Saturday, November 10, 2012

ညောင်ညိုစခန်း

ခပ်မဆိတ်ဝင်လာတဲ့
ကျယ်လောင်သံ
ရင်ဘတ်ကို ညံ သွားတယ်
အပြာရောင်ကမ္ဘာဆီသွားတဲ့ သူ့ကို
အနက်ရောင်နဲ့မိတ်ဆက်
ရုတ်တရက်
နုတ်ဆက်
အသက်မဲ့
ခပ်နက်နက်အလွမ်းတွေ
အလွမ်းနက်နက်အနမ်းတွေ
ကွေ့ပတ်ဝေးလွင့်
အနီရင့်ရင့်စီးဆင်းကုန်ပေါ့
က .ကွက်တွေညီစေဖို့
မရိုးနိုင်တဲ့စကားတွေနဲ့ဆွဲငင်
အဲဒီအချိန်
စိတ်ဆင်ခြင်အားနည်းကုန်ရဲ့
(ငါ အပါအဝင်ပေါ့ )
ဒီလမ်းတွေ ...
ရမ်းလျှောက်ရမှာသိရဲ့
လမ်းမဖောက်
မှန်းလျှောက်တော့
အမှန်တွေဝေးကုန်ပေါ့
အသိမစစ်တဲ့အသိတွေကိုပိုက်
စိုက်ခဲ့တဲ့သစ်ပင်
စိုက်ခံခဲ့ရတဲ့မြေယာ
အစေခံမပါဘဲ ခုန် က တော့
မျက်ရည်တေးတွေ ရေး လို့ရေး
ခပ်လေးလေးရင်ဘတ်
ကံကြမ္မာ နဲ့ လဲ ထပ် ရော
မျက်ရည်တို့ သည်း အူ လှိုက် ခုန်
ဘဝ အဖုံဖုံနစ်မွှန်း
ရှေ့ ယွန်း ၊ နောက်ယွန်း ၊ ၁၀ မျက်နှာယွန်း
ခွန်းကြီး ခွန်းငယ်ပြောတတ်တဲ့ အနောက်စာမျက်နှာမှာ
စကားတွတ်ထိုးရင်း
အငိုအပြုံးရဟတ်စီးရင်း
အလွမ်းပန်းခင်းနားခိုရင်း
ပျားရည်တို့သောက်သုံးရင်း
ညောင်ညိုပင်ရင်းကစားရင်းပေါ့


                              မောင်ရေခဲ

1 comment:

စံပယ်ချို said...

စကားတွတ်ထိုးရင်း
အငိုအပြုံးရဟတ်စီးရင်း
အလွမ်းပန်းခင်းနားခိုရင်း
ပျားရည်တို့သောက်သုံးရင်း
ညောင်ညိုပင်ရင်းကစားရင်းပေါ့.........
ကဗျာလေးဖတ်ရင်းနဲ့ ရောက်ခဲ့ပြန်တယ်
ခင်တဲ့ sis jasmine