Tuesday, May 12, 2026

မနက်ဖြန်များကိုစောင့်ကြည့်ခြင်း ( ၅ )

အသုံးနှုံးမှားခဲ့တဲ့
မီးပင်လယ်မြစ်တစ်စင်းက
အလင်းမှား ကောင်းကင်အောက်မှာ
လင်းလို့
ချင်းလို့
တသွင်သွင်စီးနေကျ
တောင်ကျချောင်းကလေး
ဒို့တတွေရဲ့ပျော်စံရာမှာတော့
ငယ်ကျွမ်းဆွေသီချင်းအတူရွတ်ဆိုခဲ့တယ်
ထန်နောင်းပင်ရိပ်တစ်ခုမှာ
သံပြိုင်ကဗျာတွေအတူရွတ်ဖူးတယ်
အလွဲတွေတွေ့တိုင်း အတူရယ်မောဖူးတယ်
နက်ဖြန်တွေတိုင်း ... ချာလီချက်ပလင်ရဲ့မျက်နှာထားကိုအတုခိုးဖူးတယ်
နိုးထဖို့ခက်တဲ့မနက်ခင်းတိုင်း
" ဂ " ငယ်ကွေ့တစ်ခုလို့ကွေ့ရခဲ့ရင်
ကြယ်တစ်သင်းနဲ့ မျက်နှာချင်းတေ့ပေးချင်ရဲ့
အာရုဏ်အခင်းအကျင််းတွေ
သက်တန့်ရောင်တက်လာကာမှ
သွက်သွက်လက်လက်ခါချ
ဒီခဏတွေတိုင်း
စာလွှာရ ခဲ့တောင် ဖွင့်ဖတ်ဖို့ခက်ခဲပြန်ပါပြီ ။



                                             မောင်ရေခဲ

1 comment:

မိုးနတ်ကြယ်စင် said...

“ဂ” ငယ်ကွေ့တစ်ခုလို ကွေ့လို့ရခဲ့ရင်

i like it very much :)))

( မရောက်တာတောင် ကြာသွားပြီထင်တယ်နော်
ရေခဲတုံးလေးရေ...ဒီနေ့တော့ အရောက်လာခဲ့
ပါတယ်ဟယ်...ဆက်လက်ထုဆစ်နိုင်ပါစေ fri )
ခင်တဲ့.....မိုးနတ်