Sunday, November 11, 2012

Happy Birthday Ko YayKhe

                                         

ကိုရေခဲ
တစ်ကိုယ်ရေထဲတွေး
ကဗျာတွေရေးလိုက်
စာတွေတွေးလိုက်နဲ့
အပြေးကလေးနှင်
မွေ့နေ့မှာ ပျော်ရွှင်ပါစေ...။
ကိုရေခဲ
စိုပြေဆဲအတွေး
ချိုနေတဲ့အရေးတွေနဲ့
ငိုနေတဲ့လောကအတွက်
အားပေးတဲ့လက်တစ်စုံဖြစ်ဖို့
အဖုံဖုံသာမောကဗျာတောမှာ
အမောမဖောက် ဆက်လျှောက်နိုင်ပါစေ....
ကိုရေခဲ
နဂိုနေမြဲမငေးနဲ့
ကြိုနေတဲ့ အရေးတွေကိုမြင်
လိုနေတဲ့စွမ်းအင်တွေကိုဖြည့်လို့
အဓိကနဲ့သာမညကိုခွဲခြား
တရား/မတရားကွဲပြားပါစေ.....
မွေးနေ့မှာပျော်ရွှင်ပါစေဗျာ..
      မင်းရဲ့သူငယ်ချင်း       
         ကိုရတုသစ်
12/11/2012 တွင်ကျရောက်သော
ကျနော့်မွေးနေ့အတွက်
ကိုရတုသစ် ရဲ့ တဂ်ပိုစ့်လေးပါ

 

No comments: