Monday, July 15, 2013

ဆန္ဒတစ်စုံတစ်ရာ

အလွမ်းတွေရင်မှာပြည့်တောင်မှ
ပန်းသခင် ရင်မှာ မလန်းနိုင်ဘု
ကြွေကျရာ ပန်းပွင့်ခဲ့ရင်လ
စေ...စေ ..ရာ မြင်တိုင်းပန်းတွေပ
လွမ်းတိုင်းပွင့်စေ
နွေတေးတွေမဆိုခိုင်းပါနဲ့
အနေဝေးသူ 
အပူ မီးတွေကဲ
ဗလောင်းဆူ ရင်သတ်ကွင်းထဲမှာ
သံစဉ်ပျက် ကာရံမဲ့ လေတော့
 တေးသီရာနွေကာလမှာ
ဥသြ ကိုဘယ်လိုပြောပြရပါ့မလဲ
မျက်နှာပူတယ်
အပူကြွယ် ရင်မှာ မအေးသူရဲ့
ဒီလူ မှာ ရင်မငြိမ်းနိုင်ဘု
မျှော်တော်ယောင် သဉ္ဖာခန်းမှာ
အလွမ်းတွေမသိမ်းပိုက်မိစေဖို့
မှန်းမျှော်ရာ သခင်ပျော်စေဖို့
ရော်ရမ်းကာ သပြေခက်တွေနဲ့
နေ့ရက်တိုင်း ဆုမွန်ခြွေ
သူ့သခင်ရင်အေးစေသား

တူပေါင်းရွယ် သံသရာမကုန်သရွေ့ပေါ့
ယခု နှောင်းချိန် ဘဝဆုံးတဲ့အထိ
ကောင်း-ဆိုး တွေ မရိုးအောင်ချည်နှောင်မြဲကာပ
သေကောင်ပေါင်းလဲ အဆုံးသတ် ပြီးတဲ့အထိ
ရင်ချင်းအပ်ခရီးဆက်
ဘဝတိုင်းလက်ဆက်ချင်မိပါရဲ ။

မောင်ရေခဲ(အဝတ်နီ)

1 comment:

roseayemaung said...

မရောက်ဖစ်တာလဲကြာသွားပြီ
ဒီနေ့ေ၇ာက်ခဲံပါတယ်..ကဗျာကောင်းလေးကို
အားပေးခါံတ်ာနော်...မောင်ရေခဲ..