Saturday, January 19, 2013

အားတော်စိတ်ငယ်

ခင်ခင် မှာ မကြင်တိမ်းရင်ဖြင့်
အသွင်မှာ တမင်မစိမ်းသော်လည်း
အားတော်စိတ်ငယ်
အလွယ်မတွေးလိုက်ပါနဲ့
ကြင်ဖော်ဝေးဘဝတွေလ
ဆွေးစိတ်ပိုဘွင်ညိုးချိန်က
မျှော်ရှာသူအဝေးပြေးခဲ့တော့
စိတ်ရှော့တော့မယ်
နေချင်တယ်သခင် ဘေးကိုမှ
သွေဖီရွယ်အတွေးစိတ်မှာ
ချိတ်ပိတ်ချင်တယ်
မှန်းမျှော်ရွယ်
စခန်းနော်တူတူပျော်ဖို့
ရော်ရမ်းကာမှန်းဆပျော်တယ်
ပျက်နဲ့ကွဲ့စိတ်ကြံရွယ်
ကံကြမ္မာသေရွာ ငင်စေအုံး
မကြံသာ ဝဋ်ကြွေးဖုံးရင်လဲ
ဒီမောင်ဘုန်းချစ်သက်လျာကို
စိတ်ပစ်ခွါနိုင်ဘူးကွဲ့လေး


မောင်ရေခဲ


3 comments:

စံပယ်ချို said...

ရေခဲရေ
မြန်မာအချစ်ကဗျာလေးဖတ်ရလို့ကျေးဇူးပါ
စာသားလေးတွေလဲ နူးညံ့တယ်
ဖွဲ့ဆိုပုံလေးလဲ ကျစ်လစ်တယ်

မိုးနတ်ကြယ်စင် said...

ကဗျာလေးက လှလှပပနဲ့ ချစ်စရာလေး...
မဂျီးဂျက်ပြောသလို အဖွဲ့အနွဲ့လေးတွေ
ကျစ်လစ် သေသပ်တယ်....:)
ဆက်လက်ထုဆစ်နိုင်ပါစေရှင်...
ခင်တဲ့......မိုးနတ်

roseayemaung said...

ကဗျာတပုဒ်လုံးကိုကြိုက်တယ်
နွဲ့နွဲ့လေးနဲ့၇င်ထဲမှာရေခဲတုံးတွေဖစ်သွားတာပဲ