Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, January 8, 2016

အလင်းအိုငှက်




ဗာဒံရွက်တို့သန်းဝေချိန်
အလင်းရောင်တပ်သားကြီးဟာ
အလိုမတူစွာလက်နက်ချပေါ့

အရသာဟာ
လျှာပေါ်မြသွားခဲ့
တိမ်ဖုံးနေတဲ့မျက်စိနဲ့ ဆည်းဆာချိန်ကိုငေးမိပါတယ်

သာစွတကား ။



မောင်ရေခဲ
20/12/2015


အလွမ်းရိပ်ငြိမ်






ရိုးမရွှဲရွှဲစို
အငိုဓာတ်ရိပ်ဖမ်း
မလွမ်းသူဘယ်ခါရှိနိုင်ပ
မျက်ရည်စမ်းစမ်း





တိုးတိုးလေးကြိတ်ငို
စိတ်ညိုချိန်လငပုတ်ဖမ်း
စိတ်မှန်းချိန်အတိတ်ဆီကိုလ
ဆ,လျှက်ကယ်လွမ်း



လွမ်းလို့ငို တ,လျှက်လွမ်း
ဘယ်ကမ်းဆီဘယ်လိုမှန်းသော်လည်း
တောင်ရိပ်ညိုသည်နဘေးမှာ
ငေးလို့ မြည်တမ်း ။







မောင်ရေခဲ
7/7/2015



Wednesday, July 16, 2014

ကျင်းဝက ချစ်စိတ်

ချစ်စိတ်နဲ့ပုံတူ ကူးကြည့်တာပါ


နာမည်မတပ်လိုက်ပါနဲ့


ခံစားချက်တွေပေါ့သွားမှာစိုးလို့



အမျိုးအစားတွေနဲ့


ဇယားချမပြပါနဲ့ဗျာ


ရင်ဖုံးအင်္ကျီ မှာ


အသေအချာတပ်ထားတဲ့ ရင်ထိုးတံဆိပ်ရှိတယ်



ကျမ်းကြီး ကျမ်းငယ်တွေနဲ့


ကျုပ်ကို ခဝါချဖို့မပြောပါနဲ့ဗျာ


နုတ်တိုက်ရွတ်ခဲ့ရတဲ့ခေတ်တွေကို


အားနာလွန်းလို့ပါ



အနာမြင်ရဲ့သားနဲ့


အနာမဟုတ်ဘူးဆိုပြီး မခနဲ့ပါနဲ့ဗျာ


ခင်ဗျားကိုမှာအနာရှိတိုင်း


အကြီးအသေးတိုင်းပြနေသေး


အနာဖြစ်နေဖို့ပဲလိုတာမဟုတ်လား



အသက်ကြီးတာနဲ့ငယ်တာ


ချိန်ထိုးဖို့ထက်


လူဖြစ် လူပီသနေဖို့ မဟုတ်လား



တစ်ခါ တစ်ခါ ဇရာက အချိန်ငယ်တဲ့


သစ်ရွက်ကိုဖိနင်း


အယ်ဒါ


ပျော်စရာတဲ့



လူဖြစ်ပြီး လူပီသဖို့မဟုတ်လား


ချစ်စိတ်နဲ့ ပုံတူကူးကြည့်တာပါဗျာ


နာမည်တော့မတတ်လိုက်ပါနဲ့ ။ ။



                              မောင်ရေခဲ ( အဝတ်နီ )






Posted via Blogaway

Thursday, July 3, 2014

မန္တလေး

သောက်ရေအိုးအောက်က


ခပ်ဆွေးဆွေးသစ်သားလေးက 


မင်းပေါ့



နောက်ဆုံးအချိန်ထိ 


တွေဝေစွာ ငဲ့ကြည့်နေမိတုန်း


အသားထွင်းမျက်ရည်တွေက


ဒူးထောက်မော့ကြည့်


အဲဒါ ငါတို့လေ ။ ။



                          


                   မောင်ရေခဲ ( အဝတ်နီ )




Posted via Blogaway

Sunday, June 29, 2014

မီးတောက်ဆုပ်ကိုင်ခဲ့မိတဲ့ ညနေခင်း



အကြင်နာလက်လက်နဲ့ပြုစား
အစဉ်ထာဝရ တွေနဲ့ထုစစ်ထာ့း 
ရင် မီးပွားတွေတောင်ပုံယာပုံ
တောင်ဖြစ်ပေါ့ 
ငါဟာ
အချစ် 
အစစ် 
မကွဲပြားတဲ့
တံလျှပ်တစ်ခုပါ မိငယ်
ကလူ ကျီစယ်ရာလှုပ်ယိမ်း
အသိမ်းအနုတ်မကျွမ်းကျင်တဲ့
ကျွမ်းသမားလို
အသဲထပ်ခြမ်းခွဲရောင်းစာမိခဲ့တဲံ့
သံစဉ်ဖန်တီသူလို
အရာမထင်ခဲ့ပေါ့
ဖြူစင်မှုဆိုတာ
ရိုးမယ်မဖွဲ့တတ်ဘူးဆိုတာ
ငါ 


ကလူ ကျီစယ်ရာလှုပ်ယိမ်း
အသိမ်းအနုတ်မကျွမ်းကျင်တဲံ
ကျွမ်းသမားလို
အသဲထပ်ခြမ်းခွဲရောင်းစာမိခဲ့တဲံ့
သံစဉ်ဖန်တီသူလို
အရာထင်ခဲ့မိပေါ့
ခုတော့
ဒီဇင်ဘာနှင်းတွေ
မိုးတွေလိုတစ်ပြိုင်းပြိုင်းပြုတ်ကျ
နုတ်မရတဲ့ဆူးတွေကြား
တကယ်တော့
ငါနွံနစ်ခဲ့သူပါ
              မိငယ် ။ ။ ။





မောင်ရေခဲ ( အဝတ်နီ )




ငတ်မွတ်တဲ့နေ့စွဲ



အလွမ်းဖွဲ့ဖွဲ့ခဲ့မနက်ခင်း
ရင်ရင်းစားပြန်ရလိုက်သလို
ကြည်နူးရောင်ပြပြကိုချလို့
နေခြည်နုနုမှာ စုရပ်ပြတော့
မသပ်ရပ်ပေမယ့်
ချပ်ချပ်ရပ်ရပ်
လွမ်းစရာ

နဂိုကမ်းမှာမရပ်လို့
ရော်ရမ်းမလွမ်းတော့ဘူး
ချော်ရည်လမ်းပေမယ့်
မျှော်စေရာကမ်းမကပ်မိခဲ့တော့
ခု
ညောင်ညိုစခန်းရပ်မိပေါ့

စိုစိုပို့ပို့ကင်းတဲ့
အယောင်ဆောင်တစ်ချို့ကို
ရင်းစားအမှတ်နဲ့ဝါးချေလို့
အသားမသေနေ့ရက်များကြား
ကော်ဖီခါးခါးနဲ့လောင်းကြေးထပ်
မသပ်ရပ်တော့ပါဘူးလေ ။ ။ ။








မောင်ရေခဲ ( အဝတ်နီ )




ရာသီကော်ဇောပေါ်က မျက်ရည်စ



မိုးတွေတောင်ဘောင်ဘင်ခတ်သွားတယ်မိငယ်
ငါ ရင်မချိပေမယ့်
နင်တမင်မသိချင်ဆောင်တာမဟုတ်ပါဘူးနော်
မဟုတ်ခဲ့ပါဘူးနော်

ငါအခါခါဆုတောင်းနေတယ်
ဆုတောင်းမိနေတယ်
ရိရွှဲနေတဲ့အပုတ်နံ့တွေကင်းဖို့
မြေပြင်မှာသလင်းရနံ့တွေသင်းဖို့
မှန်ကင်းတွေရနံ့အဆင်းလှစေဖို့ကအစပေါ့

တယ်လီဖုန်းလေးက
ငါတို့အတွက်ဖြေသိမ့်စရာလေးတွေသယ်ဆောင်ခဲ့ကြောင်း
နင့်ကိုနတ်ဆိုးတွေကပြန်မပြောပြဘူးလား
နင်မို့အရူးစကားယုံတယ်

မိုးည
နွေည
ဆောင်းည
ချစ်သမျှပတ်ပျိုးကိုပြန်ဆိုစရာမလိုပါဘူး
ရင်ဘတ်ကခုထိအသစ်ကြီးပါမိငယ်ရဲ့

နေထိုင်မကောင်းဖြစ်တုန်းက
ငါမှတ်မိသေးတယ်
ရင်ချင်းနီးနေတဲ့ငါတို့
ကံကြမ္မာကိုမခို့တရို့ကြည့်လို့
ဟော့လိုနွေညတွေကိုဖြတ်သန်းဖူးတယ်

မလည်မဝယ်ကံတရားကို
ငါတို့ကောင်းကောင်းခြယ်လှယ်ခဲ့ကြတယ်နော်
ကယော်ကယော်နဲ့
နင့်ရဲ့ပြောင်စပ်စပ်မျက်နှာလေး
ခုထိမြင်ယောင်တုန်း
ငါကပဲရုံးထွက်နေသလား
နင်ကပဲပြုံးပြနုတ်ဆက်သလား
ငါ့ကိုယ်ငါပြန်မေးမေးနေရတယ်

သွားတော့
ထွက်သွားလိုက်တော့
တကယ်တော့ငါမိုက်တာပါ
နင့်အရိပ်အပ်ချည်စ ကို
တစ်စတစ်စမျှယူချင်မိတာလေ

လေပြေသွေးတစ်ချက်ဝှေ့မှာ
ငါကနင့်ရဲ့ကျန်ရစ်သား
တမင်ချန်မထားပါနဲ့
တမင်ချန်မထားပါနဲ့လို့ငါအကြိမ်ကြိမ်ဆုတောင်းမိနေရဲ့. ။ ။ ။ ။








မောင်ရေခဲ ( အဝတ်နီ )



နင်ခင်းတဲ့ မနက်ဖြန်



ငါ့နေရာတွေက
ရာသီပြောင်းမှာပွင့်တဲ့ပုတ်သင်လိုပဲ
အရောင်တွေက
အချိုးအစားမကျဘူး
ငါ့ရဲ့သနပ်ခါးမလေးက
Block ဆိုတဲ့စကားနဲ့
အရင်းနှီးဆုံးဆက်ဆံတယ် ။ ။


 


 


မောင်ရေခဲ (အဝတ်နီ)




အနုတ်ပြတဲ့ ညလေးထဲကမိငယ်



အိပ်တန်းပျံသန်းမယ့် 
တိမ်ပြာအိပ်မက်ကလေးက
မျက်ရည် စက်လက် ထွက်သက်ကိုစတင်နေပြီ မိငယ် ၊
ပျံပါတော့
ဝဲလိုက်ပါတော့
အမြင့်ကို ပျံရင်တော့ ကော်ဖီခါးခါးလေးသောက်သွားကွယ့် မိငယ်ရဲ့ ၊
အညှာလွယ်တဲ့ စစ်သည်တေးသွားတွေက
ဝုန်းခနဲ စည်သံဟိန်းမှဖြင့်ကွယ်
ငှက်သင့် ရင်း ငှက်ဖျားပါရောမိမပေါ့ ၊
်လွတ်လပ်လိုက်ပါတော့ မျောလွင့်လိုက်တော့
ခြေရာတွေကောက်လိုက်တော့
အမြင့်ပျံငှက်ဆိုတာ
ကော်ဖီ ကိုတော့ကြိုက်ကွဲ့
တစ်နေ့တစ်ခါစစ်တုရင်ထိုး
မရိုးနိုင်တဲ့ ပြကွက်တစ်ချို့နဲ့မိတ်ဖွဲ့
ဒို့တွေ မဝေးနိုင်တဲ့ နိမိတ်တွေပါကွယ်

မျက်စိတစ်ချက်မှိတ်ရင် မင်းကန့်လန့်ကာကြီးကဆီးမိုးနေပေါ့
ကိုယ်ထုတ်စည်းတိုးတန်းမကစားဘူး မိငယ် ၊
စစ်သည်တော်တွေကျင့်ဝတ်နဲ့
သာမညောင်ည ကဗျာလေး
မင်းဆီ ပြဿဒါးဆန်ဆန်ရောက်လာခဲ့ရင်
မင်းလက်မကမ်းလိုက်နဲ့နော်
ရင်းချင်းနီးတဲ့ပြယုဂ်လို့သာ မှတ်ထင်ပါကွယ် ၊
မငိုပါနဲ့ မင်းမငိုပါနဲ့
မနီးခဲ့တဲ့ လက်တွေ ငါတို့တွေမှ မဆုပ်ကိုင်နိုင်တာ
အရုပ်ရေးလို့ ဘယ်ထင်ပါ့မလဲမိငယ် ၊
မိုးတွေညို့လာပြီး
ငါမုန်းတယ်မိငယ် ၊
မင်းနဲ့ငါရဲ့
လမ်းခွဲတေးကိုပေါ့ ။ ။








 မောင်ရေခဲ ( အဝတ်နီ )



Friday, June 20, 2014

နွေအကြမ်းကိုငုံ့သောက်ကြည့်မိတဲ့ခဏ

လှည့်မကြည့်နဲ့တော့မိငယ်


တော်တော်ကြာ


ကိုယ့်အရိပ်ကိုယ်ပြန်ထီးမိုးနေရအုန်းမယ်


နားနေကျ


အမောပြေနေရာလေး


မင်းမခွဲချင်မှန်းကိုယ်သိတာပေါ့



မင်းစိုက်တဲ့ဥယျာဉ်ကလေးက


ခုဆို


ငွါးငွါးစွင့်စွင့်ပန်းကလေးတွေပွင့်လုပေါ့


မိုးဦးကျချိန်ဆို


ကော်ဖီခွက်တင်ခဲ့တဲ့စားပွဲလေးကလည်း


သတိယစရာပါပဲလေ



မိငယ်ရေ


ငါတို့မျက်နှာသစ်ကြစို့နော်


ရေမရှိလည်းငါတို့အချစ်တွေကကြည်လင်နေတယ်လေ



ငါတို့ရထားလေး


ဘယ်ကပတ်ပြေးပြေး


ဘူတာတစ်ခုရောက်တိုင်း


ခေါင်းလေးမှေးတင်တိုင်း


အိမ်လွမ်းနေတာသိပေမယ့်


ကိုယ်ကိုယ်တိုင်ဖြေသိပ်ဖို့ခက်နေတယ်ကွယ်



ရဲဆေးတွေတင်တင်ထားရတယ်


အသဲမအေးတာမင်းသိသားပဲ


အိပ်တော့နော်


ခနနေမိုးလင်းတော့မယ်


အဲဒီကျမှ


မိုးခေါ်ဖို့လွန်ဆွဲကြတာပေါ့ ။ ။ ။



                                       ကိုရေခဲ



Posted via Blogaway



Posted via Blogaway




Posted via Blogaway

အခင်းအကျင်းမလှတဲ့ညထဲကမိငယ်

ငြိမ်နေမလို့ပဲမိငယ်


အရေးဆို ကိုယ်တို့ဂျက်ကီလေးက


အမြီးပဲ့နံ့နံ့ပြတတ်တာမင်းအသိပဲ



ရင်မချိပေမယ့်


မနက်တွေကိုလေပြေသိပ်ထိုးထားတော့


စိတ်မချတချနဲ့


အိပ်မရတဲ့ညတွေက


ကိုယ့်ကိုခိုစီးလာတယ်



တကယ်ဆို


ကိုယ်တို့ကျားရိုးသွေးတိုက်ခဲ့ရမှာ


ဂျက်ကီလေးကိုသင်တန်းကျောင်းပို့ဖို့


မင်းကိုပြောခဲ့မိသား


မင်းပဲအချစ်ပိုခဲ့တာလေ



အပြစ်ဆိုမလို့ပဲ


စနစ်တွေကဒိုင်ပင်ထိုးနေတော့


အချစ်ကပြောက်ပြောက်သွားတယ်



ကတ္တီပါကော်ဇောလေးဝယ်တုန်းကလဲ


ဂျက်ကီပဲအရင်ဖျက်တယ်


မင်းပဲပြောတယ်လေ


သင်ရင်တတ်တယ်ဆို


အခု


အနံ့ဆိုးတွေကြားမှာညအိပ်ရပြီ



ဂျက်ကီလေးကိုကိုယ်လည်းချစ်ပါတယ်


တိရစ္ဆာန်ရုံမှာကျားရိုးသွားတောင်းရအောင်နော်


ပြီးရင်


ကိုယ်တို့သင်တန်းကျောင်းပို့ကြတာပေါ့ ။



                                  ကိုရေခဲ




Posted via Blogaway

Saturday, June 7, 2014

လမ်း ( ၁ )

အတ္တတစ်စုကိုမွေးမြူဖို့ဆိုရင်


ဓားအသွားကောင်းတစ်လက်ကို


သိုဝှက်ထားဖို့လိုလာလိမ့်မယ်



အတ္တနည်းတဲ့သစ်ပင်စိုက်မှ


သစ်ကောင်းဝါးကောင်းမှတ်မှာမဟုတ်လား



မိတ္တူခေတ်ကုန်ပြီလို့မပြောပါနဲ့


ပုံတူတွေများလွန်းလို့


ကိုယ့်ရုပ်ကိုယ်တောင်မယုံချင်တော့ဘူး



အရူးလား


ဒီကမ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘာမှာအပေါဆုံးအရာပဲလေ


မိုက်တာတောင်မှ


ရူးပြီးမိုက်ပြတဲ့ခေတ်



အသစ်တွေနောက်


အနှစ်ကင်းလာတာပါပဲလေ ။ ။ ။




                              မောင်ရေခဲ ( အဝတ်နီ )




Posted via Blogaway