Sunday, September 9, 2012

အဆုံးမဲ့

ငါ့ ခြေလှမ်းတွေအရင်လိုမချိုမြိန်တော့ဘူး
 နေရောင်ခြည် တွေအိပ်တန်းဝင်လုနေပြီ
 Villain .တစ်ယောက် ကို
 နတ်ဆိုးတွေဖန်ဆင်းတယ်
 တကယ်ပါ ...
ငါအသက်ရှိသရွေ့တည်မြဲနေမယ့်
 ရင်ခုန်သံကိုတော့သူ မရပ်တန့်နိုင်ခဲ့ဘူး
 အလံတလွင့်လွင့်
ချီတက်လာတဲ့ တပ်သားတွေ ...
ခိုးခိုးပြီး ကြည့်ခဲ့ရတဲ့
 မျက်ဝန်းတမန်တော်တွေ ...
မင်း လက်ခံပေးပါ
  မင်း ကြားမှာမဟုတ်တော့တဲ့
ငါ့ရဲ့ ရင်ဖွင့်သံ အမှန်တရားတွေ ...
မျက်ရည်တွေ ...
အသုံး မဝင်မှန်း သိပေမယ့်
ငါ ...ငါဖက်တွယ်ထားမိတယ်
 မင်းရဲ့ ခေါင်းတလားတစ်ခု (ပြီးတော့)
 ငါ့ ရဲ့တွယ်တာမှု့
ဘဝတစ်ခုဟာ ပြီးဆုံးခဲ့ပြီ ...
အိပ်မက်တစ်ခု
 ပြကွက်တစ်ခုသာဆို
ငါ့ မျက်ရည်တွေ " နွေ " ဖြစ်သွားမှာ
 အခုတော့ ... ငါ့ ခြေလှမ်းတွေအရင်လို မချိုမြိန်တော့ဘူး...။

ရင်တွင်းတေး

လွတ်ကင်းစပြုနေတဲ့
ငါ့ရဲ့ ရင်ငွေ့တွေ
မင်းထုတ်မပစ်ပါနဲ့လားကွယ်
 ခံတပ်တွေကြားထဲက
 မျက်ဝန်းတစ်စုံရဲ့အပြုံးဟာ
 အမြဲလတ်ဆတ်နေမယ်ဆိုတာ
သူ့ရဲ့ ကိုယ်ရံတော်က
စကားလုံးရောင်စုံနဲ့
အမြဲ ကြဲချနေတယ်ကွဲ့ ..အချစ်ရဲ့
ငှက်ကလေးတွေရဲ့ရင်ခတ်သံ
 ငါ့ ရင်မှာ
 တေးအဖြစ်တေးအဖြစ် တည်ရှိလာတဲ့အခါ
မျက်ရည်တွေနဲ့
 ငါ့ ကိုယ် ငါ သွန်းလောင်းမိတယ်
အဲဒီမှာ ... မြင်နိုင်ရဲ့လား   ချစ်သူ
 ကြေမွဖို့ အားယူနေတဲ့
 နှလုံးသားတစ်စုံကိုလေ .... ။


valentin's day

**  အချစ်နေ့စွဲ
           ကွဲကွာမြေခြား
           ရာသီနှစ်လ
           ချစ်သမျှအကြောင်း
           ရင်တွင်းတောင်းဆို
          ဟောင်းအိုပြန်သစ်
          သစ်ပုတ်ပင်ကြီးမျက်ရည်လည်  ...။

 **    ချစ်သူတွေနေ့
         ပူတွေလွင့်ပျောက်
        ရင်တွင်းသစ်လွင်
        အကြင်နာတွေတိုးလို့ပြို  ...။

**     အနာဂတ်နေ့
        လက်ချိုးရေတွက်
       ရင်ခုန်လှိုက်မော
        ဘဝတော့က
         တုန်လှုပ်စွာနဲ့စောင့်လို့ကြို...။

**   ချစ်သူတွေနေ့
          နေခြည်သစ်လောင်း
         နှစ်သစ်ကောင်းဖို့
        ချစ်ကြသူတို့စောင့်လို့ကြို ... ။



ကိုအာဒံရဲ့ မှတ်ချက်

ပျက်သုဉ်းသွားတဲ့ရှင်သန်မှု့တွေ
 နေခြည်နုနု လေးနဲ့အတူ ဖြတ်သန်းလာတယ်
 လာလှည့်ကွယ် ...
 နှုတ်မဆက်ဘဲ ကွယ်ပျောက်ခဲ့တဲ့
 ကြယ်တစ်စင်း
ရင်ချင်း လဲထပ်ရတောင်
ငါ ကျေနပ်တယ်
အချစ်ရဲ့ ပြယုဂ်ကလေးနက်ပေမယ့်
 သာယာမှု့ဘောင်တစ်ခုဖြစ်တယ်
 အလွမ်း  ဆိုတဲ့လှိုင်းတွေ
 မျက်ရည် ဆိုတဲ့ဒိုက်တွေ
သံသယ ဆိုတဲ့မှော်တွေဟာ
 အချစ်ကိုအိုးမည်းသုတ်သူတွေပေါ့
 "ကိုအာဒံ " ကတော့ပြောပါရဲ့
အချစ်မှာ
နားလည် မှု့ဝတ်ရုံကို
 အမြဲဝတ်ဆင်ဖို့နဲ့ချစ်တတ်ဖို့ဟာ
အချစ်အိမ်မြဲခြင်းရဲ့ " အဓိက " တဲ့
" ငါ လိုက်နာပါ့မယ် " လို့ ပြောတော့
 " ဒီလိုမှပေါ့ " ဆိုပြီး ခပ်ပြုံး ပြုံးဖြစ်နေလေရဲ့ ...။ 

 

 

တွဲလက်ညီညီ

 

ခဏ ခဏ မကြည့်ချင်ပါဘူး

ရိုးသွားမှာစိုးလို့
ခိုးခိုးပြီးကြည့်ချင်တယ်
ခဏ ခဏ မလွမ်းချင်ပါဘူး
 နွမ်းသွားမှာစိုးလို့
တိတ်တိတ် လေးပဲလွမ်းပါရစေ
 မရေးရာတဲ့အတွေး တွေလဲ
 တွေးချင်ပါဘူး
 သေချာတဲ့တစ်နေရာမှာ
ငါ ...နင့်ကို သိမ်းထားပါရစေ ...
 သေချာလွန်းတဲ့ ကတိတွေတဲ့
 ဝေဒနာတွေ ဘေးချိတ်
ခပ်ထိပ်ထိပ် ရင်ကိုဖိလို့
ငါ့ ကမ္ဘာမှာ နင် သာယာစေမယ်
 နာကျင်တာတွေ မေ့ပျောက်
အကြင်နာအပြုံးတွေနဲ့ ...နင့်ကို
 ငါ ...ကြည်လင်စေမယ်...
ငါ့ ကမ္ဘာမှာ ပကာသနမရှိပေမယ့်
ထာဝရပျော်ရွှင်စေမှာပါ
ဂုဏ်ဓနတွေမရှိပေမယ့်
ယုံကြည်စိတ်ချခြင်းတွေ
နင် တွေ့ရမှာပါ
ငါ လက်လှမ်းလို့ကြိုဆိုပါတယ် ...ချစ်သူ
 တွဲလက်တွေမြဲသရွှေ့
  ဒို့ ... ဝဲဂယက်ထဲလျှောက်ကြတာပေါ့ ။