Sunday, September 9, 2012

အဆုံးမဲ့

ငါ့ ခြေလှမ်းတွေအရင်လိုမချိုမြိန်တော့ဘူး
 နေရောင်ခြည် တွေအိပ်တန်းဝင်လုနေပြီ
 Villain .တစ်ယောက် ကို
 နတ်ဆိုးတွေဖန်ဆင်းတယ်
 တကယ်ပါ ...
ငါအသက်ရှိသရွေ့တည်မြဲနေမယ့်
 ရင်ခုန်သံကိုတော့သူ မရပ်တန့်နိုင်ခဲ့ဘူး
 အလံတလွင့်လွင့်
ချီတက်လာတဲ့ တပ်သားတွေ ...
ခိုးခိုးပြီး ကြည့်ခဲ့ရတဲ့
 မျက်ဝန်းတမန်တော်တွေ ...
မင်း လက်ခံပေးပါ
  မင်း ကြားမှာမဟုတ်တော့တဲ့
ငါ့ရဲ့ ရင်ဖွင့်သံ အမှန်တရားတွေ ...
မျက်ရည်တွေ ...
အသုံး မဝင်မှန်း သိပေမယ့်
ငါ ...ငါဖက်တွယ်ထားမိတယ်
 မင်းရဲ့ ခေါင်းတလားတစ်ခု (ပြီးတော့)
 ငါ့ ရဲ့တွယ်တာမှု့
ဘဝတစ်ခုဟာ ပြီးဆုံးခဲ့ပြီ ...
အိပ်မက်တစ်ခု
 ပြကွက်တစ်ခုသာဆို
ငါ့ မျက်ရည်တွေ " နွေ " ဖြစ်သွားမှာ
 အခုတော့ ... ငါ့ ခြေလှမ်းတွေအရင်လို မချိုမြိန်တော့ဘူး...။

No comments: