Tuesday, May 12, 2026

မျိုမကျသော .....စိတ်ရင်းများ

ရင်တစ်ချက်ခတ်တိုင်း
ခြေလှမ်းမငြိမ်တော့ဘူး ကောင်မလေးရေ
ရင်အဝှေ့မှာ
ကံကြမ္မာအကြောင်းတွေးဖို့နေရာတွေပျောက်တယ်
အလွယ်လေးတွေးတိုင်း
ခက္တာမွမဟုတ္တာ
အလုပ်ဆိုတာ ကိုယ်တိုင်ထွန်ယက်မှ
အသီးကိုချစ်တတ်တာလေ
 ခပ်ထွေထွေသာ တွေးပစ်လိုက်ချင်တယ်
ပင်လယ်ကြီး အကြောင်း
လူတွေပြောတဲ့အချစ်တရား အကြောင်း
အလွမ်းတရား အကြောင်း
အမုန်းတရား အကြောင်း
 နောက်ဆုံး ဥပေက္ခာတရား အကြောင်း
မလုံလောက်တတ်တဲ့ဆန္ဒတွေ အကြောင်းဆိုပါစို့
တကယ်တော့
ဘဝဆိုတာ ခပ်ဖြေးဖြေးညဉ်းလိုက်ရတဲ့
အိပ်ယာဝင်တေးလောက်မှ မချိုမြိန်တာ
အိပ်မက်ဆိုတာ က လဲ နိုးထ ခြင်းရဲ့ တစ်ဖက်မှာ
မျက်ရည်ခါးခါး တွေပဲမျိုချ - ချနေရတယ်
ရွားရွားပါးပါး သစ္စာတရားတွေကိုတော့
 နင် ... ဖြိုမချလိုက်ပါနဲ့ လို့တော့ ဒူးထောက်လိုက်ချင်ရဲ့
အမြီးအမောက်မတည့်တဲ့လောကဓံနဲ့ကြုံတိုင်းပေါ့
ဆုံခဲ့တာတွေကို မမေ့ဖို့
အလုံ အခြုံ ဝတ်ဆင်ထားတဲ့
ကြင်နားတရာတွေလဲလိုတယ်
လိုအပ်ချက်တွေဆိုတာ
ပေါက်ဖွားလွယ်တဲ့ သတ္တဝါတစ်မျိုးပါပဲ
ရွေးချယ်စရာတွေများလာတဲ့အခါ
အမှားတွေက လက်ကမ်းလာတယ်
ကမ်းလက်တိုင်းသာ လှမ်းဖက်ကျေးသာဆို
ဒီတစ်သက်
ငါ
ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်ဆိုတာကိုပဲ
ထိုင်ပြီးတွေးတော့မယ် ။


မောင်ရေခဲ








2 comments:

roseayemaung said...

ကဗျာလေးလာေ၇ာက်အားပေးခဲ့ပါတယ်..နော

မိုးနတ်ကြယ်စင် said...

ကဗျာလေးကို လာခံစားသွားပါတယ်
ရေခဲတုံးလေးရေ...အလည်မရောက်ဖြစ်တာတောင်
ကြာပေါ့....မရောက်ဆို ဘလော့ဘက်ကိုရော
ဖဘကိုရောပါ ခြေဦးမလှည့်ဖြစ်တာပါ..
သတိတရရှိနေပါတယ် ice :)
good night!!!