Sunday, June 29, 2014

မီးတောက်ဆုပ်ကိုင်ခဲ့မိတဲ့ ညနေခင်း



အကြင်နာလက်လက်နဲ့ပြုစား
အစဉ်ထာဝရ တွေနဲ့ထုစစ်ထာ့း 
ရင် မီးပွားတွေတောင်ပုံယာပုံ
တောင်ဖြစ်ပေါ့ 
ငါဟာ
အချစ် 
အစစ် 
မကွဲပြားတဲ့
တံလျှပ်တစ်ခုပါ မိငယ်
ကလူ ကျီစယ်ရာလှုပ်ယိမ်း
အသိမ်းအနုတ်မကျွမ်းကျင်တဲ့
ကျွမ်းသမားလို
အသဲထပ်ခြမ်းခွဲရောင်းစာမိခဲ့တဲံ့
သံစဉ်ဖန်တီသူလို
အရာမထင်ခဲ့ပေါ့
ဖြူစင်မှုဆိုတာ
ရိုးမယ်မဖွဲ့တတ်ဘူးဆိုတာ
ငါ 


ကလူ ကျီစယ်ရာလှုပ်ယိမ်း
အသိမ်းအနုတ်မကျွမ်းကျင်တဲံ
ကျွမ်းသမားလို
အသဲထပ်ခြမ်းခွဲရောင်းစာမိခဲ့တဲံ့
သံစဉ်ဖန်တီသူလို
အရာထင်ခဲ့မိပေါ့
ခုတော့
ဒီဇင်ဘာနှင်းတွေ
မိုးတွေလိုတစ်ပြိုင်းပြိုင်းပြုတ်ကျ
နုတ်မရတဲ့ဆူးတွေကြား
တကယ်တော့
ငါနွံနစ်ခဲ့သူပါ
              မိငယ် ။ ။ ။





မောင်ရေခဲ ( အဝတ်နီ )




ငတ်မွတ်တဲ့နေ့စွဲ



အလွမ်းဖွဲ့ဖွဲ့ခဲ့မနက်ခင်း
ရင်ရင်းစားပြန်ရလိုက်သလို
ကြည်နူးရောင်ပြပြကိုချလို့
နေခြည်နုနုမှာ စုရပ်ပြတော့
မသပ်ရပ်ပေမယ့်
ချပ်ချပ်ရပ်ရပ်
လွမ်းစရာ

နဂိုကမ်းမှာမရပ်လို့
ရော်ရမ်းမလွမ်းတော့ဘူး
ချော်ရည်လမ်းပေမယ့်
မျှော်စေရာကမ်းမကပ်မိခဲ့တော့
ခု
ညောင်ညိုစခန်းရပ်မိပေါ့

စိုစိုပို့ပို့ကင်းတဲ့
အယောင်ဆောင်တစ်ချို့ကို
ရင်းစားအမှတ်နဲ့ဝါးချေလို့
အသားမသေနေ့ရက်များကြား
ကော်ဖီခါးခါးနဲ့လောင်းကြေးထပ်
မသပ်ရပ်တော့ပါဘူးလေ ။ ။ ။








မောင်ရေခဲ ( အဝတ်နီ )




ရာသီကော်ဇောပေါ်က မျက်ရည်စ



မိုးတွေတောင်ဘောင်ဘင်ခတ်သွားတယ်မိငယ်
ငါ ရင်မချိပေမယ့်
နင်တမင်မသိချင်ဆောင်တာမဟုတ်ပါဘူးနော်
မဟုတ်ခဲ့ပါဘူးနော်

ငါအခါခါဆုတောင်းနေတယ်
ဆုတောင်းမိနေတယ်
ရိရွှဲနေတဲ့အပုတ်နံ့တွေကင်းဖို့
မြေပြင်မှာသလင်းရနံ့တွေသင်းဖို့
မှန်ကင်းတွေရနံ့အဆင်းလှစေဖို့ကအစပေါ့

တယ်လီဖုန်းလေးက
ငါတို့အတွက်ဖြေသိမ့်စရာလေးတွေသယ်ဆောင်ခဲ့ကြောင်း
နင့်ကိုနတ်ဆိုးတွေကပြန်မပြောပြဘူးလား
နင်မို့အရူးစကားယုံတယ်

မိုးည
နွေည
ဆောင်းည
ချစ်သမျှပတ်ပျိုးကိုပြန်ဆိုစရာမလိုပါဘူး
ရင်ဘတ်ကခုထိအသစ်ကြီးပါမိငယ်ရဲ့

နေထိုင်မကောင်းဖြစ်တုန်းက
ငါမှတ်မိသေးတယ်
ရင်ချင်းနီးနေတဲ့ငါတို့
ကံကြမ္မာကိုမခို့တရို့ကြည့်လို့
ဟော့လိုနွေညတွေကိုဖြတ်သန်းဖူးတယ်

မလည်မဝယ်ကံတရားကို
ငါတို့ကောင်းကောင်းခြယ်လှယ်ခဲ့ကြတယ်နော်
ကယော်ကယော်နဲ့
နင့်ရဲ့ပြောင်စပ်စပ်မျက်နှာလေး
ခုထိမြင်ယောင်တုန်း
ငါကပဲရုံးထွက်နေသလား
နင်ကပဲပြုံးပြနုတ်ဆက်သလား
ငါ့ကိုယ်ငါပြန်မေးမေးနေရတယ်

သွားတော့
ထွက်သွားလိုက်တော့
တကယ်တော့ငါမိုက်တာပါ
နင့်အရိပ်အပ်ချည်စ ကို
တစ်စတစ်စမျှယူချင်မိတာလေ

လေပြေသွေးတစ်ချက်ဝှေ့မှာ
ငါကနင့်ရဲ့ကျန်ရစ်သား
တမင်ချန်မထားပါနဲ့
တမင်ချန်မထားပါနဲ့လို့ငါအကြိမ်ကြိမ်ဆုတောင်းမိနေရဲ့. ။ ။ ။ ။








မောင်ရေခဲ ( အဝတ်နီ )



နင်ခင်းတဲ့ မနက်ဖြန်



ငါ့နေရာတွေက
ရာသီပြောင်းမှာပွင့်တဲ့ပုတ်သင်လိုပဲ
အရောင်တွေက
အချိုးအစားမကျဘူး
ငါ့ရဲ့သနပ်ခါးမလေးက
Block ဆိုတဲ့စကားနဲ့
အရင်းနှီးဆုံးဆက်ဆံတယ် ။ ။


 


 


မောင်ရေခဲ (အဝတ်နီ)




အနုတ်ပြတဲ့ ညလေးထဲကမိငယ်



အိပ်တန်းပျံသန်းမယ့် 
တိမ်ပြာအိပ်မက်ကလေးက
မျက်ရည် စက်လက် ထွက်သက်ကိုစတင်နေပြီ မိငယ် ၊
ပျံပါတော့
ဝဲလိုက်ပါတော့
အမြင့်ကို ပျံရင်တော့ ကော်ဖီခါးခါးလေးသောက်သွားကွယ့် မိငယ်ရဲ့ ၊
အညှာလွယ်တဲ့ စစ်သည်တေးသွားတွေက
ဝုန်းခနဲ စည်သံဟိန်းမှဖြင့်ကွယ်
ငှက်သင့် ရင်း ငှက်ဖျားပါရောမိမပေါ့ ၊
်လွတ်လပ်လိုက်ပါတော့ မျောလွင့်လိုက်တော့
ခြေရာတွေကောက်လိုက်တော့
အမြင့်ပျံငှက်ဆိုတာ
ကော်ဖီ ကိုတော့ကြိုက်ကွဲ့
တစ်နေ့တစ်ခါစစ်တုရင်ထိုး
မရိုးနိုင်တဲ့ ပြကွက်တစ်ချို့နဲ့မိတ်ဖွဲ့
ဒို့တွေ မဝေးနိုင်တဲ့ နိမိတ်တွေပါကွယ်

မျက်စိတစ်ချက်မှိတ်ရင် မင်းကန့်လန့်ကာကြီးကဆီးမိုးနေပေါ့
ကိုယ်ထုတ်စည်းတိုးတန်းမကစားဘူး မိငယ် ၊
စစ်သည်တော်တွေကျင့်ဝတ်နဲ့
သာမညောင်ည ကဗျာလေး
မင်းဆီ ပြဿဒါးဆန်ဆန်ရောက်လာခဲ့ရင်
မင်းလက်မကမ်းလိုက်နဲ့နော်
ရင်းချင်းနီးတဲ့ပြယုဂ်လို့သာ မှတ်ထင်ပါကွယ် ၊
မငိုပါနဲ့ မင်းမငိုပါနဲ့
မနီးခဲ့တဲ့ လက်တွေ ငါတို့တွေမှ မဆုပ်ကိုင်နိုင်တာ
အရုပ်ရေးလို့ ဘယ်ထင်ပါ့မလဲမိငယ် ၊
မိုးတွေညို့လာပြီး
ငါမုန်းတယ်မိငယ် ၊
မင်းနဲ့ငါရဲ့
လမ်းခွဲတေးကိုပေါ့ ။ ။








 မောင်ရေခဲ ( အဝတ်နီ )



မဟာဈာပန




ကိုရေခဲ
ခင်ဗျားသေပြီ
ကဲ
သင်္ဂြိုဟ်လိုက်ကြရအောင်
လတ်လတ်ဆတ်ဆတ်ကုသိုလ်ညိုပြာရည်
ခေါင်ရမ်းပန်းတို့ရိတွဲကျ
ခင်ဗျားမသာလူစည်တယ်
စက္ကူပန်းတချို့က
ခင်ဗျားရဲ့ကြေကွဲဖွယ်မဟာဈာပနကို
ခဝါမကျသေးတဲ့အနတ္တတွေပန်လို့
မရိုကြိုးသေးတဲ့ခြေထောက်ကြီးနဲ့နင်းလို့
အမြင်ကပ်စရာနုတ်သီးကြီးကိုထမ်းလို့
သေချာတာကခင်ဗျားသေပြီ

သေချာတာကခင်ဗျားသေပြီ
တောင်ဇလပ်လေးတွေသင်းတယ်
တောင်ပြန်လေရောမြောက်ပြန်လေပါ
သွေ့သွေ့လေးခါရမ်းလာတယ်
ခင်ဗျားကျေနပ်လိုက်ပါ
ကျိုးခဲ့ပြီးပြီ
ကြေခဲ့ပြီးပြီ
အနေမတတ်ခဲ့တော့
သံသရာလည်းဆွေးခဲ့ပြီးပြီ
ခင်ဗျားသေတာနဲ့စန္ဒကူးနံလေးပြန်သင်းလာတယ်
နီစွေးတဲ့ပန်းကလေးတွေရဲ့သလင်းနံ့ကလေးလင်းလာတယ်
စပယ်ပန်းကလေးတွေကလည်းဖူးတန်ပွင့်လို့ချည်ပေါ့
ခင်ဗျားကျေနပ်လိုက်စမ်းပါ
ခင်ဗျားကခရိုနီ

ကိုရေခဲ
တကယ်တော့ခင်ဗျားသေပြီ


ကိုရေခဲ
ခင်ဗျားသေပြီ
တိမ်တွေကပုပ်အဲ့အဲ့
ကျုသံသီချင်းတွေနဲ့ရေပတ်လည်ဝိုင်းတယ်
ဂဏန်းသင်္ချာတွေက
်ဆွေမပြနိုင်မျိုးမပြနိုင်
အောက်သက်ကျေဖို
ကြေအေးပေးလိုက်ရတဲ့ ပန်းခင်းလမ်းလေး
သစ်စိမ်းချိုးကျိုးပေါ့
ခင်ဗျားပေါ့
တရားတရားဆိုပြီး လမ်းသလားခဲ့တာ
ဘုရားဘုရား
တွားမိပေါ့
အပူတွေနဲ့တိုက်မိပေါ့
ရေတွေလဲပွက်လုပေါ့
နွံတွေကိုထမ်းသွားနေတဲ့ကလေးလေး
ဟို့ရှေ့မှာခင်ဗျားမြင်လား
ဟို့ရှေ့မှာလေ
ဘာပဲပြောပြော
ခင်ဗျာသေပြီ

ခံးစားရတာတွေကို
ခံစားရင်း ခံစားရင်း
အဖန်တေနေပြီဖြစ်တဲ့ဟော့ညောင်ညိုပင်အောက်မှာ
ပြာရီမှိူင်းကောင်းကင်တွေမျက်မှန်တပ်ကုန်ပြီ
မှောင်ရီစပြုလာတော့ နှောင်းမိုးကိုမျှော်ရပြန်ပြီ
တကယ်တော့
ခင်ဗျားသေပြီ

စိန်ပန်းပွင့်လေးတွေကတောရကျောင်းမှာ
ပြောရတာမောနေပေမယ့်
ခင်ဗျားသေသွားတာသိပေမယ့်
မြစ်ပွားနာတွေကခုထိကူးဆက်တုန်း
ရေများရေနိုင်ပါဗျာ
မီးကနည်းပေမယ့်လောင်စာကိုခပ်ဖွဖွသုံးတော့
အနုတ်ပြတဲ့ညနေခင်းမှာ လယ်တောသီချင်းကိုသီ
စီကာပတ်ကုံးမပြောပြတတ်တဲ့
ပျဉ်းမငုတ်တို ကိုခုထိုင်
ယိုင်ရင်းယိုင်ရင်းပဲ
တကယ်တော့
ခင်ဗျားသေပြီ။ ။ ။


ကိုရေခဲ
တကယ်တော့ခင်ဗျားသေပြီ
တစ်ချိန်ကယက်ကန်းသံတွေမကြားရတော့ဘူး
တစ်ချိန်ကရွှေချည်ငွေချည်တွေ
ယက်ကန်းသံတွေကြားပြောက်ဆုံး
လူလုံးမလှအပူလုံးကြွ
ရုံးမထရသေးဘူး
ီဒီမှာ အုံ့ပုံးသီချင်းပြန်ဆိုနေရပြန်ပြီ
ကန့်ကူလက်တန်လေးတွေလည်
ယင်မဝဲတော့ ကိုယ့်ကိုယ်ကိုအညှီလောင်းကြ ခင်ဗျားနဲ့အတူလောင်းချသင်္ဂြိုဟ်ခဲ့တယ်

ပြန်ပြောမယ်
အဲဒီမြစ်ပွားနာ
အနှစ်ဆိုတာအညှီတွေမဟုတ်ဘူးဗျ ။ 

ကိုရေခဲ
တကယ်တော့
ခင်ဗျားသေပြီ ။ ။


မတမ်းတတော့ဘူး
လွမ်းမပြတော့ဘူး
ထီး
သုဉ်း
မြို့
ပျက်
အမှိူက်
သတ်မရသေး
ခင်ဗျားဗျာ
ဖောင်စီးရင်း
ရေငတ်အောင်လုပ်တယ် 

ကိုရေခဲ
တကယ်တော့
ခင်ဗျားသေပြီ ။ ။ ။


တိမ်ပြာသားမို့မို့ ညှို့ က
လေးခွင်းအတတ်ကိုမြိုချတော့
ငါ ... ကွ ဆိုတဲ့ ဝါးစိမ်းခြမ်းကလေး
သိမ်သမုတ်ဖို့မြေသတ်မှတ်တယ်

အငြိမ်မနေနိုင် ပိတောက်ရွက်ကလေးတွေရဲ့
ဆိတ်ငြိမ် ဆည်းလည်းသံ
ညံ.....တယ်လို့ဆိုပြီး
ပန်းအမှိူက်သွန်သမားတို့ရဲ့ ကျင့်ဝတ်ကို ကျင့်သုံးတယ်

မသာယာနဲ့
မငြိမ့်ညောင်းဘူး
ကျုပ်တို့ရဲ့သန္ဓေ ဥ ကလေးတွေ
တောကျီးကန်းဝပ်သွားပြီ 

ဒီမှာ
ကိုရေခဲ
ခင်ဗျားကတော့သေပြီ ။ 


နွေ အဦးမှာ
မုတ်သုန်ကို လက်ယက်အခေါ်
ရမ္မက်တွေကိုလက်တန်းရွတ်ချတော့
မျက်ဖြူဆိုက်နေတဲ့ မြေဇာမြက်လေးတွေက
ကယ်ပါ တေးသွားကို ရော့်ခ်ဆန်ဆန်ရွတ်
မကြံမစည်ရာ မိုး ကျလာတော့ 
တေးသွားညည်း က ကြသတဲ့

လောဘ
လိုဘ
ငိုဘ
အမိုးတွေလည်း ပြိုလှပါပြီ
အငြိုးအတေးနဲ့မိုးက ခုထိ သည်းတုန်း

ပိုင်ရာဆိုင်ရာ မြှောက်စားတော့
နိုင်ရာ နိုင်ရာ မဟာဝေဿဝန်နတ်
ပြတ်လတ်နေတဲ့ ဆေးလိပ်တိုလေးတောင်
ပစားမရခဲ့ဘူး
ပုံတူများကူချလေရော့သလား

ကျောက်ကုန်နေတဲ့ မီးခြစ်အိုလေးရေ
ခံရမလား စံရမလား
တွေးတောရင်း မိုးလင်းတော့
ဘာပဲဖြစ်ဖြစ်ပါ
ကိုရေခဲ
ခင်ဗျားကတော့
သေပြီ ။


မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
အမြီးအမောက်မတည့်တဲ့
ဆိုရိုးတွေပဲ ရွတ်ဆိုခဲ့
တတွတ်တွတ်ဆိုရမှာက
မရဏ

ပြုံးပြုံးကြီးကြည့်နေတယ်
သူကတော့
ပက်လက်

ဒေါသ မျက်ချေးတွေကြားမှာပဲ
လက်ပစ်ကူးခတ် ပျော်ပါးနေကြ
အရော်အစားက ကြီးလှချေရဲ့
အပါးလည်ခြင်းတွေကြား
အခါးဓာတ်ကြီးမားလာတဲ့
အိုကမ္ဘ္ဘာလောက
စတပြင်နဲ့မိတ်ဆက်ပေးဖို့
စင်တင်ပေးပါတော့

တိမ်လွှာကြားမူးမေ့လဲခိုက်
ရော့ရဲလာတဲ့ရေတွင်းကိုမှ
ရေငံကြိုက်စေခဲ့ပေါ့

မေ့လိုက်တော့
သတိမရနဲ့တော့
မူးလဲနေတဲ့ဘဝထဲ
ခင်ဗျားအရင်အစစ်ခံလိုက်
သေခြင်းနဲ့မသိခြင်းကြားမှာ
ခင်ဗျားသေပြီ ။ ။


သုဿာန်မြေကို စ နင်းနေပြီ
အတွင်းကြေအနာနဲ့ အရင်းမကြေခဲ့လေသမျှ
တွင်းဝက မော့ကြည့်နေ့ပြီ

အနံ့ခံကောင်းခဲ့တဲ့
လတ်လတ်ဆတ်ဆတ် အမြုပ်တစ်ချို့က
အပျံ မသင်နိုင်စွာငေးမောလို့
မိုးတိမ်ကိုအဓိပ္ပါယ်ဖွင့်ကြတယ်

လွင့်ပြယ်စ ပြာသားလေးတွေပေါ့
အယ်ဒီ ပြာစ ပါးပါးလွှာလေးတွေ
အနေမတတ်စွာ တိမ်တံခါးကိုဖွင့်ပြီး မမြဲခြင်းတရားကို တေးဖွဲ့သီကျူးတယ်

ညွန့်ငုံဖူးစ ဇီဇဝါပန်းလေးက 
တောကျွမ်းမုဆိုးတို့အတတ်နဲ့ 
ပွင့်အာ ခြင်းတရားကိုသင်ပြတော့
မှီခိုနေကြဆိတ်ငြိမ်ရပ်ကွက်ကလေးမှာ
သန်းခေါင်စာရင်းပေးသူများတယ်

နေ့မြင်ညပြောက်ရဲရင့်သူကြီးက
အညိုရောင်ပဝါစ ကို ပါးပါးချင်းခွါချတယ်
ကျုပ်ကတော့ မတ်တတ် 
ရေရွတ်ချင်းတွေအန်ချပေါ့
ဘာပဲပြောပြောပါ
ကိုရေခဲ
ခင်ဗျားကတော့သေပြီ ။ 


ပိုးလောက်လန်းတို့ရဲ့အိုအေစစ်လေးက
ယိုကျနေတဲ့နေစွဲတွေကြား
ဝါကျ သင်္ကေတလေးတွေနဲ့ စကားပြောနေတယ်

မြင်မကောင်းဖွယ် ကျိုးကြေစ မြူမှုံလေးကတော့
သတင်းစကားအချို့ကိုသယ်ဆောင်လို့
လည်ပတ်ရာစက်ဝိုင်းဆီ ခရီးသွားနေဆဲမှာပဲ
ခလုတ်တစ်ခုကို ငါ့တို့ မေ့နေပေါ့ 

အပြောကျယ်လှတဲ့ နေရာ အသင်္ချေ 
နောက်ဆုံး မေ့မြောရာ ဒေသ
ခုံရုံးမှာကြည့်မယ့် တစ်ဖက်ကြည့်မှန်တစ်ချပ်
ခင်ဗျား ဘယ်လိုမြင်နေမှာပါလိမ့်
မှူံပြာပြာ တစ်ပဲစ ရွာသားကောင်းမှူ့များ
နားဝင်ပီယံလှပေမယ့် ဗျိုင်းမပုံပြင်းလေးရဲ့ လေခိုတီလုံးသံစဉ်
မတူညီရင် ညီမျှခြင်းထိုးဖို့ခက်တဲ့ 
အဖြူရောင် ငှက်ကလေးတွေရဲ့နေရာ
သွေဖီသွားခဲ့သပေါ့

ပြိုင်မျဉ်းတွေ အထက်အောက် ညှိတော့ 
ခင်ဗျားရဲ့ နက်ပြာပြာ အရည်တွေက
ယိုစိမ့် ကုန်ပြီ 
ပျော်လိုက်တော့ ပါးလိုက်တော့
အသုတစ်ရာ အောက်နက်ရာအရပ်
စစ်မှန်တဲ့ သူတစ်ယောက်ရှိတယ်
ရန်တော့ မဖြစ်နဲ့ဗျာ သူကနေရာပေးမှာပါ
ဘာပဲဖြစ်ဖြစ်ပါ
ကိုရေခဲ
ခင်ဗျားကတော့သေပြီ ။ ။ 

၁၀

အိုးကပ်စ ဆီလေးတွေ
အတောင်ဖြန့်တဲ့အခါ သူ့ကိုမှီနေတဲ့
ထောက်တိုင်လေးက ငလျင်လှုပ်ပြတယ်
နိယာမ ရဲ့ အစ တဲ့

ဗျိုင်းတစ်အုပ် နဲ့ ကျီးကန်း တစ်သိုက်
ယှဉ်နွဲ စစ်ပွဲ့ဆိုရင် 
ကျီးကန်းတို့ အလံထူတဲ့ပွဲဆိုပါတော့
သေချာတယ် အစ တစ်ခုဖြစ်သလို အဆုံးတစ်ခုလည်းဖြစ်တယ် 

ချောင်းမြောင်းနေတဲ့ ဓားတစ်လက်က
နတ်မြင်းပျံစီးလာတဲ့အခါ ခံတပ်တို့ရဲ့
ဒူးထောက်ရာ မြေနန်းလေး 
အနောက်မုဒ်ဦးအဝင်လမ်းလေးပါပဲလေ

ဗျိုင်းဖြူလေးတွေရဲ့ ပဉ္စလက်အတတ်နဲ့
တောကျီးကန်းတို့ရဲ့ မှော်ဝင်ယဉ်ကျေးမှု့
သံလမ်းပေါ်ဖြတ်တင်တဲ့အခါ ဝန်များရာယိမ်းယိုင်ပေါ့
အထိန်းမနိုင်သူတို့သွားရာလမ်း
အသိမ်းမနိုင်သူတို့လားရာဂတိ
အဖြေက ရေပေါ်ဆီ နဲ့ ဆီအောက်ရေ
မြေကြီးကတော့တွေတွေကြီးကြည့်နေတယ်
ဘာပဲပြောပြောပါ
ကိုရေခဲ
ခင်ဗျားကတော့သေပြီ ။ ။ ။








                                                           မောင်ရေခဲ ( အဝတ်နီ )












Friday, June 20, 2014

နွေအကြမ်းကိုငုံ့သောက်ကြည့်မိတဲ့ခဏ

လှည့်မကြည့်နဲ့တော့မိငယ်


တော်တော်ကြာ


ကိုယ့်အရိပ်ကိုယ်ပြန်ထီးမိုးနေရအုန်းမယ်


နားနေကျ


အမောပြေနေရာလေး


မင်းမခွဲချင်မှန်းကိုယ်သိတာပေါ့



မင်းစိုက်တဲ့ဥယျာဉ်ကလေးက


ခုဆို


ငွါးငွါးစွင့်စွင့်ပန်းကလေးတွေပွင့်လုပေါ့


မိုးဦးကျချိန်ဆို


ကော်ဖီခွက်တင်ခဲ့တဲ့စားပွဲလေးကလည်း


သတိယစရာပါပဲလေ



မိငယ်ရေ


ငါတို့မျက်နှာသစ်ကြစို့နော်


ရေမရှိလည်းငါတို့အချစ်တွေကကြည်လင်နေတယ်လေ



ငါတို့ရထားလေး


ဘယ်ကပတ်ပြေးပြေး


ဘူတာတစ်ခုရောက်တိုင်း


ခေါင်းလေးမှေးတင်တိုင်း


အိမ်လွမ်းနေတာသိပေမယ့်


ကိုယ်ကိုယ်တိုင်ဖြေသိပ်ဖို့ခက်နေတယ်ကွယ်



ရဲဆေးတွေတင်တင်ထားရတယ်


အသဲမအေးတာမင်းသိသားပဲ


အိပ်တော့နော်


ခနနေမိုးလင်းတော့မယ်


အဲဒီကျမှ


မိုးခေါ်ဖို့လွန်ဆွဲကြတာပေါ့ ။ ။ ။



                                       ကိုရေခဲ



Posted via Blogaway



Posted via Blogaway




Posted via Blogaway

အခင်းအကျင်းမလှတဲ့ညထဲကမိငယ်

ငြိမ်နေမလို့ပဲမိငယ်


အရေးဆို ကိုယ်တို့ဂျက်ကီလေးက


အမြီးပဲ့နံ့နံ့ပြတတ်တာမင်းအသိပဲ



ရင်မချိပေမယ့်


မနက်တွေကိုလေပြေသိပ်ထိုးထားတော့


စိတ်မချတချနဲ့


အိပ်မရတဲ့ညတွေက


ကိုယ့်ကိုခိုစီးလာတယ်



တကယ်ဆို


ကိုယ်တို့ကျားရိုးသွေးတိုက်ခဲ့ရမှာ


ဂျက်ကီလေးကိုသင်တန်းကျောင်းပို့ဖို့


မင်းကိုပြောခဲ့မိသား


မင်းပဲအချစ်ပိုခဲ့တာလေ



အပြစ်ဆိုမလို့ပဲ


စနစ်တွေကဒိုင်ပင်ထိုးနေတော့


အချစ်ကပြောက်ပြောက်သွားတယ်



ကတ္တီပါကော်ဇောလေးဝယ်တုန်းကလဲ


ဂျက်ကီပဲအရင်ဖျက်တယ်


မင်းပဲပြောတယ်လေ


သင်ရင်တတ်တယ်ဆို


အခု


အနံ့ဆိုးတွေကြားမှာညအိပ်ရပြီ



ဂျက်ကီလေးကိုကိုယ်လည်းချစ်ပါတယ်


တိရစ္ဆာန်ရုံမှာကျားရိုးသွားတောင်းရအောင်နော်


ပြီးရင်


ကိုယ်တို့သင်တန်းကျောင်းပို့ကြတာပေါ့ ။



                                  ကိုရေခဲ




Posted via Blogaway

Saturday, June 7, 2014

လမ်း ( ၁ )

အတ္တတစ်စုကိုမွေးမြူဖို့ဆိုရင်


ဓားအသွားကောင်းတစ်လက်ကို


သိုဝှက်ထားဖို့လိုလာလိမ့်မယ်



အတ္တနည်းတဲ့သစ်ပင်စိုက်မှ


သစ်ကောင်းဝါးကောင်းမှတ်မှာမဟုတ်လား



မိတ္တူခေတ်ကုန်ပြီလို့မပြောပါနဲ့


ပုံတူတွေများလွန်းလို့


ကိုယ့်ရုပ်ကိုယ်တောင်မယုံချင်တော့ဘူး



အရူးလား


ဒီကမ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘာမှာအပေါဆုံးအရာပဲလေ


မိုက်တာတောင်မှ


ရူးပြီးမိုက်ပြတဲ့ခေတ်



အသစ်တွေနောက်


အနှစ်ကင်းလာတာပါပဲလေ ။ ။ ။




                              မောင်ရေခဲ ( အဝတ်နီ )




Posted via Blogaway

Thursday, August 22, 2013

မစွေတော့နဲ့တော့ဗျာ

ရွာသာရွာချလိုက်ပါ

အကြင်နာမိုး ၊ မေတ္တာမိုး ၊ သစ္စာမိုး ၊ အလွမ်းမိုး ၊ အဆွေးမိုး ၊

ကမ္ဘာပြုမိုး ၊ မရိုးနိုင်တဲ့ မိုးတွေ

ရွာသာရွာချလိုက်ပါ

ခမျာ  ... ခံစားမှု့တွေ တင်းလောက်ရော့ပေါ့

အထောက်တော်တွေ မလွှတ်ပါနဲ့တော့

ညီမျှခြင်းတွေနဲ့လက်တွဲ  .. ကွဲလွဲမှု့တွေအတွက်

ရွာသာရွာချလိုက်ပါ

အချစ်ဆိုတာ နားမလည်သူတစ်ယောက်ပါ

မျက်ရည်တွေ မိုင်တွေခြားသလို

အချစ်နဲ့ခြားနားနေသူပါ

မြွေပူရာကင်းမှောင့်  လောက်လောက်လားလားရွာ မရခဲ့သူပါ

ခြားနားမှု့တွေကို အဆုံးမသတ်တော့

စုပ်တသပ်သပ်နေနေရသူပါ

အဆိုးတွေ ...မိုးရေနဲ့မျှောချချင်သူပါ

မေတ္တာတွေအတိုးချ မငိုရတဲ့ဘဝကိုပိုင်ဆိုင်ချင်သူပါ

အမုန်းစစ်ပြေငြိမ်း ငြိမ်းချမ်းရေးငှက်လွှတ်ချင်သူပါ 

ရွာသာရွာချလိုက်ပါ

အသူတရာချောက်တွေပြည့်သွားပါစေ

မူမပါတဲ့ အပြုံးတစ်လက်ကိုပိုင်ဆိုင်ဖို့

အဖြူရောင်ချပ်ဝတ်တန်ဆာကိုဝတ် လို့ တိမ်ညိုညိုတွေကိုကြည့်ချင်နေသူပါ

ရွာသာရွာချလိုက်ပါ

သဘောကောင်းချင်ယောင်ဆောင်နေတဲ့

တိမ်တိုက်တွေလွင့်တဲ့အထိဖြိုခွင်း

မိုးလင်းခွင့်ကိုမုန်းတဲ့ မျက်ကန်းအတွက်ပေါ့

ရွာသာရွာချလိုက်ပါ

ဝေးခဲ့ရတဲ့နေ့ရက်တွေ

ဆွေးခဲ့ရတဲ့နေ့ရက်တွေ

နှလုံးသွေးခ ခဲ့ရတဲ့နေ့ရက်တွေ

အပြုံးနွေးမရတဲ့နေ့ရက်တွေ

တွေဝေခဲ့တဲ့နေ့ရက်တွေ

အဆင်မပြေခဲ့တဲ့နေ့ရက်တွေ

အသက်တိုးမသွားအောင်

ရွာသာရွာချလိုက်ပါ

မြေခ ခဲ့တဲ့မျက်ရည်တွေ

ကြွေကျခဲ့တဲ့ နှလုံးသားတွေ

လုံးပါးပါးမသွားအောင်

ရွာသာရွာချလိုက်ပါ

ဝေးကွာခဲ့တဲ့မေတ္တာတွေ

အလွှာကင်းမဲ့တဲ့သစ္စတွေ

အလျင်အမြန်ချုပ်စပ်တဲ့အထိ

ရွာသာရွာချလိုက်ပါ

အမှန်တရားကို မှန်ပေါ်တင်ကြည့်တဲ့အခါ

ခင်ဗျားရွာတာအပြစ်မရှိပါဘူးလေ   ။



                                                        မောင်ရေခဲ
                                                  14 August 2013 at 00:04

ကဗျာရေမျောတဲ့ည

ကော်နရှင်ခါးခါးကို ရေမရောဘဲမျိုချ

ဒီညလဲ အိပ်ပျက်တာပဲ အဖတ်တင်ခဲ့ပေါ့

မှတ်တမ်းတင်ခွင့်မရတဲ့ ဟော့ဒီ ည

ခပ်ဆဆ မောင်းထုတ်

အရုပ်ကမ္ဘာကိုပြန်မရောက်ချင်ဘူး မေမေ

တေလေ တစ်ယောက်ရဲ့ခွန်းထောက်ဟာ မိုးလင်းဂီတ နဲ့မတန်မှန်းသိရဲ့

မျက်စိကိုဇွတ်မှိတ် လက်နှစ်ချောင်း ဖျက်ကနဲ့ ဆန့်တန်း

အိုးးးးးး မတန်မရာ ဗုဒ္ဓကိုတမ်းတ မိပြန်ရော

လောကရဲ့ အမြီးအမောက်မတည့်လှတဲ့ ခေါင်းတစ်လုံးကို

ပန်းစင်္ကြာတစ်ခုအမှတ်နဲ့ ရက်ကြာကြာခေါင်းပေါ်တင်

ရင်ဘတ်နဲ့တောင်ဦးညွှတ်ခဲ့ပေါ့

လျော့မသွားခဲ့ပါဘူး

ရူးသွပ်မှု့တွေကိုပေါ့

ဘယ်လောက်ပဲခါးခါး ဆေးခါး ကြီးမှမဟုတ်ဘဲကွယ်

ဓားလွယ်တစ်ခုတ်မှာ အစာသွပ်အရုပ်တစ်ခုနဲ့အစားထိုးရုံပေါ့

ရေးတွင်းပျက်ကြီးလဲ ဖုံတွေတစ်ထောင်းထောင်းထ နေပြီမေမေ

ဒါပေမယ့်

ကျနော် အားမလျော့သေးဘူး

အသွားခြေလှမ်းတွေဘယ်လောက်မြန်မြန်

အပြန်လမ်းက ပိုနီးပါတယ်လေ

                                                                     မောင်ရေခဲ(အဝတ်နီ)

                                         (  ကော်နရှင်မကောင်းတဲ့ညကစိတ်ညစ်ညစ်နဲ့ရေးထားတဲ့စာလေးပါ  )
                                                                
                                                            10 August 2013 at 02:51