Tuesday, May 12, 2026

လမ်း ( ၁ )

အတ္တတစ်စုကိုမွေးမြူဖို့ဆိုရင်

ဓားအသွားကောင်းတစ်လက်ကို

သိုဝှက်ထားဖို့လိုလာလိမ့်မယ်

အတ္တနည်းတဲ့သစ်ပင်စိုက်မှ

သစ်ကောင်းဝါးကောင်းမှတ်မှာမဟုတ်လား

မိတ္တူခေတ်ကုန်ပြီလို့မပြောပါနဲ့

ပုံတူတွေများလွန်းလို့

ကိုယ့်ရုပ်ကိုယ်တောင်မယုံချင်တော့ဘူး

အရူးလား

ဒီကမ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘာမှာအပေါဆုံးအရာပဲလေ

မိုက်တာတောင်မှ

ရူးပြီးမိုက်ပြတဲ့ခေတ်

အသစ်တွေနောက်

အနှစ်ကင်းလာတာပါပဲလေ ။ ။ ။

                                     မောင်ရေခဲ ( အဝတ်နီ )





No comments: