Sunday, September 9, 2012

ရင်တွင်းတေး

လွတ်ကင်းစပြုနေတဲ့
ငါ့ရဲ့ ရင်ငွေ့တွေ
မင်းထုတ်မပစ်ပါနဲ့လားကွယ်
 ခံတပ်တွေကြားထဲက
 မျက်ဝန်းတစ်စုံရဲ့အပြုံးဟာ
 အမြဲလတ်ဆတ်နေမယ်ဆိုတာ
သူ့ရဲ့ ကိုယ်ရံတော်က
စကားလုံးရောင်စုံနဲ့
အမြဲ ကြဲချနေတယ်ကွဲ့ ..အချစ်ရဲ့
ငှက်ကလေးတွေရဲ့ရင်ခတ်သံ
 ငါ့ ရင်မှာ
 တေးအဖြစ်တေးအဖြစ် တည်ရှိလာတဲ့အခါ
မျက်ရည်တွေနဲ့
 ငါ့ ကိုယ် ငါ သွန်းလောင်းမိတယ်
အဲဒီမှာ ... မြင်နိုင်ရဲ့လား   ချစ်သူ
 ကြေမွဖို့ အားယူနေတဲ့
 နှလုံးသားတစ်စုံကိုလေ .... ။


No comments: