Sunday, September 30, 2012

ကင်ဆာ

ဝိညာဉ်တွေနဲ့စီးချင်းထိုးတဲ့ည
တစ်ခဏ
ငါ ကြားလိုက်ရတယ်  ..။
သူလဲမကြာခင်ငါတို့လိုဖြစ်တော့မှာပါကွာ ..တဲ့
အဲဒီ နိယာမ
ကြားရသူတိုင်းခေါင်းငုံ့တယ်
ကြားရသူတိုင်းနုတ်ဆိတ်တယ်
ကြားရသူတိုင်းမျက်ရည်မိုးတွေဆွေတယ်
ဒီတစ်ခါ ငါ က ကြားရတဲ့သူမဟုတ်တော့ဘူး
အခု ...
ငါ ...
သူရဲကောင်းကြီးဖြစ်ချင်တယ်
ပြီးတော့ ...
ငါ့ ရုပ်ကြွင်းတွေ မြေမခ ခင်
ဒီခြောက်လ 
မလောက်ငှတာသေချာပေမယ့်
အသက်ဆိုတာ
ဝေငှလို့မှမရတာ
ခဏတာ ...ငိုကြ
ခဏတာ ...ရယ်ကြ
ခဏတာ ...ခံစားကြ
ခဏတာ....လွမ်းကြ
ခဏတာ ...ချစ်ကြ
ငါ လည်း ဒီ ခဏတာထဲနစ်မြုပ်ခဲ့တာပဲ
ကဲ ....
ဒီချိန်မှာ ငါ ဒူးထောက်လဲမင်း ငါ့ကို 
ဆွဲခေါ်မှာမဟုတ်လား
ခေါ်ပါ
ငါ့ လိုလူတွေကောခေါ်ပါ
တကယ်ဆို ငါဟာ ဆေးလိပ်တိုအောင်လဲ
မသောက်ရသေးပါဘူး
နေညိုချိန်အထိတောင်စောင့်ခွင့်မရတဲ့ခရီးသည်ပါ
ငါ ...မင်းတို့အတွက်ထားခဲ့ပါတယ်
ဖတ်မကောင်းပေမယ့်
ငါ ဟာ ခရီးလွန်ပြီးမှ လက်ကမျင်းတဲ့ကောင်ပါ
ကသောကမျောတွေကြားထဲက
ဓားစားခံတစ်ယောက်ပါ
ခု ငါကြေနပ်ပြီ
ငါ ရုပ်ကြွင်းနောက်ပါ
ရေးထားတဲ့စားလေးဖတ်မိပြီးမဟုတ်လား
မင်းတို့ ငါ့လို သူရဲကောင်းမဖြစ်ချင်ပါတော့နဲ့ဗျာ
တကယ်တော့ .....

                                                မောင်ရေခဲ
                        






 
 

No comments: