သေသေသပ်သပ်ထုဆစ်ထားတဲ့
လောကဝတ်တစ်ခုပါ
ဒဏ်ရာအနာတရများစွာ
ညောင်ညိုပင်မြစ်ကမ်းနဘေးမှာ
မျက်ရည်နဲ့ထိုးထိုးကျွေးထားတဲ့တိမ်တိုက်တွေ
သက်တန့်ရောင်စုံတွေကြားမှာစုံးစုံးမြုပ်
တကယ်ဆို
အခ်စ္က-အတို့ အမြုတ်မှမဟုတ်တာ ။
အနာမကျက်တဲ့ နေ့ရက်တွေကြားထဲ
လူးလား ခေါက်တုန် ရုံးကန်
သရုပ် သဏ္႑ာန်တွေကင်းလာတဲ့
ရုပ်လောက ထဲမွာ
အသေမျက်နှာဖုံးတွေစွပ်
ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင်ဖို့
ကဲ...
ဘယ်သူတွေအသက်သွင်းမလဲ ...။
ချွင်းချက်ဆိုတာတွေ ကို ကိုင်ပြီး
တိုင် ဆြဲဆြဲ လှုပ်တတ်တဲ့ သစ်ကိုင်း ကလေးရေ
လေပြေလာတိုင်း ယိမ်းတာကောင်းပေမယ့်
မာယာယိမ်းတွေ နဲ့ တော့
က-ပွဲမဆင်နွဲပါနဲ့
ဒီမွာ
နှလုံးသားကို ဒုတိယဘုရားလိုကိုးကွယ်ထားတာမို့ပါ ။
ခံတပ်တွေမလုံတဲ့ ငါ့နှလုံးသားရပ်ဝန်း
အားနည်းချက်သိပြီး မဖိပါနဲ့
တကယ်တော့
အသက်ရူကြပ်ခဲ့တာလဲကြာပါပြီလေ ....။
မောင်ရေခဲ
5 comments:
အချစ်ကဗျာထဲမှာတော့ လှလှပပ ဖွင့်ပြနိုင်ခဲ့တဲ့ ကဗျာဟာ ချစ်စရာကောင်းလှပါတယ် ...
တကယ်တော့ အသက်ရှုကြပ်ခဲ့တာ ကြာပါပြီလေ....တဲ့
ကောင်းင်းလိုက်တာမောင်ရေခဲရေ....
ကိုရွှေရေခဲတုံးလေးရေ....
တန်တော့ ရှင် ဘလော့ပေါ်မှာ အတော်ကြာကြာ
ခြေရာဖျောက်နေပြီး ကဗျာတွေပဲ ကြိတ်ရေးနေတယ်ဟုတ်စ....တက်လာတဲ့ ကဗျာသစ်တွေမှန်သမျှကောင်းလှချည်လားးးးးးးးးးး
အစကတည်းကမှ ကဗျာရေးကောင်းလို့
အားကျနေရတဲ့အထဲ ရှင်ရယ်...
တကယ်ပဲ မနာလိုတော့ဘူးသိလားးးးးးးးးး :P
စတာပါ ....တပုဒ်လုံးကို သိပ်ကြိုက်တယ်...
အထူးသဖြင့် စကားလုံး အသုံးအနှုန်း
အဖွဲ့အနွဲ့လေးတွေ သိပ်ကောင်းတယ်...
တကယ်ပဲအားကျမိတယ်နော် :)
ခင်တဲ့....မိုးနတ်
တိုင် ဆွဲဆွဲ လှုပ်တတ်တဲ့ သစ်ကိုင်း ကလေးရေ
မာယာယိမ်းတွေ နဲ့ တော့
က-ပွဲမဆင်နွဲပါနဲ့
...........ကိုရေခဲ..ရေ.........
ကဗျာလေးအရမ်းကောင်းတယ်ဗျို့
Post a Comment