Saturday, November 24, 2012

သူ တွေးခဲ့တဲ့ ဒိုင်ယာရီ


ဟော ဟိုနားဆီက တစ်ဗျောင်းဗျောင်းနဲ့ပြေးလာတဲ့ မိုးအော်သံကို တားဆီးဖို့
သဘာဝဓမ္မက အမိန့်ထုတ်ထားတယ်  ။
အဲဒီအချိန်  ...
အဖြူရောင် ဝါဂွမ်းလေးက ရှက်ပြုံး ပြုံးကာလမ်းလျှောက်လာရဲ့  ။
တစ်ချို့ကို လမ်းပိတ်  ....
တစ်ချို့ကို ချောက်ချ ....
တစ်ချို့က ကြောက်ကြ ဆိုပဲ  ....
တကယ်တော့ ဒါ သဘာဝ ဓမ္မ ပဲလေ
ရှည်ရှည်ဝေးဝေးတွေးရင်
သူရို့ ပြောတဲ့ ဘုရားသခင် နဲ့ ကောင်းကင်ဘုံ မခေါ်တဲ့ သူ့ကို အပြစ်တင်တယ်
ခက်တယ်ကွယ်
ပြဿဒါးနေ့မှာမွေးတဲ့ငါက
နက္ခတ်မှားတဲ့ ရာဇဖွားဖြစ်ချင်တော့
ခနော်နီ ခနော်နဲ့ လောကဓံ နဲ့ စစ်ခင်းတယ်  ။
မြစ်တလင်းတွေ ဖဲ့ဖဲ့တိုက် အမှိုက် သရိုက်ဆိုရင်
မြို့လယ်က မီးတောင်ကြွင်းပေါ့
ရက်လှေတွေ ရေဆန်အလှော်မှာ ညှော်မိသွားတဲ့
ငါ့ အံဆုံးလေးရေ
ဒီတစ်ခါ ငါ့ကိုဆေးသောက်ခွင့်ပြုပါ
လူတွေနီးတဲ့ ဟိုအဝေးမှာ ငါမနေပါရစေနဲ့
အသက်ရှုမွန်းကျပ်  ရင်ဓာတ်တွေပျက်မှာစိုးလို့ပါ
အရိုးတွေ ဆွေးလဲ  ရင်မဆွေးရင်
အမြင်ကြည်တဲ့ မင်းတို့ဝန်းကျင်မှာ ငါ ကာရံတစ်ခုပဲဖြစ်ပါစေ
ကြွေလွင့်ရလဲ  ကျေနပ်တယ်  ။


                                    ကိုရေခဲ

" ည " တေး

မြူတိမ်ကင်းတဲ့ည
ခပ်လွလွချတဲ့ခြေတစ်စုံ  ရင်အုံတွင်းသက်ဆင်း
အခင်းအကျင်းစုံစီနဖာ  တုန်ယီကာလှိုက်မောခဲ့ရ  ။

မြူတိမ်ကင်းတဲ့ည
ထယ်ထယ်ဝါဝါလင်းမြ  အဆင်းလှတဲ့ရင်ခွင်နှစ်စုံ
အသွင်ကိုယ်စီခြုံလို့  ပန်ရောင်ကိုယ်ရုံတစ်ခုက
မခို့တရို့ကြွေကျ  ဒီည
သိပ်လှတယ်  ။

မြူတိမ်ကင်းတဲ့ည
သောမနဿဝေဒနာတွေ  တဖွားဖွားသွန်းချ  လွမ်းရတော့မယ့် ဒီည
အနှစ်တွေအခါအခါ ထပ်ပေမယ့် ကံကြမ္မာလေအလွင့်မှာ
ကြွေလွင့်ခွင့်ရချင်ပါရဲ့   ။

မြူတိမ်ကင်းတဲ့ည
ရနံ့စုံပျံကျော်  မောင်ဇော်ဂျီတို့ပျော်တဲ့ည  အလှ  အပ
သူရို့ဖန်ဆင်းခဲ့လေသလား  ထွေရာလေးပါးသုံးသပ်တော့
အဆုံးသတ်အလွမ်းတစ်ပုဒ် သူရုပ်နဲ့သူ ဖန်းဆင်းတယ်  ။

မြူတိမ်ကင်းတဲ့ည
နွဲ့နှောင်းသာယာကမ္ဘာလောက  သြချလောက်အောင် တောထ
ဒီဘဝပြန်ဆုံပါ့မလား  အတွေးနဲ့ရေး
အဆွေးတွေ အဝေးလွင့် ခပ်နင့်နင့် ရင်ဘတ်ကို
ဘယ်အတတ်တွေနဲ့ပြု့စား
ခုများမှ ငါ့ရင်ခွင်ခိုနား
ဒီည
ဘယ်မေ့ရမလဲကွယ်  ။

                                      မောင်ရေခဲ

Thursday, November 22, 2012

ဖောက်ပြန်ခြင်း

ညဥ့် နက်နက် ကာရံပျက်
သွက်လက်ချိန်ခါ  ။

ဘွင်မှာ ပျော်မြူးကျ
မော်မူးကြတဲ့ ဒီကမ္ဘာ   ။

အတော်ကူးမှဖြင့်
လျှော်ဘူးကွယ် မထင်ရက်လေတော့
အဆင်ခက် သည်ညရိုးမှာ
လျှိုး
မှောက်လျက်ဆင်း   ။


                                        မောင်ရေခဲ
                                  

ဆားငံရေ

ရေတွင်း ဖြစ်စေဖို့
အနေတွေ ကျဉ်းခဲ့ပြန်ပါပြီ
လျင်မဲ့  ပြန်ဌါနီ ။

အတွင်းနက်နက်
တူးလေ နက်လေမို့
အထူးအထွေပြင်ရန်ခက်လှသည်
ရင်းခဲ့ စံရာဆီ ။

ဘဝကျင်းကိုလ
အလှ တူယွင်းနဲ့တူးမှဖြင့်
ကွယ်
စက်သွားထက်လွင့် ။

                                      မောင်ရေခဲ

Tuesday, November 20, 2012

ဝဋ်ကြွေး

ဆောင်းလယ်အိပ်မက်
အအိပ်ခက်တယ်
အိပ်စက်ဘယ်ပုံညွှန်းပါ့မယ်  ။


နှောင်းဝယ် တိတ်ဘက်
အဆိပ်တက်တယ်
နှိပ်စက်သည်ပုံဖြစ်ရတယ်


လူ့ဝယ် စိတ်ဓာတ်
တံဆိပ်ခတ်တယ်
ခန်းပိတ် နှလုံးငိုကွယ်ရို့   ။


ခုနှယ် ဤဇာတ်
ချစ်ဓာတ် ပျက်သည်
စိတ်ဝယ် နေဝင်ညိုတယ်ကို   ။



ဆောင်း တိတ် နှောင်း ချိတ်
လူခြေတိတ်သော်
ဆိတ်ဆိတ်ရင်မှာ ပြိုကျပါသည်
ဝဋ်နှယ် သည်ပုံဖြစ်သတည်း  ။


မောင်ရေခဲ

ဝန်ခံချက် ။
              (ကိုနေဇော်လင်းဆီပို့ဖူးတယ်ဗျ....ညီနေဇော်လင်းရေ ကိုယ်တင်လိုက်ပြီနော်)

Monday, November 19, 2012

ကမ်းတစ်ဖက်

မကြင်သမျှ   ခင်နှမ နဲ့ပက်သက်မှဖြင့်
ယခင်သံသယကိုတောင်
ကွမ်း လိုယောင်ဝါးလိုက်ချင်ပါရဲ့
မှားလိုက်ဝဋ်တွေ
အသိုက်ချွေ   အခက်ချိုးသော်လည်း
အချစ်ပျိုး သည်ရင်ကြောမှာ
ပြစ်ကျောမျှ ထင်ဘူးခင်ရေ
သံလွင်လွင်ကမ်းဘက်
ဂန္ထဝင် ပန်းတစ်ခက်ကြောင့်
အလှမ်းခက်ထင်ဘူးကွယ်လေ
အနေတွေ ဘယ်လောက်ဝေး
အတွေးမှာ မှန်းကာဆ
တမ်းတလို့ဆွေးစိတ်မပြေ
မှေးမှိတ်မလေ
မျက်တောင်တို့မြေးယှက်ပြန်တော့
တွေးချက်က သူ့မျက်နှာ
လ ထိန်ထိန်သာ
အသွင်မှာ ပျော်ကာမြူးသော်လဲ
ဘွင်မှာ မောကာ မူးပါပေါ့
လူးလား ဘွင်မှာ
ဆူး ခါး ရင် ဗျာ
လ  ..လွင်လွင်မှာ
ကြင်သူတွေ ပျော်ကာမြူးသော်လဲ
အလျင် ပျော်ကာမြူးချင်ပေါ့
သြော်
နှောက်ယှက်ဝဋ်ကြွေး
 
 
                                                                           မောင်ရေခဲ

Sunday, November 18, 2012

အပြီးပြန်မယ့်သူ

စိတ်အလိုမကျဖြစ်တဲ့အခါ
စကားတွေမညီမညွတ်ဖြစ်တဲ့အခါ
ရိုင်းရိုင်း စိုင်းစိုင်း ထွက်ဆိုမိတဲ့အခါ
ငါ့ကို ခွင့်လွှတ်ပါ
ငါက
အပြီးပြန်မယ့်သူမို့ပါ
 
ငါနေထိုင်တဲ့အခါ
ငါပြောဆိုတဲ့အခါ
ပွင့်လင်းမှု့တွေနဲ့
ငါ့ကိုယ် ငါ အိုးမဲသုတ်မိရင်
ငါ့ကိုခွင့်လွှတ်ပါ
ငါက
အပြီးပြန်မယ့်သူမို့ပါ

ပရမ်းပတာ နေထိုင်မိတဲ့အခါ
ပရမ်းပတာ ပြောဆိုမိတဲ့အခါ
စကားတွေဖောင်းကြွလာတဲ့အခါ
ငါ့ကိုခွင့်လွှတ်ပါ
ငါက
အပြီးပြန်မယ့်သူမို့ပါ

                                မောင်ရေခဲ
 
 


13/အပိုင်းအစ

အလွမ်းတွေက ဓားတန်းလန်းနဲ့ငါ့ရှေ့ရောက်လာတော့
ကြယ်ကလေးတွေတောင် အသံတိတ်ကုန်ပေါ့
အလည်လွန်နေတဲ့ လမင်းရေ
တကယ်ဆို ငါဟာ ဒိုင်ပွဲမရပ်ခင်ကတည်းက ရှုံးနိမ့်သူပါ
ငါ့အတွက်နဲ့တော့ မင်းမူယာတွေ မပွန်းစေနဲ့နော်
တော်တော်ကြာ
မျှားထမ်းပြေးလာတဲ့ ဟိုကောင်ကလေးကအပြစ်တင်နေပါ့မယ်
တကယ်ဆို ကိုယ်က
မင်းနဲ့တွေ့မှကျောက်ခေတ် ကိုပြန်ရောက်ချင်သူပါ
တစ်ဘုံစားတွေနဲ့ ကျင်လည်ရာလောကထဲ
မကျွမ်းကျင်တဲ့ ငါ့ကိုသာအပြစ်တင်လိုက်ပါ
နင့်နဲသိပ်သည်းစွာ အရာရာနောက်ကျတဲ့နောက်မှာတော့
စခန်းသိမ်းပွဲတောင်မတိုက်လိုက်ရတဲ့စစ်ပွဲ
ဒီတစ်ချီတည်း ပွဲသိမ်းပြီပေါ့
မေ့လျော့ခဲ့တာမဟုတ်ပါဘူး
မင်းကိုတွေ့တိုင်း သဘာဝတရားကဖန်းတီးထားတာပါ
မင်းအတွက်ဆိုငါက
အလွမ်းအမုန်းတောင်မထိုက်တန်သူလို့ဆိုရမလားပဲနော်
နောက်ကျချင်းတွေသာပိုင်ဆိုင်တတ်တော့
ဂျိုကာနှစ်ကောင်ပါပြီးမဒေါင်းတဲ့ ဖဲသမားလို
နှစ်လုံးတူပြီးမပေါက်တဲ့ ချဲသမားလို
ငါ
ကံကိုပဲရိုးမယ်ဖွဲ့လိုက်တော့မယ်

                   
                                      မောင်ရေခဲ

Saturday, November 17, 2012

သားကောင်များ

***  ဒီလိုလုပ်   ဒီလိုကျင့်
ခပ်ရင့်ရင့် ခိုင်း နှိုင်း 
သံသရာ မရိုင်းရလေအောင်
ပုံသွင်းသင်ကြားလဲ
ညွှတ်ကွင်းတွေကြားထဲ
လွတ်ကင်းဖို့ခက်တယ်

***  တဒိတ်ဒိတ်ရင်ခုန်သံ
စိတ်သံ  ၊  ရုပ်သံ
တညံညံ ဝန်းရံခ
တွန်းလှန်ချဖို့ခက်ပြန်မှတော့
 နိဗ္ဗာန်ကိုစိတ်သန်နေလို့ အပိုပါပဲ

***  အနု ၊ အလှ သမုဒယ ပေါများရာ
ဒီ ဇလာတော မှာ
မျောဖို့ရာလမ်းများတယ်

***  ဒုက္ခ ဆိုတာ
ခမ်းလိုက် လန်းလိုက်ဆိုပေမယ့်
ချိုတယ် ထင်ထင်နေတော့ခက်တယ်

*** အရှိုက်ခက်မှန်း သိရက်နဲ့
အသိုက်တွေ ခပ်မိုက်မိုက်လုပ်
အချုပ်ကိုတွေးရင်း တွေးထင်
ဒီနေဝင်ချိန်ဟာလဲ
မျက်နှာလွှဲခဲ့ ပြန်ပါရော


မောင်ရေခဲ

Thursday, November 15, 2012

တောင်ပံမဲ့ နေ့စွဲများ

စိတ်တောင်ပံတွေတဖျတ်ဖျတ်
ရက်လုပ်ခဲ့ရတဲ့နေ့စွဲတွေ
အပြုံးတု  .. အငို တု ... မျက်နှာ တု တွေထုတ်
လူလုပ်ဖို့ခက်တဲ့အရာ
လူကပဲ ပြန်လုပ်နေလေရဲ့
အငြူအစူတွေ ကလူကျီစယ်သလို
ယိုစီးပေါက်ကျ
တစ်ချို့က
ဒါ ..သင်္ခါရ ..တဲ့
အလှအတွက်ပြုပြုရ
ဘဝအတွက် ပြုပြင်ကြနဲ့
အခုမြင်တဲ့ ခဏတွေတောင်ပြောက်
ရောက်ခဲ့တဲ့ရာစု အစပေါ့
လျော့ရဲလာတဲ့ ယဉ်ကျေးမှု့တွေ
အဖော်မဲ့လာတဲ့ ဒီစနစ်တွေကြား
ချုပ်ဆက်ဖို့ ခက်လာရော
ဒီလို ဒီလိုနဲ့
သီအိုရီတစ်ခေတ်မှာ
အချစ်တွေပါစနစ်ပြောင်း
ရောင်းကုန်တွေဖြစ်ခဲ့ပေါ့

                             မောင်ရေခဲ

ရင်ဝေးနေသောနေ့ရက်များ

အဆင့်မြင့်မြင့်စားသောက်နေထိုင်ဖို့
နေ့နေ့ ညည ပြေးလွှား
တစ်ရေးနားဖို့ခက်ခဲ
အမေ့ရွာက ထန်းရွက်တဲလေးကိုသတိရ မိရဲ့
အမေ နဲ့ ဝေး
အဖေ နဲ့ ဝေး
မိတ်ဆွေ ၊ သူငယ်ချင်းတွေနဲ့ဝေး
အနာဂတ်တွေတရေးရေးပြေးမြင်ဖို့
မနေမနား
တစ်ရေးနားစားသောက်ချိန်
ဂုဏ်ရှိန် ငွေရှိန်ကင်းတဲ့
အမေ့အိမ်က ထမင်း နဲ့ ဟင်းကိုလွမ်းရဲ့
ကိုယ်ခန္ဓာ နွမ်းလျ
တမ်းတမိတဲ့ အချိန်တိုင်း
ဟို ဆေး ၊ ဒီ ဆေး
မိတ်ဆွေ ဆေး ၊ သူငယ်ချင်း ဆေး
လက်ကမ်းလို့ပေး
အမေ့ အခန်းက ကိုယ်ငွေ့လောက်မနွေးဘူး အမေ
အလုပ်ပြီးတဲ့ အချိန်ဆို
လွမ်းစိတ်ပို နွမ်းချိ
တစ်ကိုယ်တည်းရှိတဲ့အခန်း
အတွေး နဲ့တောင် မရဲတရဲမှန်း
ငရဲခန်းလားထင်
ည  ည အိပ်ချိန်
မိ အိမ် ဖ အိမ်
မိသားစုအိမ်
တရှိန်ရှိန်တောက်လောင်နေကြမေတ္တာတရား
တထိန်ထိန်မြို့ပြ နဲ့နှိုင်းချိန်တိုင်း
စိတ်တောင်ပံခတ်
ပြန်ရက်ကိုလက်ချိုး
ရှိးခိုးလျက်ပါ  ဖေ ၊ မေ


                                             မောင်ရေခဲ