊ အလွ သမုဒယ ပေါများရာ
ဒီ ဇလာတော မွာ
မျောဖို့ရာလမ်းများတယ်

*** ဒုက္ခ ဆိုတာ
ခမ်းလိုက် လန်းလိုက်ဆိုပေမယ့်
ချိုတယ် ထင်ထင်နေတော့ခက်တယ်

*** အရှိုက်ခက်မှန်း သိရက်နဲ့
အသိုက်တွေ ခပ်မိုက်မိုက်လုပ်
အချုပ်ကိုတွေးရင်း တွေးထင်
ဒီနေဝင်ချိန်ဟာလဲ
မျက်နှာလွှဲခဲ့ ပြန်ပါရော


မောင်ရေခဲ


အပြီးပြန်မယ့်သူ

စိတ်အလိုမကျဖြစ်တဲ့အခါ
စကားတွေမညီမညွတ်ဖြစ်တဲ့အခါ
ရိုင်းရိုင်း စိုင်းစိုင်း ထြက္ဆိုမိတဲ့အခါ
ငါ့ကို ခွင့်လွှတ်ပါ
ငါက
အပြီးပြန်မယ့်သူမို့ပါ
 
ငါနေထိုင်တဲ့အခါ
ငါပြောဆိုတဲ့အခါ
ပွင့်လင်းမှု့တွေနဲ့
ငါ့ကိုယ် ငါ အိုးမဲသုတ်မိရင်
ငါ့ကိုခွင့်လွှတ်ပါ
ငါက
အပြီးပြန်မယ့်သူမို့ပါ

ပရမ်းပတာ နေထိုင်မိတဲ့အခါ
ပရမ်းပတာ ပြောဆိုမိတဲ့အခါ
စကားတွေဖောင်းကြွလာတဲ့အခါ
ငါ့ကိုခွင့်လွှတ်ပါ
ငါက
အပြီးပြန်မယ့်သူမို့ပါ

                                မောင်ရေခဲ
 
 



ကမ်းတစ်ဖက်

မကြင်သမျှ ခင်နှမ နဲ့ပက်သက်မှဖြင့်
ယခင်သံသယကိုတောင်
ကွမ်း လိုယောင်ဝါးလိုက်ချင်ပါရဲ့
မှားလိုက်ဝဋ်တွေ
အသိုက်ချွေ အခက်ချိုးသော်လည်း
အချစ်ပျိုး သည်ရင်ကြောမှာ
ပြစ်ကျောမျှ ထင်ဘူးခင်ရေ
သံလွင်လွင်ကမ်းဘက်
ဂန္ထဝင် ပန်းတစ်ခက်ကြောင့်
အလှမ်းခက်ထင်ဘူးကွယ်လေ
အေနေတြ ဘယ်လောက်ဝေး
အေတြးမွာ မှန်းကာဆ
တမ်းတလို့ဆွေးစိတ်မပြေ
မှေးမှိတ်မလေ
မျက်တောင်တို့မြေးယှက်ပြန်တော့
တွေးချက်က သူ့မျက်နှာ
လ ထိန်ထိန်သာ
အသွင်မှာ ပျော်ကာမြူးသော်လဲ
ဘွင်မှာ မောကာ မူးပါပေါ့
လူးလား ဘွင်မှာ
ဆူး ခါး ရင် ဗျာ
လ ..လွင်လွင်မှာ
ကြင်သူတွေ ပျော်ကာမြူးသော်လဲ
အလျင် ပျော်ကာမြူးချင်ပေါ့။
သြော်
နှောက်ယှက်ဝဋ်ကြွေး
 
 
                                                                           မောင်ရေခဲ


ဝဋ်ကြွေး

ဆောင်းလယ်အိပ်မက်
အအိပ်ခက်တယ်
အိပ်စက်ဘယ်ပုံညွှန်းပါ့မယ် ။


နှောင်းဝယ် တိတ်ဘက်
အဆိပ်တက်တယ်
နှိပ်စက်သည်ပုံဖြစ်ရတယ်


လူ့ဝယ် စိတ်ဓာတ်
တံဆိပ်ခတ်တယ်
ခန်းပိတ် နှလုံးငိုကွယ်ရို့ ။


ခုနှယ် ဤဇာတ်
ချစ်ဓာတ် ပျက်သည်
စိတ်ဝယ် နေဝင်ညိုတယ်ကို ။



ဆောင်း တိတ် နှောင်း ချိတ်
လူခြေတိတ်သော်
ဆိတ်ဆိတ်ရင်မှာ ပြိုကျပါသည်
ဝဋ်နှယ် သည်ပုံဖြစ်သတည်း ။


မောင်ရေခဲ

ဝန်ခံချက် ။
              (ကိုနေဇော်လင်းဆီပို့ဖူးတယ်ဗျ....ညီနေဇော်လင်းရေ ကိုယ်တင်လိုက်ပြီနော်)


ဆားငံရေ

ရေတွင်း ဖြစ်စေဖို့
အေနေတြ ကျဉ်းခဲ့ပြန်ပါပြီ
လျင်မဲ့ ပြန်ဌါနီ ။

အတွင်းနက်နက်
တူးလေ နက်လေမို့
အထူးအထွေပြင်ရန်ခက်လှသည်
ရင်းခဲ့ စံရာဆီ ။

ဘဝကျင်းကိုလ
အလွ တူယွင်းနဲ့တူးမှဖြင့်
ကွယ်
စက်သွားထက်လွင့် ။

                                      မောင်ရေခဲ


ဖောက်ပြန်ခြင်း

ညဥ့် နက်နက် ကာရံပျက်
သွက်လက်ချိန်ခါ ။

ဘွင်မှာ ပျော်မြူးကျ
မော်မူးကြတဲ့ ဒီကမ်ဘာ ။

အတော်ကူးမှဖြင့်
လျှော်ဘူးကွယ် မထင်ရက်လေတော့
အဆင်ခက် သည်ညရိုးမှာ
လျှိုး
မှောက်လျက်ဆင်း ။


                                        မောင်ရေခဲ
                                  

သူ တွေးခဲ့တဲ့ ဒိုင်ယာရီ


ဟော ဟိုနားဆီက တစ်ဗျောင်းဗျောင်းနဲ့ပြေးလာတဲ့ မိုးအော်သံကို တားဆီးဖို့
သဘာဝဓမ္မက အမိန့်ထုတ်ထားတယ် ။
အဲဒီအချိန် ...
အဖြူရောင် ဝါဂွမ်းလေးက ရှက်ပြုံး ပြုံးကာလမ်းလျှောက်လာရဲ့ ။
တစ်ချို့ကို လမ်းပိတ် ....
တစ်ချို့ကို ချောက်ချ ....
တစ်ချို့က ကြောက်ကြ ဆိုပဲ ....
တကယ်တော့ ဒါ သဘာဝ ဓမ္မ ပဲလေ
ရှည်ရှည်ဝေးဝေးတွေးရင်
သူရို့ ပြောတဲ့ ဘုရားသခင် နဲ့ ကောင်းကင်ဘုံ မခေါ်တဲ့ သူ့ကို အပြစ်တင်တယ်
ခက်တယ်ကွယ်
ပြဿဒါးနေ့မှာမွေးတဲ့ငါက
နက္ခတ်မှားတဲ့ ရာဇဖွားဖြစ်ချင်တော့
ခနော်နီ ခနော်နဲ့ လောကဓံ နဲ့ စစ်ခင်းတယ် ။
မြစ်တလင်းတွေ ဖဲ့ဖဲ့တိုက် အမှိုက် သရိုက်ဆိုရင်
မြို့လယ်က မီးတောင်ကြွင်းပေါ့
ရက်လှေတွေ ရေဆန်အလှော်မှာ ညှော်မိသွားတဲ့
ငါ့ အံဆုံးလေးရေ
ဒီတစ်ခါ ငါ့ကိုဆေးသောက်ခွင့်ပြုပါ
လူတွေနီးတဲ့ ဟိုအဝေးမှာ ငါမနေပါရစေနဲ့
အသက်ရှုမွန်းကျပ် ရင်ဓာတ်တွေပျက်မှာစိုးလို့ပါ
အရိုးတွေ ဆွေးလဲ ရင်မဆွေးရင်
အမြင်ကြည်တဲ့ မင်းတို့ဝန်းကျင်မှာ ငါ ကာရံတစ်ခုပဲဖြစ်ပါစေ
ကြွေလွင့်ရလဲ ကျေနပ်တယ် ။


                                    ကိုရေခဲ

" ည " တေး

မြူတိမ်ကင်းတဲ့ည
ခပ်လွလွချတဲ့ခြေတစ်စုံ ရင်အုံတွင်းသက်ဆင်း
အခင်းအကျင်းစုံစီနဖာ တုန်ယီကာလှိုက်မောခဲ့ရ ။

မြူတိိမ်ကင်းတဲ့ည
ထယ်ထယ်ဝါဝါလင်းမြ အဆင်းလှတဲ့ရင်ခွင်နှစ်စုံ
အသွင်ကိုယ်စီခြုံလို့ ပန်ရောင်ကို်ယ်ရုံတစ်ခုက
မခို့တရို့ကြွေကျ ဒီည
သိပ်လှတယ် ။

မြူတိမ်ကင်းတဲ့ည
သောမနဿဝေဒနာတွေ တဖွားဖွားသွန်းချ လွမ်းရတော့မယ့် ဒီည
အနှစ်တွေအခါအခါ ထပ်ပေမယ့် ကံကြမ္မာလေအလွင့်မှာ
ကြွေလွင့်ခွင့်ရချင်ပါရဲ့ ။

မြူတိမ်ကင်းတဲ့ည
ရနံ့စုံပျံကျော် မောင်ဇော်ဂျီတို့ပျော်တဲ့ည အလွ အပ
သူရို့ဖန်ဆင်းခဲ့လေသလား ထွေရာလေးပါးသုံးသပ်တော့
အဆုံးသတ်အလွမ်းတစ်ပုဒ် သူရုပ်နဲ့သူ ဖန်းဆင်းတယ် ။

မြူတိမ်ကင်းတဲ့ည
နွဲ့နှောင်းသာယာကမ်ဘာလောက သြချလောက်အောင် တောထ
ဒီဘဝျပန္ဆုံပါ့မလား အတွေးနဲ့ရေး
အဆွေးတွေ အဝေးလွင့် ခပ်နင့်နင့် ရင်ဘတ်ကို
ဘယ်အတတ်တွေနဲ့ပြု့စား
ခုမ်ားမွ ငါ့ရင်ခွင်ခိုနား
ဒီည
ဘယ်မေ့ရမလဲကွယ် ။

                                      မောင်ရေခဲ

" ငါ့ " မသိခြင်းများ

အလွမ်းတွေတငွေ့ငွေ့ ၊ ဘုံဓလေ့မှာနေသူတိုင်း
ကြမ္မာရိုင်းနဲ့ဆုံတတ်တယ်တဲ့
ငယ္ငယ္က ဘိုးဘိုး စကား
ငါ ဘယ်အလေးထားတတ်ပါ့မလဲ
အနှစ်နှစ်အလလ စုဆောင်း
သူသရဖူဆောင်းဖို့
ကိုယ်ခန္ဓာရို့ရို့ ၊ သက်ပျင်းတွေညို့
ကြယ်ကလေးတွေတောင်ခိုးခိုးခစ်ခစ်ရယ်ကြပေါ့
တကယ်တော့
ငါ ...သံလမ်းတစ်ဖက်ဖြစ်သွားတာပါ
အရာရာသူ့တွက်တွေး
သူ့တေးတွက်ကိုယ်ဆို
မလိုတော့လွှင့်ပစ်ခံ
ဒါ ...တဖက်သတ်လောကဓံဆိုတာ
ငါ ဘယ္သိပါ့မလဲ
ရွှေငွေတွက် လှုပ်ရှား ၊ ဘဝ ကတုတ်ကြားထဲ
မလူသာ မလွန့်သာ
နွေလေးရူးက ဦးတည်ရာတိုက်ခတ်တယ်ဆိုတာ
ဒူးတည်ရာ တိုက်တတ်တယ်ဆိုတာ
ငါဘယ္သိပါ့မလဲ
အလဲလဲပြိုကွဲ
အကွဲအလွဲတွေ အနီးရောက်ဖို့
အလွတ်အကျွတ် ငါ့ကိုခွဲ
မရဲဘဲ ကျွဲလှည်းစီးချင်တဲ့ ငါ
ခုတော့
ရူးချင်သလိုလိုဖြစ်လာတယ်
ခူးမလို့ကြံတုန်း
တဒုန်းဒုန်း တဝုန်းဝုန်း တံခါးခေါက်သံ
ဘာများတဲ့လဲကွယ်
ကံကြမ္မာတံခါးလာခေါက်သံ
တညံညံ - ညံမဆဲပေါ့
စိတ်တွေကိုရှော့ရှော့ထားရတယ်
မသိခြင်းတွေနဲ့မိတ်ဆက်ဖို့သွားရင်း
တမေ့တမောနေလို့ ငါ ရူးသွားမှဖြင့်
အလို့လိုလေးတွေ တွေးတော
သြော်
တရေးတမောအိပ်အုန်းမှပါလေ


မောင်ရေခဲ