အလွမ်းတွေတငွေ့ငွေ့ ၊ ဘုံဓလေ့မှာနေသူတိုင်း
ကြမ္မာရိုင်းနဲ့ဆုံတတ်တယ်တဲ့
ငယ်ငယ်က ဘိုးဘိုး စကား
ငါ ဘယ်အလေးထားတတ်ပါ့မလဲ
အနှစ်နှစ်အလလ စုဆောင်း
သူသရဖူဆောင်းဖို့
ကိုယ်ခန္ဓာရို့ရို့ ၊ သက်ပျင်းတွေညို့
ကြယ်ကလေးတွေတောင်ခိုးခိုးခစ်ခစ်ရယ်ကြပေါ့
တကယ်တော့
ငါ ...သံလမ်းတစ်ဖက်ဖြစ်သွားတာပါ
အရာရာသူ့တွက်တွေး
သူ့တေးတွက်ကိုယ်ဆို
မလိုတော့လွှင့်ပစ်ခံ
ဒါ ...တဖက်သတ်လောကဓံဆိုတာ
ငါ ဘယ်သိပါ့မလဲ
ရွှေငွေတွက် လှုပ်ရှား ၊ ဘဝ ကတုတ်ကြားထဲ
မလူသာ မလွန့်သာ
နွေလေးရူးက ဦးတည်ရာတိုက်ခတ်တယ်ဆိုတာ
ဒူးတည်ရာ တိုက်တတ်တယ်ဆိုတာ
ငါဘယ်သိပါ့မလဲ
အလဲလဲပြိုကွဲ
အကွဲအလွဲတွေ အနီးရောက်ဖို့
အလွတ်အကျွတ် ငါ့ကိုခွဲ
မရဲဘဲ ကျွဲလှည်းစီးချင်တဲ့ ငါ
ခုတော့
ရူးချင်သလိုလိုဖြစ်လာတယ်
ခူးမလို့ကြံတုန်း
တဒုန်းဒုန်း တဝုန်းဝုန်း တံခါးခေါက်သံ
ဘာများတဲ့လဲကွယ်
ကံကြမ္မာတံခါးလာခေါက်သံ
တညံညံ - ညံမဆဲပေါ့
စိတ်တွေကိုရှော့ရှော့ထားရတယ်
မသိခြင်းတွေနဲ့မိတ်ဆက်ဖို့သွားရင်း
တမေ့တမောနေလို့ ငါ ရူးသွားမှဖြင့်
အလို့လိုလေးတွေ တွေးတော
သြော်
တရေးတမောအိပ်အုန်းမှပါလေ
မောင်ရေခဲ
1 comment:
အိပ်..အိပ်....ရေခဲတုံးလေးရေ...
အတော်အိပ်ရေးပျက်နေတယ်ထင်ပါ့ဟယ်....
ခင်တဲ့....မိုးနတ်
Post a Comment