Sunday, November 11, 2012

11/11/2012 ..နေ့တွင်ကျရောက်သောကျနော့်သူငယ်ချင်း .. ကိုရတု အတွက် မွေးနေ့ဆုတောင်း

ကျုပ်သူငယ်ချင်း
ကိုရတု ရေ
ဒီနေ့
မင်းရဲ့မွေးနေ့
မထူးဆန်းတဲ့စကားတွေနဲ့
ငါ
ဆုမွန်ချွေမိ
အနီရောင်ပန်းတွေဖူးပွင့်တဲ့
ဟောဒီ ကမ္ဘာမြေတစ်ခွင်
ရင်ဘတ်ချင်းဆက်
ရစ်ပတ်ချည်နှောင်
ကဗျာ့ဘောင်ထဲသက်ဆင်း
တောလဲသံတွေကင်းတဲ့ကမ္ဘာမှာ
မင်း
သာယာပါစေ
နောက်တစ်မျိုးဆုတောင်း
သံသရာကောင်းဖို့အတွက်ပေါ့
အကောင်း နဲ့ အဆိုး
ညီမျှခြင်းထိုးဖို့လွယ်တဲ့ခေတ်ထဲ
အသိထူးတွေဖော်ကျုးရေးအတွက်
မမေ့ခြင်းနဲ့အဖော်ပြု
သေးခြင်းတရားကိုအံတုဖို့
ပစ္စုပ္ပန်တွေကိုဆင်ခြင်
အလျင်
မသေခြင်းရောက်ပါစေ

                    မင်းရဲ့သူငယ်ချင်း
                                    မောင်ရေခဲ(အဝတ်နီ)

11/11/2012 နေ့တွင်ကျရောက်သော
ကိုရတုသစ် မွေးနေ့အတွက်
ကျနော့် ရဲ့ 
တဂ်ပိုစ့်လေးပါ

 

No comments: