** ရိပ် ခနဲ မြင်မိတဲ့တဒင်္ဂ
ရ ရ သမျှ အချိန်
ပြန်လိုချင်လိုက်တာကွယ်
ယဉ်မိသမျှစိတ်ကူး
ရူးလောက်အောင်ချစ်မိ
အပြစ်ရှိရင်လည်စင်းခံမယ်
** လှစ် ခနဲ ပြန်တွေ့
ခပ်ထေ့ထေ့အပြုံးတွေနဲ့
ငါ့ကိုယ်ငါ
ပြီးတော့ ... နင်
ပါးစပ်တို့စွံ့ အ
တဒင်္ဂ အသက်မဲ့ခဲ့ကြတယ်လေ
ချစ်မိတဲ့ရင်ဘတ်
နှစ်ကိုယ်တူသော့ခတ်
အထပ်ထပ်ချည်နှောင်
မောင် မှ မောင်ပါပဲ တဲ့
** ထိတ် ခနဲဖြစ်တဲ့တခဏ
စိတ်စေရာတွေးခေါ်
တစ်ခါတစ်ခါတွေးပျော်
တစ်ခါတစ်ခါမှာတော့လဲအတွေးချော်မိတာပါပဲလေ
ချော်မိတဲ့ဒီအချိန်
ရေချိန်တွေမလွန်ခင်
ရင်ချင်းအတ်အဖြေညှိ
ချစ်မိတဲ့ရင်ဘတ်
ယုံကြည်ချက်တွေဆက်စပ်
နှစ်ကိုယ်တူ ဝ ကွက်အပ်
ချစ်တတ်တဲ့ချစ်သူတွေရဲ့ဆုံမှတ်ဟာ
ဘယ်ငြိမ်းချမ်းပါ့မလဲကွယ် ။။
မောင်ရေခဲ
1 comment:
ရေခဲရေ
ကဗျာလေးခံစားခဲ့တယ်နော်
ထိတ် ခနဲဖြစ်တဲ့တခဏ
စိတ်စေရာတွေးခေါ်
တစ်ခါတစ်ခါတွေးပျော်
တစ်ခါတစ်ခါမှာတော့လဲအတွေးချော်မိတာပါပဲလေ
အမဆီမှာ ပိုစ့်အသစ်တင်တာ လဲမတက်ပါလား ဘာဖြစ်လို့လဲ
မသိဘူးနော် ခုသတိတရလာကြည့်တော့မှ တင်ထားတာတွေအများကြီးပဲ
ခင်မင်တဲ့ sis jasmine
Post a Comment