Friday, January 8, 2016

ဒီလိုပါပဲ


မျက်နှာချင်းဆိုင်ဝေးတယ်ပေါ့
ဒီလိုလေးဝေးကြတာပေါ့
အတွေးနဲ့
သံသယနဲ့
တိတ်တိတ်လေးဝေးကြတာပေါ့
မျက်နှာချင်းဆိုင် ။


မောင်ရေခဲ
16/12/2015

အလင်းအိုငှက်




ဗာဒံရွက်တို့သန်းဝေချိန်
အလင်းရောင်တပ်သားကြီးဟာ
အလိုမတူစွာလက်နက်ချပေါ့

အရသာဟာ
လျှာပေါ်မြသွားခဲ့
တိမ်ဖုံးနေတဲ့မျက်စိနဲ့ ဆည်းဆာချိန်ကိုငေးမိပါတယ်

သာစွတကား ။



မောင်ရေခဲ
20/12/2015


အလွမ်းရိပ်ငြိမ်






ရိုးမရွှဲရွှဲစို
အငိုဓာတ်ရိပ်ဖမ်း
မလွမ်းသူဘယ်ခါရှိနိုင်ပ
မျက်ရည်စမ်းစမ်း





တိုးတိုးလေးကြိတ်ငို
စိတ်ညိုချိန်လငပုတ်ဖမ်း
စိတ်မှန်းချိန်အတိတ်ဆီကိုလ
ဆ,လျှက်ကယ်လွမ်း



လွမ်းလို့ငို တ,လျှက်လွမ်း
ဘယ်ကမ်းဆီဘယ်လိုမှန်းသော်လည်း
တောင်ရိပ်ညိုသည်နဘေးမှာ
ငေးလို့ မြည်တမ်း ။







မောင်ရေခဲ
7/7/2015