( ၁ )
ခံစားရလွန်းလို့
သူမမြင်ရာသဝန်တို
သူ့ ရှေ့ဆိုငုတ်တုတ်မေ့
ရင်ငွေ့တွေတောင်အေးစက်
တဝက်တပြက်စကားတွေ
ရင်ဝ မှာမြို မြို ချရတယ်
မလွယ်လိုက်တာကွယ် ။
( ၂ )
ခံစားရလွန်းလို့
ခစားနေကြဒီချိန်
သခင်ကိုမမြင်ရရင်
ရင်မငြိမ်လှ
စိန် မရ ၊ မြ မလိုချင်
ဒီရင် မှာသူ့ကိုခင်သည်
နေညိုချိန် ပ ။
( ၃ )
ခံစားရလွန်းလို့
သခင့်ကျွန်းမှာဖြင့်
ထွန်းလင်းတယ် လရွှေရောင်
အမှောင် မှောင်သူခွင်း
ရင်ချင်းတိုင်းမင်းမူတယ်
တို - ရက်ဘူးကွယ်
ရွှေစိတ်တော်ညိုးမှဖြင့်
ပျော်ရွှင်ဖွယ်ဒီရက်
သောကတွေတပုံတပင်နဲ့
ကတုန်ကယင်ညဥ့်နက်နေပါ့မယ် ။
( ၄ )
ခံစားရလွန်းလို့
အဝေးကြီးဝေးခဲ့ သုံး နဲ့ လေးလို
ငို မရ ၊ ရယ္မရ
ဆယ်ကမ်ဘာ ဆယ္ည
ရင်မျက်ရည် တဖြားဖြားက်
တားမရ ၊ ဆီးမရ
ငြီးချင်းတွေ တောင်လက်တန်းရပေါ့
ကံကြမ္မာကိုပြန်ကျော့မယ့်နေ့ ။
( ၅ )
ခံစားရလွန်းလို့
နေမင်း နဲ့ လမင်း
အပြိုင် ပြိုင် ထွန်းလင်းကြ
ချစ်ခြင်းတွေအတူလှစ်ပြ ခယ ဝပ်ဆင်း
ငါ ဟာနေမင်းပေါ့
နင့်ရှေ့ကို ဒူးထောက် ချစ်
ငါ့ ညတိုင်း နင့်နေ့ဖြစ်
ရက် ( ၃၀ ) မှာတစ်ခါပြုံးပြ
ရုန်းမရတဲ့အဖြစ်သနစ်
ငါ့ကိုယ်ကိုရုန်းရင်းဆံခတ်ဖြစ်တယ် ။
( ၆ )
ခံစားရလွန်းလို့
အကြွေပန်းတဲ့
နေနမ်းရင်ခြောက်သွေ့
ရက်စေ့ရင်အိမ်ပြန်ရမှာပဲလေ
မပြန်ခင်တဝေဝေဖြစ်ဖို့
ပန်းရောင်တို့ရစ်ချီ
အသစ်အသစ်တွေဆီသို့
မင်းကိုပို့ချင်ရဲ့
ဦးနှောက်တို့ညစ်ဆဲမှာ
ငါ့ ဘက်ကမှားတာပါလို့ မညည်းစေချင်
တကယ်တော့
မင်းကို ရွှင်ပြစေချင်တာပါပဲ ။
( ရ )
ခံစားရလွန်းလို့
တတွေတွေကျမျက်ရည်ဝေ
အလွမ်းသက်သေဆိုတာသိရဲ့
ကမ်းမရှိ ၊ လမ်းမမြင်တုန်း
ငါ့ ပခုံးကို ကမ်းပေးချင်ရဲ့
ပျော်ရွှင်နေတဲ့အချိန်
ပခုံး ထက်မှာ မေးတင်
ကောင်းကင်မှာ - က - ကြိုးဆင်ပေါ့
သောက နဲ့ ဖြတ်သန်း ခရီးကြမ်းခဲ့ရင်
ပခုံး မွာ မျက်နှာအပ်
အမောတွေ သတ်ပစ်နိုင်တယ်
ပခုံးငှါးတယ်ကွယ်
နှလုံးသားမရပ်သရွေ့ပေါ့ ။
( ဂ )
ခံစားရလွန်းလို့
ဆောင်းနှင်းကြွေတဲ့ချစ်နယ်မြေ
အဟောင်းတွေ အသစ်ပြန်ဖြစ်
သစ်ပုတ်ပင်ကြီး နဲ့ အတူတူပေါ့
ကလူ ကျီးစယ်ခဲ့ကြ
အတူရယ်မောခဲ့ရ
အတိတ်ဖလင်တွေ တစ်ခန်းပြီး တစ်ခန်းကျ
လွမ်းရ ဆွေးရ
အဲဒီမြစ် ထဲ စီးမြောတုန်း ခဏ
အခ်စ္ပီ သ ခဲ့ပေါ့ ။
( ၉ )
ခံစားရလွန်းလို့
နှောင်းအတိတ်ရဲ့ လူခြေကင်း ညနေခင်း
အလင်းတွေရဲ့ ကြက်ခြေခတ်နေ့စွဲ
အလွဲဆိုတာ ဖိတ်ခေါ်မဲ ဧည့်သည်
ကြယ်တာရာတွေခေါ်ပြီးခမည်းပေးလိုက်ချင်တယ်
ရင်လွှာတွေမတိုက်စားစေဖို့
ရေကာတာလိုအရာမျိုးရှိရင်လဲကောင်းမယ်
ရွာသူ ကဝေကို ခေါစာကြွေး
လွတ်မြောက်ရေးလုပ်လို့ရရင်လဲအဆင်ပြေမယ်
ဒီလိုဆို
ကံကြမ္မာ ဆင်ခြေမတက်တော့ဘူးပေါ့ ။
( ၁ဝ )
ခံစားရလွန်းလို့
ယွန်းယွန်းသွားတဲ့ ခြေလှည့်နေခြည်က
ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ စစ်သုံပန့်လို
နောက်တစ်ရက် ......
နောက်တစ်ရက် .....
လွတ်မြောက်ဖို့ ခက်ခက်လာတယ်
တကယ်တော့
လ တစ်စင်းရဲ့အကျဉ်းခံဖြစ်သွားတာပ
စိတ်လျှော့ ဒူးထောက်လိုက်ရ
ငါ့ကို သမိုင်းမတင်ကြရင်အကောင်းသား
နောက်လူတွေအတုခိုးမှာစိုးလို့ပါ ။
( ၁၁ )
ခံစားရလွန်းလို့
နေညိုပန်းချီကားရဲ့ ရွှေအိုရောင်လွှမ်းတဲ့ ညောင်ညိုစခန်း
မျက်ခမ်းနဲ့ရစ်ယူ စစ်မူပစ်လိုက်ချင်တယ်
တပ်သားတို့တပ်မခေါက်ရင်ပေါ့
အတွေးတွေနောက်ကန်နေတဲ့ ငတို့ ခေတ်က
အရောင်ညစ်ညစ်တွေလှလှချယ်
ရယ်ကြည့်ချင်တာတောင် မလွယ်မှတော့
အတွယ်အတာမဲ့တတ်လာတာလဲ
သဘာဝကပေးတဲ့ဆုတစ်ခုလိုဖြစ်
ငါတိုးဝင်မိတာသဘာဝကျပါတယ်လေ ။
( ၁၂ )
ခံစားရလွန်းလို့
သူဖို့ ကိုယ့်ဖို့ဆိုတာ
ချိန်ခွင်လျှာ တစ်ဖက်ညွှန်ပေါ့
ရက်ရောခဲ့ ဒီရင်မှာ
အသွင်မှာမညီသော်လည်း
အသဲ မွာ သူမျက်နှာတံဆိပ်
ခပ်ခဲ့သည်ပဲ
အပြစ်တွေဘယ်လိုရှိရှိ
အချစ်တွေဘယ်လိုပစ်ပစ်
မမြင်ရက်သူ့ဘက်ကို
ပြစ်ပြောနဲ့ဆို
ကံကြမ္မာသူငြိုးရက်မှ
မပြန်သာလမ်းထက်ရောက်လဲ
ရင်ထဲထိသူရှိဆဲကွယ်
အလွှဲသာ သူ့အသဲမှာဖြင့်
တစ်ပဲသာ သူ့မောင်ချစ်မှဖြင့်
တွေးတော့ဘူးကွယ်
ခံစားရလွန်းလို့..............
ခံစားရလွန်းလို့...ပါ ။
မောင်ရေခဲ