Sunday, September 30, 2012

ကင်ဆာ

ဝိညာဉ်တွေနဲ့စီးချင်းထိုးတဲ့ည
တစ်ခဏ
ငါ ကြားလိုက်ရတယ်  ..။
သူလဲမကြာခင်ငါတို့လိုဖြစ်တော့မှာပါကွာ ..တဲ့
အဲဒီ နိယာမ
ကြားရသူတိုင်းခေါင်းငုံ့တယ်
ကြားရသူတိုင်းနုတ်ဆိတ်တယ်
ကြားရသူတိုင်းမျက်ရည်မိုးတွေဆွေတယ်
ဒီတစ်ခါ ငါ က ကြားရတဲ့သူမဟုတ်တော့ဘူး
အခု ...
ငါ ...
သူရဲကောင်းကြီးဖြစ်ချင်တယ်
ပြီးတော့ ...
ငါ့ ရုပ်ကြွင်းတွေ မြေမခ ခင်
ဒီခြောက်လ 
မလောက်ငှတာသေချာပေမယ့်
အသက်ဆိုတာ
ဝေငှလို့မှမရတာ
ခဏတာ ...ငိုကြ
ခဏတာ ...ရယ်ကြ
ခဏတာ ...ခံစားကြ
ခဏတာ....လွမ်းကြ
ခဏတာ ...ချစ်ကြ
ငါ လည်း ဒီ ခဏတာထဲနစ်မြုပ်ခဲ့တာပဲ
ကဲ ....
ဒီချိန်မှာ ငါ ဒူးထောက်လဲမင်း ငါ့ကို 
ဆွဲခေါ်မှာမဟုတ်လား
ခေါ်ပါ
ငါ့ လိုလူတွေကောခေါ်ပါ
တကယ်ဆို ငါဟာ ဆေးလိပ်တိုအောင်လဲ
မသောက်ရသေးပါဘူး
နေညိုချိန်အထိတောင်စောင့်ခွင့်မရတဲ့ခရီးသည်ပါ
ငါ ...မင်းတို့အတွက်ထားခဲ့ပါတယ်
ဖတ်မကောင်းပေမယ့်
ငါ ဟာ ခရီးလွန်ပြီးမှ လက်ကမျင်းတဲ့ကောင်ပါ
ကသောကမျောတွေကြားထဲက
ဓားစားခံတစ်ယောက်ပါ
ခု ငါကြေနပ်ပြီ
ငါ ရုပ်ကြွင်းနောက်ပါ
ရေးထားတဲ့စားလေးဖတ်မိပြီးမဟုတ်လား
မင်းတို့ ငါ့လို သူရဲကောင်းမဖြစ်ချင်ပါတော့နဲ့ဗျာ
တကယ်တော့ .....

                                                မောင်ရေခဲ
                        






 
 

Wednesday, September 26, 2012

˙·٠•●♥ သဘာဝ ♥●•٠·

ကြင်လှည့်
မြင်လှည့်
အကျွန်တောင်းဆို
တောင်းဆုဆို၏
သခင်မကြင်ရင်ဖြင့်
နွေရင်ခွင်ကန္တာဦးမှာ
ဦးညွှတ်သည့်ထင်  ....။
ရင်ခွင်
လွင်ပြင်
သခင်ကြင်မှဖြင့်
နွေမှလွင့်ဝေးရာ
ချစ်ကြင်ရာသည်မြေတော့မှာ
မောလိမ့်မထင်
ထင်မြင်မြင်ရာလောက
အချစ်ရှိတဲ့လောက
အနှစ်ရှိတဲ့လောက
ပြောသမျှအရာ
သဘောကျစရာများပါလိမ့်
တွေးစိမ့်ထင်မြင် ...။
မျောကြ
လောက
သောကတို့ဝေးရာ  ဆွေးစရာ
တကယ်မေ့စေဖို့
တွေးစရာသည်မြစ်တွင်း
ချစ်ခြင်းတွေစီးဆင်းမှကွယ်
အကြင်နာသည်ရေတောမှာ
တွေးစိမ့်ထင်မြင်    ။။

                                     ကိုရေခဲ



˙·٠•●♥ ကိုယ်တွေ့ ♥●•٠·

အလွမ်းငဲ့
လှမ်းလှည့်
ကမ်းလက်တွေထဲငြိကပ်
စန်းတည့်တတ်တဲ့အရာ
အချစ်မှာရှိတယ်  ။
အချစ်ဝဋ်
ရစ်ပတ်ဖူးသူတိုင်း
ချစ်တတ်ဖူးသူတိုင်း
ဒီဝဋ်ရိုင်းနဲ့ဆုံတွေ့
တဒင်္ဂမူးမေ့ဖူးကြတယ်
အစဉ်အရူးလေ့ရှိကြတယ်
ဟုတ်တယ်
အဟုတ်တကယ်ရူးတယ်
အချစ်တကယ်မူးတယ်
ငါ တကယ်ရူးတယ်
အရာရာအကုန်မေ့
ဘုံဓလေ့
ဆုံတွေ့ခဲ့ရဖူးသူတိုင်း
ကြုတွေ့ခဲ့ရဖူးသူတိုင်း
လှိုင်း
ရိုင်းစိုင်းတယ် ......။

                       ကိုရေခဲ


Thursday, September 20, 2012

˙·٠•●♥ ပုံတူ ♥●•٠·

ရွက်ကြွေတော
အမျက်ဖြေစောစေဖို့
သက်သေကဗျာတွေအဖြစ်
တင်သွင်းကာထုဆစ်လိုက်တယ်
ရင်ဘတ် နဲ့လေးးးးးးးးး.......
                 
                                        ကိုရေခဲ
         

Monday, September 17, 2012

˙·٠•●♥ အရူးကြီးကဗျာ ♥●•٠·

ရည်ရွယ်ချက်တွေပြည့်ဝဖို့
ကြံစည်ထားတာတွေအထ မြောက်ဖို့
ပန်းခန်းလမ်းတွေ ...
ခယောင်းလမ်းတွေ ...
ဘဝမှာ ..ရှိချင်ရှိမယ် ..မရှိချင် မရှိဘူး
ငါလည်း လျှောက်ချင်လျှောက်မယ် ...
မလျှောက်ချင် မလျှောက်ဘူး
ငါ့လမ်းက ...
ဘီးလူးဆိုင်းတီးလျှက် လျှောက်လိုလျှောက်မယ်
အရူးတစ်ပိုင်း အဖြစ်လည့်ရောက်လိုရောက်မယ်
ငါ့ဘဝက နေသလိုရောဖြစ်သလိုရောဖြစ်တယ်
နက်ဖြန်ပေါင်းများစွာအတွက်
ကိုယ့်အသက်ကိုတောင်
မပိုင်ဆိုင်ကြသူတွေမို့်
ဘယ်အရာမှမမျှော်လင့်တော့ဘူး
ပြုံးရမလား ...?
ငိုရမလား .. ?
ရယ်ရမလား...?
လွမ်းရမလား ...?
ဆွေးရမလား... ?
တွေးရမလား... ?
ဖြစ်ရပ်တွေအကုန်စုပြုံလာမလား ...?
ရတယ်  ။
ငါလုပ်နိုင်တယ်  ။
ငါသေရင်တော့ ...
နေရစ်ခဲ့ကြ   ။

(သူငယ်ချင်း ကိုမှင်စာ ..သို့အမှတ်တရ )

ကိုရေခဲ



Thursday, September 13, 2012

ထောင့်ချိုး

ပြုပြင်ဆဲယာဉ်တို့ရဲ့
ဖြစ်နေကြထုံစံတွေဟာ
ခန္ဒာကိုယ်တွေထဲ
နည်းနည်းချင်းစိမ့်ဝင်နေတယ် ။
လာမခေါ်နဲ့ ...
မကြားဘူး  ..
ဒီလိုလဲ ရှိရဲ့   ..။
ပြုပြင်ဆဲပတ်ဝန်းကျင်တွေထဲ
ငါ ....
နည်းနည်းချင်း တိုးဝင်တယ်
နင်းချေခံရမှု့များ  ...........
ရွက်လွင့်များ .............
ဂျစ်ပစီများ ........
တန်ဖိုးမထားမှု့များ ........
လုယက်မှု့များ .........
တွန်းထိုးမှု့များ .............
.......များ ......
အဲဒီ အရာတွေကြား
ပြုပြင်ဆဲ ယာဉ်တစ်စီးဖြတ်သွားတယ်  ။
ဒီတစ်ခါတော့
သူတို့ပြောကြပါရဲ့
ကမ္ဘာစစ် လက်ကျန်
လက်သင့်မခံသင့် "  တဲ့ .....။

                     ကိုရေခဲ
           14/9/2012