Tuesday, October 16, 2012

ခမ်းသွားတဲ့လေ

ဝိညာဉ်တွေပျော်မြူးတဲ့ည
အလင်းရောင်ဖြာကျနေတဲ့
ပြတင်းပေါက်ရဲ့မျှော်လင့်ချက်
ရွေးချယ်ခွင့်မရှိတဲ့သံယောဇဉ်
ဗလာကျင်းပြီးဖြစ်တဲ့ ရင်ဘတ်
ခပ်နက်နက်တူးလို့မရတော့တဲ့အလွမ်းတွေ
အခု
မခမ်းနားတော့ဘူးလေ
ကန်ဘောင်လေအဝှေ့မှာ
ခပ်ထေ့ထေ့တေးသွားလေးတွေနဲ့အတူ
ဒီနေ့
အချစ် နေ့ လို့သတ်မှတ်မယ်
စည်းတွေကိုခဝါချ
ထပ်တူကျတဲ့အရာတွေရှိသရွှေ့
 ဒီနေ့ဟာ မကုန်ဆုံးတော့ဘူး
အာဒံ နဲ့ဧဝ တို့ရဲ့ ဆုံမှတ်တစ်ခု
ငါတို့တွေရဲ့ မှော်ဝင် လက်တစ်စုံ
နေ့ရှိသရွှေ့ကခုန်နိုင်ဖို့
ကဝေတစ်ကောင်ရဲ့ အသက်တစ်ချောင်းဟာ 
မရှိမဖြစ် လိုအပ်တယ်
ဘာဖြစ်လဲကွယ်
ဆောင်းနှင်းအဝတ်ကိုခြုံ
ကျောင်းတော်ကြီးရဲ့လမ်းဆုံမှာ
ငါ ....နွေ ကိုမလွမ်းတော့ဘူး
ရင်ခုန်သံတွေမခမ်းသရွေ့
ဒီနေ့ပဲတမ်းတတော့မယ်

                                မောင်ရေခဲ

No comments: