မ ...အေးတဲ့ဝေဒနာတွေက
အတွေးမှာဘောင်ဘင်ခတ်လေတော့
ခပ်သော့သော့အလွမ်းစာ
ရော်ရမ်းကာတင်ဆက်လိုက်သည်ပ
ခင်နှမရှိရာ
ကြီး.... ကျယ်တယ်မထင်လိုက်ပါနဲ့
ဒီရင်ဘတ်နယ်တစ်ကျောမှာ
သံယောဇဉ်တောတွေထူထပ်
မိုးတိမ်တို့မပြတ်ဆင်
တိမ်ငွေ့တွေ လေအစုမှာ
ပြိုကျသို့ထင်
အေး.... မြကြည်လင်
ဘဝင်ပျော့ပျောင်းပါတဲ့
အသွင်ကအေးချမ်းသစ်လွင်
ညွှန်းလိုက်သည့်ရင်
အသွင်တင်စိတ်ဖြူစင်
တေတြေတြ တွေးရင်ပ
လွမ်းလိုက်သည့်ရင်
သီ.... တာရေစင်
ဘဝတွေညီညာဖြူးစေဖို့
ပကာသနေတြ အသာထားပြီးမှ
မိသားစုအလှတရားကိုလ
ပစ်ခဲ့ရစဉ်
မခင်လို့မှ မဟုတ်ဘဲ
ကြင်သူတွေအတူနီးစေဖို့
အစဉ်သာတွေးတောလျက်ကွယ်
ခ်စ္လ်က္သာပဲ
တာ.... ရာတို့တစ်ပတ်လည်မှာ
ပြန်ရက်တွေ တစ်ကျော့ပြန်ရောပေါ့
အဖန်တစ်ရာဝေးခဲ့လေသမျှ
ပြန်တွေ့ရင် ဘယ်လိုဖြစ်လေမလဲ
တွေးရင်းပျော်တယ်
သို့.... ကလို တွေးရင်း ငေးရင်းပ
ခင်သူတွေ ပြောရင်း ရယ်ရင်းပ
မိသားစုဝေးတဲ့ဒုက္ခ
တဒင်္ဂ မေ့ကာထားတယ်
ခံစားနိုင်ဘူးကွဲ့ မောင်လေး
(မကြီးမအေးသီတာအတွက် အမွတ္တရ မကြီးပျော်ရွှင်ပါစေ)
အမွတ္တရ
မောင်ရေခဲ
1 comment:
တူများအတွက် ရေးထားတာလေး ၀င်ဖတ်တွားတယ်
ဒါပဲ...နှစ်သစ်မှာပျော်ပါစေဟယ်....:)
Post a Comment