အိပ်တန်းပျံသန်းမယ့်
တိမ်ပြာအိပ်မက်ကလေးက
မျက်ရည် စက်လက် ထွက်သက်ကိုစတင်နေပြီ မိငယ် ၊
ပျံပါတော့
ဝဲလိုက်ပါတော့
အမြင့်ကို ပျံရင်တော့ ကော်ဖီခါးခါးလေးသောက်သွားကွယ့် မိငယ်ရဲ့ ၊
အညှာလွယ်တဲ့ စစ်သည်တေးသွားတွေက
ဝုန်းခနဲ စည်သံဟိန်းမှဖြင့်ကွယ်
ငှက်သင့် ရင်း ငှက်ဖျားပါရောမိမပေါ့ ၊
်လွတ်လပ်လိုက်ပါတော့ မျောလွင့်လိုက်တော့
ခြေရာတွေကောက်လိုက်တော့
အမြင့်ပျံငှက်ဆိုတာ
ကော်ဖီ ကိုတော့ကြိုက်ကွဲ့
တစ်နေ့တစ်ခါစစ်တုရင်ထိုး
မရိုးနိုင်တဲ့ ပြကွက်တစ်ချို့နဲ့မိတ်ဖွဲ့
ဒို့တွေ မဝေးနိုင်တဲ့ နိမိတ်တွေပါကွယ်
မျက်စိတစ်ချက်မှိတ်ရင် မင်းကန့်လန့်ကာကြီးကဆီးမိုးနေပေါ့
ကိုယ်ထုတ်စည်းတိုးတန်းမကစားဘူး မိငယ် ၊
စစ်သည်တော်တွေကျင့်ဝတ်နဲ့
သာမညောင်ည ကဗျာလေး
မင်းဆီ ပြဿဒါးဆန်ဆန်ရောက်လာခဲ့ရင်
မင်းလက်မကမ်းလိုက်နဲ့နော်
ရင်းချင်းနီးတဲ့ပြယုဂ်လို့သာ မှတ်ထင်ပါကွယ် ၊
မငိုပါနဲ့ မင်းမငိုပါနဲ့
မနီးခဲ့တဲ့ လက်တွေ ငါတို့တွေမှ မဆုပ်ကိုင်နိုင်တာ
အရုပ်ရေးလို့ ဘယ်ထင်ပါ့မလဲမိငယ် ၊
မိုးတွေညို့လာပြီး
ငါမုန်းတယ်မိငယ် ၊
မင်းနဲ့ငါရဲ့
လမ်းခွဲတေးကိုပေါ့ ။ ။
မောင်ရေခဲ ( အဝတ်နီ )
No comments:
Post a Comment