Monday, November 12, 2012

★" ဆောင်း မိုး ကြားမှာ.. ဖွားသော.. သားစနေ.. ရေခဲရေ "♪♫

ဆယ့် နှစ်.. ဆယ့်တစ်… တစ်ဆယ့်နှစ်….
လျှပ်စီး လက်ဆဲ… မိုးသည်း ညနေ …
လွန်လေခဲ့သော.. နှစ်နှစ်ဆယ်ကျော်…
ဆည်းဈာ တိမ်တောက်.. ညနေ ခြောက်နာရီ….
မှုန်ရီ အုံ့မှိုင်း.. ရှစ်ခွင်တိုင်း…
ဆောင်း ကို ရောက်ငြား…  မိုးသည်းသည်း ကြား…
သားလှ ဖွားမြင်… မေမေ့ရင်…
ကြည်သာ ရွှင်ပြုံး.. အလှဆုံး…
တစ်လောကလုံးကို. မေ့ခဲ့သည်…။
မေမေ့ ရင်သွေး…
သားဦးလေး.. ရေ..
စနေခါမှာ….  ဖွားမြင်တာမို့..
ရှေးထုံး ရှေးလာ… မပယ်ဖျောက်သာ….
မွေးဖေ..  ဓါးထမ်း….  ကျော်ခဲ့ရှာသည်…။
သို့ပါသော်ငြား …
ဖေ မေ့ သား…
ယနေ့ ချိန်ခါ.. ကျရောက်လာသည်…
နှစ် နှစ်ဆယ်ကျော်…. မွေးနေ့တော်၌…
လူတော် လူချွန်.. လူရည်မွန်…
ကိုယ့် ၀န် ထမ်း ရင်း… လျှောက်လှမ်းနေ..
မွန်မြတ်လေစွ.. သည် သားလှ …
လောက အ၀ှမ်း…. သို့..   ကဗျာပန်း ဝေ…  ရင်ငြိမ်းစေ…….။



မောင်ရေခဲ ရေ... မွေးနေ့တိုင်းမှာ.. ပျော်ရွှင် ချမ်းမြေ့ပါစေနော်...
ခင်တဲ့ မမ.. ထာဝရ "နွေဦးမေ"
 http://nwaeoomay.blogspot.com/
 ကျနော့်မွေးနေ့ အတွက် ပို့ပေးတဲ့ 
မနွေဦးမေ ရဲ့
တဂ်ပိုစ့်လေးပါ

4 comments:

ဆောင်းသစ္စာ said...

ရေခဲရေ.. တတ်သလောက် မှတ်သလောက်ကလေးနဲ့...
ရေခဲ မွေးနေ့ကို.. ဂုဏ်ပြုသောအားဖြင့်.
ကဗျာ တစ်ပုဒ် ဖွဲ့သီအပ်ပါတယ်နော်...
ကဗျာကလေးက မလှပခဲ့ရင်တောင်..
ရေးဖွဲ့ခဲ့တဲ့.. မေတ္တာကို .. သိမှတ်ပြုပေးပါနော်..
မွေးနေ့ ရာကျော် ဆင်နွှဲနိုင်ပါစေ.. သော်ဝ်...

မောင်ရေခဲ(အဝတ်နီ) said...

ခုလိုရေးပေးတာ
ကျေးကျေးပါ
အမြဲအမှတ်ရနေပါ့မယ်နော်

မိုးနတ်ကြယ်စင် said...

ကိုရေခဲမွေးနေ့လား....
လာရောက်ခဲ့ပါတယ် ကိုရေခဲရေ...
နောက်နေ့မှ ကဗျာလေးရေးပေးမယ်နော်..
လောလောဆယ်တော့ ရေခဲရေ သောက်ချင်တယ်ကွာ..
ခင်တဲ့ မိုးနတ်...

မောင်ရေခဲ(အဝတ်နီ) said...

ကြယ်စင်ရေ
ကျနော့်မွေးနေ့က12/11/2012 နေ့လေ
ဘာပဲဖြစ်ဖြစ်ကြယ်စင်ရေးပေးမယ့်
ကဗျာလေးကိုဖတ်ဖို့စောင့်နေတယ်နော်
ကျေးကျေး
ခင်တဲ့
ရေခဲ