Monday, May 27, 2013

မနက်ဖြန်များကိုစောင့်ကြည့်ခြင်း ( ၄ )

သဘာဝတရားရဲ့ငှက်သိုက်တစ်ခုဆီ
နောင်တ-တရားရဲ့အရိပ်တွေသန်းဟပ်လို့
ကလေးအငိုတိတ်ဖို့
သီချင်းသစ်တွေဖန်းတီးကြတယ်
တစ်ချို့
မျက်နှာလွှဲခြင်းတရားတွေနဲ့အလွမ်းသင့်ကြ
တစ်ချို့များ
ကိုယ်ချင်းစားသလိုတရားတွေနဲ့ကြိတ်ပုံးခုတ်ကြ
တကယ့်တရားစစ်တွေတော့ရှိရဲ့
အယ်ဒီအရာတွေအောက်မှာပါပဲ
သူတို့တွေအော်နေပေမယ့်
အသံတွေအက်ကုန်ပေါ့
နောက်ဆုံး
အလွယ်သုံးလောကဓံထဲသက်ဆင်း
ဒီတစ်နေ့လဲမိုးလင်းခဲ့ပြန်ပါပေါ့လား    ။



                  မောင်ရေခဲ


No comments: