မ .... ဟူရာတောမှာဖြင့်
အသူတစ်ရာလောက်နက်လဲ
ချစ်သူလက်မြဲမြဲတွဲ
မောဘူးထင်တယ်
စ .... ပယ်တောမှာတင့်
အလွယ်မပြောတာသူ့အကျင့်
ရင်ပြင်လွှာမှာဖြန့်ခင်း
အခမ်းနားဆုံးအကြင်နာမြစ်
အပြုံးစစ်စစ်တွေနဲ့ပျော်ရွှင်ပါစေ
ပယ် .ရတနာလို အချစ်မျိုးနဲ့
တွယ်တာရစ်ပတ်
ချစ်တတ်တဲ့လွင်ပြင်
အကြင်နာတွေမခမ်းဘဲ
အစဉ်သာလန်းဖြာစေ
ချို ....မြမြ ကောင်းကင်အောက်
အိပ်မက်ချိုတွေအတူမက်ဖို့
ရေခြားမြေခြား
မိသားစုတွေ ခဏထားလို့ ပေါ့
တော်သေးရဲ့လေ
ချစ်ကြင်သူနဲ့အတူတွဲ
အပူတွေခွဲဝေဖြေရှင်းရလို့ပေါ့
မွေး ...မိခင် နဲ့ ကျွေး ဖခင်
အစဉ်မှန်းဆ ကျေးဇူးတွေတမ်းတ
သတိယတတ်တဲ့
မိခင်ကောင်းတစ်လက်အဖြစ်
သစ်လွင်ပါစေ
နေ့ ...သစ်တိုင်း စခန်းသာ
စိတ်သစ်တွေနဲ့လှမ်းကာ
ပျော်ရွှင်မှု့တွေနဲ့ချမ်းသာ
မိသားစုနဲ့အတူဝမ်းသာ
ကြည်နူးမှု့တွေလန်းဖြာ
ကျန်းမာစွာ သူ့တပါးအကျိုး
ဆ တစ်ပိုးဆောင်ရွက်နိုင်ပါစေ
( မကြီးဂျက်ရေ ဟတ်ပီးဘတ်နေ့ပါ ပျော်ရွှင်ပါစေ )
အမွတ္တရ
မောင်ရေခဲ
1 comment:
မောင်ရေခဲရေ
ရေးသားချက်တွေကောင်းလွန်းလို့ဘာပြောရမှန်းတောင်မသိတော့ပါဘူးနော်
တကယ်ကိုလေးလေးနက်နက်လေးရေးထားပေးလို့
ကျေးဇူးအကြီးကြီးတင်ပါတယ်လို့ပဲပြောပါရစေ
Post a Comment