Friday, September 28, 2012

နေမဝင် ကဗျာ

လင်းတလှည့် မှောင်တလှည့်
ယဲ့ ယဲ့ လေးကျန်ရစ်
ချစ်တွေအားကိုး
ဒီည
ငါ တိုးဝင်ခဲ့တယ်
ချစ်သူတို့ချစ်ခြင်း
မင်း နဲ့ ငါ ချစ်ခြင်း
လမင်းကိုတိုင်တည်
ရည်ရွယ်မှန်းဆ
သည်ဘဝ မှ သည် ....
ဘဝါဘဝ ဆက်ပေါင်း
ရင်ခုန်သံအက်ကြောင်းမထကြေး
သစ္စာတေးတွေသီခဲ့တယ် ...။
သစ္စာတေး ..မေတ္တာတေး ..
အချစ်မှာရေးခြစ်  အနှစ်တွေခြစား
ဘဝတွေဘယ်လောက်ခြားခြား
အလှတွေဘယ်လောက်များများ
အခြားခြား အရာတွေနဲ့တသားတည်းမဖြစ်
ကမ္ဘာ့ ကမ္ဘာအသစ်
အချစ်နဲ့ရစ်ဆွဲ
ဒို့နှစ်ယောက်ပျံဝဲ
တကယ်ဆို....
ဘယ်လောက်ခြားခြား
ဘယ်လောက်ဝေးဝေး
အနေဝေးတယ်ရှိဘူးကွယ်....။

                                             ကိုရေခဲ


No comments: