Wednesday, September 26, 2012

˙·٠•●♥ သဘာဝ ♥●•٠·

ကြင်လှည့်
မြင်လှည့်
အကျွန်တောင်းဆို
တောင်းဆုဆို၏
သခင်မကြင်ရင်ဖြင့်
နွေရင်ခွင်ကန္တာဦးမှာ
ဦးညွှတ်သည့်ထင်  ....။
ရင်ခွင်
လွင်ပြင်
သခင်ကြင်မှဖြင့်
နွေမှလွင့်ဝေးရာ
ချစ်ကြင်ရာသည်မြေတော့မှာ
မောလိမ့်မထင်
ထင်မြင်မြင်ရာလောက
အချစ်ရှိတဲ့လောက
အနှစ်ရှိတဲ့လောက
ပြောသမျှအရာ
သဘောကျစရာများပါလိမ့်
တွေးစိမ့်ထင်မြင် ...။
မျောကြ
လောက
သောကတို့ဝေးရာ  ဆွေးစရာ
တကယ်မေ့စေဖို့
တွေးစရာသည်မြစ်တွင်း
ချစ်ခြင်းတွေစီးဆင်းမှကွယ်
အကြင်နာသည်ရေတောမှာ
တွေးစိမ့်ထင်မြင်    ။။

                                     ကိုရေခဲ



1 comment:

စံပယ်ချို said...

နူးညံ့မှုလေးတွေအပြည့်ပဲ
ဟိုတုန်းက ဆရာမောင်စိန်ဝင်းကဗျာတွေဖတ်ရသလိုပဲ
ခင်မင်တဲ့ jasmine