( ၁ )
ရင်ရစ်ဝဲနေတဲ့ လိပ်ပြာငယ်
ဘယ်ဆီဝယ် ဘယ်ကမ္ဘာမှာလို့
အဆိုမသွင်း ချင်ပေမယ့်
အေး မြ လင်း သစ်
ချစ်ခြင်းပြည့်ကမ္ဘာတစ်ခု
ပြီးတော့
ကဗျာတစ်ပုဒ်
ရင်ဘတ်က အတ္တစစ်တပ်ကိုရုပ်သိမ်းပြီး
မင်းကိုပေးချင်တယ်
အရုပ်တွေနဲ့ ကြွယ်ဝနေတဲ့
ဟောဒီကမ္ဘာလောကကြီးမှာ
ငါ့ ကိုယ် ငါ အရုပ် အဖြစ်ဖန်ဆင်း
နင် သွားလိုရာ ....
နင် ထားလိုရာ .....
အရာရာပြည့်စေဖို့
ငါ ...
ရင်ဘတ်သွေးထားတယ် ။
( ၂ )
ချစ်သောလိပ်ပြာငယ်
အေးချမ်းတည်လှတဲ့ရုပ်သွင်
ထာဝစဉ်
ပြည့်စေသား
ငါ ..ဆုတောင်းပေးမယ် ..။
မီးတောက်တွေတလွင့်လွင့်
ခပ်ရင့်ရင့်အတ္တတွေ
ရင်ဘတ် နဲ့ ဆုပ်ကိုင်ပြီး
ထုပ်တိုင်ထက်မှာ ..
ဆုတောင်း အမှားဆိုတာမျိုး
ရင်ပြရိုးမှာ မထားပါရစေနဲ့
စစ်ဘေးတို့ သင့်တတ်ရာ
ဟောဒီ မြေကြမ်းပြင်မှာ
ဆွတ်ပျံ့ လွယ်အေးမြမှု့ မျိုး
ဖြစ်ရမှာ စိုးလွန်းလို့ပါ ။
( ၃ )
ချစ်သောလိပ်ပြာငယ်
ဆယ်သက် ဆယ်ကမ္ဘာ ချစ်မယ်လို့
သူတို့ပြောကြတယ်
ငါမပြောတော့ဘူးနော်
တကယ်ဆို
ငါ့ .. ရေတွင်းအိုက
ငါ့ .. ရေတွင်းအိုက
နင့်ကြောင့်သစ်လွင်ရတာပါ
နက်ဖြန်ဆိုတာက
ပြန်ပြေးဆွဲခံရတဲ့လူတစ်ယောက်လို
ငါတို့ကိုကယောက်ကယက်လုပ်တတ်တယ်လေ ။
( ၄ )
အို ကံကြမ္မာ ...
ငါ့ ကို ငဲ့ ပါ
ငံ့ လင့်ပါ
တကယ်ဆို စခန်းမသင့်လို့ဝေးကြတာပါလို့
ဆင်ခြေတွေနဲ့ငါ့ကိုမချည်နှောင်ပါနဲ့
တိမ်တောက်ချိန်ဆိုရင်လဲ
ရွှေအိုရောင်တွေသုံးပြီး
အိပ်မက်အသေတွေမပို့ပါနဲ့
ကံကြမ္မာရေ
ဒီမှာ ...
လက်ကျန်မိုးတောင် ခိုးခိုးရွာနေရလို့ပါ ။
နက်ဖြန်ဆိုတာက
ပြန်ပြေးဆွဲခံရတဲ့လူတစ်ယောက်လို
ငါတို့ကိုကယောက်ကယက်လုပ်တတ်တယ်လေ ။
( ၄ )
အို ကံကြမ္မာ ...
ငါ့ ကို ငဲ့ ပါ
ငံ့ လင့်ပါ
တကယ်ဆို စခန်းမသင့်လို့ဝေးကြတာပါလို့
ဆင်ခြေတွေနဲ့ငါ့ကိုမချည်နှောင်ပါနဲ့
တိမ်တောက်ချိန်ဆိုရင်လဲ
ရွှေအိုရောင်တွေသုံးပြီး
အိပ်မက်အသေတွေမပို့ပါနဲ့
ကံကြမ္မာရေ
ဒီမှာ ...
လက်ကျန်မိုးတောင် ခိုးခိုးရွာနေရလို့ပါ ။
( ၅ )
ချစ်သောလိပ်ပြာငယ်
အိပ်မက်မှိုင်းပျပျအောက်မှာ
ရောက်ရာပေါက်ရာ
ငါ သွားရမယ်ဆိုရင်
နင့် ရဲ့ ဘေးမှာရစ်ဝဲ
ဝိညာဉ်တွေအသံမဆဲသေးတဲ့
ကိုယ်ရံတော် အရိပ်ကလေးပဲဖြစ်ချင်ပါရဲ့ ။
( ၆ )
ချစ်သောလိပ်ပြာငယ်
လည်ဝယ်ရာ
နယ်ပယ်မှာ
အပျော်တွေငယ်ထိပ်တက်
တရိပ်ရိပ်ပျော်ရွှင်နိုင်ပါစေ
အပျော်တွေရစ်ဝဲ
အချစ်ကမ္ဘာထဲကထွက်မြောက်
ငါ့ ကို မေ့ပျောက်နိုင်ပါစေ
ကမ္ဘာကြီးကျဉ်းချုံ့ရာ
ဂြိုဟ်သားများရဲ့ကမ္ဘာမှာ ပျော်ရင်း
အခင်းအကျင်းအပြည့်အစုံနဲ့
ရပ်တည်နိုင်စွမ်းတွေနေသားတကျနဲ့
အတိတ်ဒဏ်ရာတွေအနည်ထိုင်ပါစေကွယ်...။
မောင်ရေခဲ
15/9/2012
1 comment:
ဆုတောင်း အမှားဆိုတာမျိုး
ရင်ပြရိုးမှာ မထားပါရစေနဲ့
စစ်ဘေးတို့ သင့်တတ်ရာ
ဟောဒီ မြေကြမ်းပြင်မှာ-------
အင်း.......
စစ်ဆိုတာကိုတော့ မဂျီးဂျက်လဲကြောက်တယ်နော်
ခင်မင်တဲ့ sis jasmine
Post a Comment