Sunday, June 29, 2014

မဟာဈာပန



ကိုရေခဲ
ခင်ဗျားသေပြီ
ကဲ
သင်္ဂြိုဟ်လိုက်ကြရအောင်
လတ်လတ်ဆတ်ဆတ်ကုသိုလ်ညိုပြာရည်
ခေါင်ရမ်းပန်းတို့ရိတွဲကျ
ခင်ဗျားမသာလူစည်တယ်
စက္ကူပန်းတချို့က
ခင်ဗျားရဲ့ကြေကွဲဖွယ်မဟာဈာပနကု
ခဝါမကျသေးတဲ့အနတ္တတွေပန်လို့
မရိုကြိုးသေးတဲ့ခြေထောက်ကြီးနဲ့နင်းလို့
အမြင်ကပ်စရာနုတ်သီးကြီးကိုထမ်းလို့
သေချာတာကခင်ဗျားသေပြီ

သေချာတာကခင်ဗျားသေပြီ
တောင်ဇလပ်လေးတွေသင်းတယ်
တောင်ပြန်လေရောမြောက်ပြန်လေပါ
သွေ့သွေ့လေးခါရမ်းလာတယ်
ခင်ဗျားကျေနပ်လိုက်ပါ
ကျိုးခဲ့ပြီးပြီ
ကြေခဲ့ပြီးပြီ
အနေမတတ်ခဲ့တော့
သံသရာလည်းဆွေးခဲ့ပြီးပြီ
ခင်ဗျားသေတာနဲ့စန္ဒကူးနံလေးပြန်သင်းလာတယ်
နီစွေးတဲ့ပန်းကလေးတွေရဲ့သလင်းနံ့ကလေးလင်းလာတယ်
စပယ်ပန်းကလေးတွေကလည်းဖူးတန်ပွင့်လို့ချည်ပေါ့
ခင်ဗျားကျေနပ်လိုက်စမ်းပါ
ခင်ဗျားကခရိုနီ

ကိုရေခဲ
တကယ်တော့ခင်ဗျားသေပြီ



ကိုရေခဲ
ခင်ဗျားသေပြီ
တိမ်တွေကပုပ်အဲ့အဲ့
ကျုသံသီချင်းတွေနဲ့ရေပတ်လည်ဝိုင်းတယ်
ဂဏန်းသင်္ချာတွေက
်ဆွေမပြနိုင်မျိုးမပြနိုင်
အောက်သက်ကျေဖို
ကြေအေးပေးလိုက်ရတဲ့ ပန်းခင်းလမ်းလေး
သစ်စိမ်းချိုးကျိုးပေါ့
ခင်ဗျားပေါ့
တရားတရားဆိုပြီး လမ်းသလားခဲ့တာ
ဘုရားဘုရား
တွားမိပေါ့
အပူတွေနဲ့တိုက်မိပေါ့
ရေတွေလဲပွက်လုပေါ့
နွံတွေကိုထမ်းသွားနေတဲ့ကလေးလေး
ဟို့ရှေ့မှာခင်ဗျားမြင်လား
ဟို့ရှေ့မှာလေ
ဘာပဲပြောပြော
ခင်ဗျာသေပြီ

ခံးစားရတာတွေကို
ခံစားရင်း ခံစားရင်း
အဖန်တေနေပြီဖြစ်တဲ့ဟော့ညောင်ညိုပင်အောက်မှာ
ပြာရီမှိုင်းကောင်းကင်တွေမျက်မှန်တပ်ကုန်ပြီ
မှောင်ရီစပြုလာတော့ နှောင်းမိုးကိုမျှော်ရပြန်ပြီ
တကယ်တော့
ခင်ဗျားသေပြီ

စိန်ပန်းပွင့်လေးတွေကတောရကျောင်းမှာ
ပြောရတာမောနေပေမယ့်
ခင်ဗျားသေသွားတာသိပေမယ့်
မြစ်ပွားနာတွေကခုထိကူးဆက်တုန်း
ရေများရေနိုင်ပါဗျာ
မီးကနည်းပေမယ့်လောင်စာကိုခပ်ဖွဖွသုံးတော့
အနုတ်ပြတဲ့ညနေခင်းမှာ လယ်တောသီချင်းကိုသီ
စီကာပတ်ကုံးမပြောပြတတ်တဲ့
ပျဉ်းမငုတ်တို ကိုခုထိုင်
ယိုင်ရင်းယိုင်ရင်းပဲ
တကယ်တော့
ခင်ဗျားသေပြီ။ ။ ။



ကိုရေခဲ
တကယ်တော့ခင်ဗျားသေပြီ
တစ်ချိန်ကယက်ကန်းသံတွေမကြားရတော့ဘူး
တစ်ချိန်ကရွှေချည်ငွေချည်တွေ
ယက်ကန်းသံတွေကြားပြောက်ဆုံး
လူလုံးမလှအပူလုံးကြွ
ရုံးမထရသေးဘူး
ီဒီမှာ အုံ့ပုံးသီချင်းပြန်ဆိုနေရပြန်ပြီ
ကန့်ကူလက်တန်လေးတွေလည်
ယင်မဝဲတော့ ကိုယ့်ကိုယ်ကိုအညှီလောင်းကြ ခင်ဗျားနဲ့အတူလောင်းချသင်္ဂြိုဟ်ခဲ့တယ်

ပြန်ပြောမယ်
အဲဒီမြစ်ပွားနာ
အနှစ်ဆိုတာအညှီတွေမဟုတ်ဘူးဗျ ။

ကိုရေခဲ
တကယ်တော့
ခင်ဗျားသေပြီ ။ ။



မတမ်းတတော့ဘူး
လွမ်းမပြတော့ဘူး
ထီး
သုဉ်း
မြို့
ပျက်
အမှိုက်
သတ်မရသေး
ခင်ဗျားဗျာ
ဖောင်စီးရင်း
ရေငတ်အောင်လုပ်တယ်

ကိုရေခဲ
တကယ်တော့
ခင်ဗျားသေပြီ ။ ။ ။



တိမ်ပြာသားမို့မို့ ညှို့ က
လေးခွင်းအတတ်ကိုမြိုချတော့
ငါ ... ကွ ဆိုတဲ့ ဝါးစိမ်းခြမ်းကလေး
သိမ်သမုတ်ဖို့မြေသတ်မှတ်တယ်

အငြိမ်မနေနိုင် ပိတောက်ရွက်ကလေးတွေရဲ့
ဆိတ်ငြိမ် ဆည်းလည်းသံ
ညံ.....တယ်လို့ဆိုပြီး
ပန်းအမှိုက်သွန်သမားတို့ရဲ့ ကျင့်ဝတ်ကို ကျင့်သုံးတယ်

မသာယာနဲ့
မငြိမ့်ညောင်းဘူး
ကျုပ်တို့ရဲ့သန္ဓေ ဥ ကလေးတွေ
တောကျီးကန်းဝပ်သွားပြီ

ဒီမှာ
ကိုရေခဲ
ခင်ဗျားကတော့သေပြီ ။



နွေ အဦးမှာ
မုတ်သုန်ကို လက်ယက်အခေါ်
ရမ္မက်တွေကိုလက်တန်းရွတ်ချတော့
မျက်ဖြူဆိုက်နေတဲ့ မြေဇာမြက်လေးတွေက
ကယ်ပါ တေးသွားကို ရော့်ခ်ဆန်ဆန်ရွတ်
မကြံမစည်ရာ မိုး ကျလာတော့
တေးသွားညည်း က ကြသတဲ့

လောဘ
လိုဘ
ငိုဘ
အမိုးတွေလည်း ပြိုလှပါပြီ
အငြိုးအတေးနဲ့မိုးက ခုထိ သည်းတုန်း

ပိုင်ရာဆိုင်ရာ မြှောက်စားတော့
နိုင်ရာ နိုင်ရာ မဟာဝေဿဝန်နတ်
ပြတ်လတ်နေတဲ့ ဆေးလိပ်တိုလေးတောင်
ပစားမရခဲ့ဘူး
ပုံတူများကူချလေရော့သလား

ကျောက်ကုန်နေတဲ့ မီးခြစ်အိုလေးရေ
ခံရမလား စံရမလား
တွေးတောရင်း မိုးလင်းတော့
ဘာပဲဖြစ်ဖြစ်ပါ
ကိုရေခဲ
ခင်ဗျားကတော့
သေပြီ ။



မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
အမြီးအမောက်မတည့်တဲ့
ဆိုရိုးတွေပဲ ရွတ်ဆိုခဲ့
တတွတ်တွတ်ဆိုရမှာက
မရဏ

ပြုံးပြုံးကြီးကြည့်နေတယ်
သူကတော့
ပက်လက်

ဒေါသ မျက်ချေးတွေကြားမှာပဲ
လက်ပစ်ကူးခတ် ပျော်ပါးနေကြ
အရော်အစားက ကြီးလှချေရဲ့
အပါးလည်ခြင်းတွေကြား
အခါးဓာတ်ကြီးမားလာတဲ့
အိုကမ္ဘ္ဘာလောက
စတပြင်နဲ့မိတ်ဆက်ပေးဖို့
စင်တင်ပေးပါတော့

တိမ်လွှာကြားမူးမေ့လဲခိုက်
ရော့ရဲလာတဲ့ရေတွင်းကိုမှ
ရေငံကြိုက်စေခဲ့ပေါ့

မေ့လိုက်တော့
သတိမရနဲ့တော့
မူးလဲနေတဲ့ဘဝထဲ
ခင်ဗျားအရင်အစစ်ခံလိုက်
သေခြင်းနဲ့မသိခြင်းကြားမှာ
ခင်ဗျားသေပြီ ။ ။



သုဿာန်မြေကို စ နင်းနေပြီ
အတွင်းကြေအနာနဲ့ အရင်းမကြေခဲ့လေသမျှ
တွင်းဝက မော့ကြည့်နေ့ပြီ

အနံ့ခံကောင်းခဲ့တဲ့
လတ်လတ်ဆတ်ဆတ် အမြုပ်တစ်ချို့က
အပျံ မသင်နိုင်စွာငေးမောလို့
မိုးတိမ်ကိုအဓိပ္ပါယ်ဖွင့်ကြတယ်

လွင့်ပြယ်စ ပြာသားလေးတွေပေါ့
အယ်ဒီ ပြာစ ပါးပါးလွှာလေးတွေ
အနေမတတ်စွာ တိမ်တံခါးကိုဖွင့်ပြီး မမြဲခြင်းတရားကို တေးဖွဲ့သီကျူးတယ်

ညွန့်ငုံဖူးစ ဇီဇဝါပန်းလေးက
တောကျွမ်းမုဆိုးတို့အတတ်နဲ့
ပွင့်အာ ခြင်းတရားကိုသင်ပြတော့
မှီခိုနေကြဆိတ်ငြိမ်ရပ်ကွက်ကလေးမှာ
သန်းခေါင်စာရင်းပေးသူများတယ်

နေ့မြင်ညပြောက်ရဲရင့်သူကြီးက
အညိုရောင်ပဝါစ ကို ပါးပါးချင်းခွါချတယ်
ကျုပ်ကတော့ မတ်တတ်
ရေရွတ်ချင်းတွေအန်ချပေါ့
ဘာပဲပြောပြောပါ
ကိုရေခဲ
ခင်ဗျားကတော့သေပြီ ။



ပိုးလောက်လန်းတို့ရဲ့အိုအေစစ်လေးက
ယိုကျနေတဲ့နေစွဲတွေကြား
ဝါကျ သင်္ကေတလေးတွေနဲ့ စကားပြောနေတယ်

မြင်မကောင်းဖွယ် ကျိုးကြေစ မြူမှုံလေးကတော့
သတင်းစကားအချို့ကိုသယ်ဆောင်လို့
လည်ပတ်ရာစက်ဝိုင်းဆီ ခရီးသွားနေဆဲမှာပဲ
ခလုတ်တစ်ခုကို ငါ့တို့ မေ့နေပေါ့

အပြောကျယ်လှတဲ့ နေရာ အသင်္ချေ
နောက်ဆုံး မေ့မြောရာ ဒေသ
ခုံရုံးမှာကြည့်မယ့် တစ်ဖက်ကြည့်မှန်တစ်ချပ်
ခင်ဗျား ဘယ်လိုမြင်နေမှာပါလိမ့်
မှူံပြာပြာ တစ်ပဲစ ရွာသားကောင်းမှူ့များ
နားဝင်ပီယံလှပေမယ့် ဗျိုင်းမပုံပြင်းလေးရဲ့ လေခိုတီလုံးသံစဉ်
မတူညီရင် ညီမျှခြင်းထိုးဖို့ခက်တဲ့
အဖြူရောင် ငှက်ကလေးတွေရဲ့နေရာ
သွေဖီသွားခဲ့သပေါ့

ပြိုင်မျဉ်းတွေ အထက်အောက် ညှိတော့
ခင်ဗျားရဲ့ နက်ပြာပြာ အရည်တွေက
ယိုစိမ့် ကုန်ပြီ
ပျော်လိုက်တော့ ပါးလိုက်တော့
အသုတစ်ရာ အောက်နက်ရာအရပ်
စစ်မှန်တဲ့ သူတစ်ယောက်ရှိတယ်
ရန်တော့ မဖြစ်နဲ့ဗျာ သူကနေရာပေးမှာပါ
ဘာပဲဖြစ်ဖြစ်ပါ
ကိုရေခဲ
ခင်ဗျားကတော့သေပြီ ။ ။

၁၀

အိုးကပ်စ ဆီလေးတွေ
အတောင်ဖြန့်တဲ့အခါ သူ့ကိုမှီနေတဲ့
ထောက်တိုင်လေးက ငလျင်လှုပ်ပြတယ်
နိယာမ ရဲ့ အစ တဲ့

ဗျိုင်းတစ်အုပ် နဲ့ ကျီးကန်း တစ်သိုက်
ယှဉ်နွဲ စစ်ပွဲ့ဆိုရင်
ကျီးကန်းတို့ အလံထူတဲ့ပွဲဆိုပါတော့
သေချာတယ် အစ တစ်ခုဖြစ်သလို အဆုံးတစ်ခုလည်းဖြစ်တယ်

ချောင်းမြောင်းနေတဲ့ ဓားတစ်လက်က
နတ်မြင်းပျံစီးလာတဲ့အခါ ခံတပ်တို့ရဲ့
ဒူးထောက်ရာ မြေနန်းလေး
အနောက်မုဒ်ဦးအဝင်လမ်းလေးပါပဲလေ

ဗျိုင်းဖြူလေးတွေရဲ့ ပဉ္စလက်အတတ်နဲ့
တောကျီးကန်းတို့ရဲ့ မှော်ဝင်ယဉ်ကျေးမှု့
သံလမ်းပေါ်ဖြတ်တင်တဲ့အခါ ဝန်များရာယိမ်းယိုင်ပေါ့
အထိန်းမနိုင်သူတို့သွားရာလမ်း
အသိမ်းမနိုင်သူတို့လားရာဂတိ
အဖြေက ရေပေါ်ဆီ နဲ့ ဆီအောက်ရေ
မြေကြီးကတော့တွေတွေကြီးကြည့်နေတယ်
ဘာပဲပြောပြောပါ
ကိုရေခဲ
ခင်ဗျားကတော့သေပြီ ။   ။  ။


                                                           မောင်ရေခဲ ( အဝတ်နီ )



Friday, June 20, 2014

နွေအကြမ်းကိုငုံ့သောက်ကြည့်မိတဲ့ခဏ

လှည့်မကြည့်နဲ့တော့မိငယ်
တော်တော်ကြာ
ကိုယ့်အရိပ်ကိုယ်ပြန်ထီးမိုးနေရအုန်းမယ်
နားနေကျ
အမောပြေနေရာလေး
မင်းမခွဲချင်မှန်းကိုယ်သိတာပေါ့

မင်းစိုက်တဲ့ဥယျာဉ်ကလေးက
ခုဆို
ငွါးငွါးစွင့်စွင့်ပန်းကလေးတွေပွင့်လုပေါ့
မိုးဦးကျချိန်ဆို
ကော်ဖီခွက်တင်ခဲ့တဲ့စားပွဲလေးကလည်း
သတိယစရာပါပဲလေ

မိငယ်ရေ
ငါတို့မျက်နှာသစ်ကြစို့နော်
ရေမရှိလည်းငါတို့အချစ်တွေကကြည်လင်နေတယ်လေ

ငါတို့ရထားလေး
ဘယ်ကပတ်ပြေးပြေး
ဘူတာတစ်ခုရောက်တိုင်း
ခေါင်းလေးမှေးတင်တိုင်း
အိမ်လွမ်းနေတာသိပေမယ့်
ကိုယ်ကိုယ်တိုင်ဖြေသိပ်ဖို့ခက်နေတယ်ကွယ်

ရဲဆေးတွေတင်တင်ထားရတယ်
အသဲမအေးတာမင်းသိသားပဲ
အိပ်တော့နော်
ခနနေမိုးလင်းတော့မယ်
အဲဒီကျမှ
မိုးခေါ်ဖို့လွန်ဆွဲကြတာပေါ့        ။           ။   ။

                                       ကိုရေခဲ

Posted via Blogaway

Posted via Blogaway


Posted via Blogaway

အခင်းအကျင်းမလှတဲ့ညထဲကမိငယ်

ငြိမ်နေမလို့ပဲမိငယ်
အရေးဆို ကိုယ်တို့ဂျက်ကီလေးက
အမြီးပဲ့နံ့နံ့ပြတတ်တာမင်းအသိပဲ

ရင်မချိပေမယ့်
မနက်တွေကိုလေပြေသိပ်ထိုးထားတော့
စိတ်မချတချနဲ့
အိပ်မရတဲ့ညတွေက
ကိုယ့်ကိုခိုစီးလာတယ်

တကယ်ဆို
ကိုယ်တို့ကျားရိုးသွေးတိုက်ခဲ့ရမှာ
ဂျက်ကီလေးကိုသင်တန်းကျောင်းပို့ဖို့
မင်းကိုပြောခဲ့မိသား
မင်းပဲအချစ်ပိုခဲ့တာလေ

အပြစ်ဆိုမလို့ပဲ
စနစ်တွေကဒိုင်ပင်ထိုးနေတော့
အချစ်ကပြောက်ပြောက်သွားတယ်

ကတ္တီပါကော်ဇောလေးဝယ်တုန်းကလဲ
ဂျက်ကီပဲအရင်ဖျက်တယ်
မင်းပဲပြောတယ်လေ
သင်ရင်တတ်တယ်ဆို
အခု
အနံ့ဆိုးတွေကြားမှာညအိပ်ရပြီ

ဂျက်ကီလေးကိုကိုယ်လည်းချစ်ပါတယ်
တိရစ္ဆာန်ရုံမှာကျားရိုးသွားတောင်းရအောင်နော်
ပြီးရင်
ကိုယ်တို့သင်တန်းကျောင်းပို့ကြတာပေါ့     ။

                                  ကိုရေခဲ


Posted via Blogaway

Saturday, June 7, 2014

လမ်း ( ၁ )

အတ္တတစ်စုကိုမွေးမြူဖို့ဆိုရင်
ဓားအသွားကောင်းတစ်လက်ကို
သိုဝှက်ထားဖို့လိုလာလိမ့်မယ်

အတ္တနည်းတဲ့သစ်ပင်စိုက်မှ
သစ်ကောင်းဝါးကောင်းမှတ်မှာမဟုတ်လား

မိတ္တူခေတ်ကုန်ပြီလို့မပြောပါနဲ့
ပုံတူတွေများလွန်းလို့
ကိုယ့်ရုပ်ကိုယ်တောင်မယုံချင်တော့ဘူး

အရူးလား
ဒီကမ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘာမှာအပေါဆုံးအရာပဲလေ
မိုက်တာတောင်မှ
ရူးပြီးမိုက်ပြတဲ့ခေတ်

အသစ်တွေနောက်
အနှစ်ကင်းလာတာပါပဲလေ ။  ။   ။

                              မောင်ရေခဲ ( အဝတ်နီ )


Posted via Blogaway

Thursday, August 22, 2013

မစွေတော့နဲ့တော့ဗျာ

ရွာသာရွာချလိုက်ပါ

အကြင်နာမိုး ၊ မေတ္တာမိုး ၊ သစ္စာမိုး ၊ အလွမ်းမိုး ၊ အဆွေးမိုး ၊

ကမ္ဘာပြုမိုး ၊ မရိုးနိုင်တဲ့ မိုးတွေ

ရွာသာရွာချလိုက်ပါ

ခမျာ  ... ခံစားမှု့တွေ တင်းလောက်ရော့ပေါ့

အထောက်တော်တွေ မလွှတ်ပါနဲ့တော့

ညီမျှခြင်းတွေနဲ့လက်တွဲ  .. ကွဲလွဲမှု့တွေအတွက်

ရွာသာရွာချလိုက်ပါ

အချစ်ဆိုတာ နားမလည်သူတစ်ယောက်ပါ

မျက်ရည်တွေ မိုင်တွေခြားသလို

အချစ်နဲ့ခြားနားနေသူပါ

မြွေပူရာကင်းမှောင့်  လောက်လောက်လားလားရွာ မရခဲ့သူပါ

ခြားနားမှု့တွေကို အဆုံးမသတ်တော့

စုပ်တသပ်သပ်နေနေရသူပါ

အဆိုးတွေ ...မိုးရေနဲ့မျှောချချင်သူပါ

မေတ္တာတွေအတိုးချ မငိုရတဲ့ဘဝကိုပိုင်ဆိုင်ချင်သူပါ

အမုန်းစစ်ပြေငြိမ်း ငြိမ်းချမ်းရေးငှက်လွှတ်ချင်သူပါ 

ရွာသာရွာချလိုက်ပါ

အသူတရာချောက်တွေပြည့်သွားပါစေ

မူမပါတဲ့ အပြုံးတစ်လက်ကိုပိုင်ဆိုင်ဖို့

အဖြူရောင်ချပ်ဝတ်တန်ဆာကိုဝတ် လို့ တိမ်ညိုညိုတွေကိုကြည့်ချင်နေသူပါ

ရွာသာရွာချလိုက်ပါ

သဘောကောင်းချင်ယောင်ဆောင်နေတဲ့

တိမ်တိုက်တွေလွင့်တဲ့အထိဖြိုခွင်း

မိုးလင်းခွင့်ကိုမုန်းတဲ့ မျက်ကန်းအတွက်ပေါ့

ရွာသာရွာချလိုက်ပါ

ဝေးခဲ့ရတဲ့နေ့ရက်တွေ

ဆွေးခဲ့ရတဲ့နေ့ရက်တွေ

နှလုံးသွေးခ ခဲ့ရတဲ့နေ့ရက်တွေ

အပြုံးနွေးမရတဲ့နေ့ရက်တွေ

တွေဝေခဲ့တဲ့နေ့ရက်တွေ

အဆင်မပြေခဲ့တဲ့နေ့ရက်တွေ

အသက်တိုးမသွားအောင်

ရွာသာရွာချလိုက်ပါ

မြေခ ခဲ့တဲ့မျက်ရည်တွေ

ကြွေကျခဲ့တဲ့ နှလုံးသားတွေ

လုံးပါးပါးမသွားအောင်

ရွာသာရွာချလိုက်ပါ

ဝေးကွာခဲ့တဲ့မေတ္တာတွေ

အလွှာကင်းမဲ့တဲ့သစ္စတွေ

အလျင်အမြန်ချုပ်စပ်တဲ့အထိ

ရွာသာရွာချလိုက်ပါ

အမှန်တရားကို မှန်ပေါ်တင်ကြည့်တဲ့အခါ

ခင်ဗျားရွာတာအပြစ်မရှိပါဘူးလေ   ။



                                                        မောင်ရေခဲ
                                                  14 August 2013 at 00:04

ကဗျာရေမျောတဲ့ည

ကော်နရှင်ခါးခါးကို ရေမရောဘဲမျိုချ

ဒီညလဲ အိပ်ပျက်တာပဲ အဖတ်တင်ခဲ့ပေါ့

မှတ်တမ်းတင်ခွင့်မရတဲ့ ဟော့ဒီ ည

ခပ်ဆဆ မောင်းထုတ်

အရုပ်ကမ္ဘာကိုပြန်မရောက်ချင်ဘူး မေမေ

တေလေ တစ်ယောက်ရဲ့ခွန်းထောက်ဟာ မိုးလင်းဂီတ နဲ့မတန်မှန်းသိရဲ့

မျက်စိကိုဇွတ်မှိတ် လက်နှစ်ချောင်း ဖျက်ကနဲ့ ဆန့်တန်း

အိုးးးးးး မတန်မရာ ဗုဒ္ဓကိုတမ်းတ မိပြန်ရော

လောကရဲ့ အမြီးအမောက်မတည့်လှတဲ့ ခေါင်းတစ်လုံးကို

ပန်းစင်္ကြာတစ်ခုအမှတ်နဲ့ ရက်ကြာကြာခေါင်းပေါ်တင်

ရင်ဘတ်နဲ့တောင်ဦးညွှတ်ခဲ့ပေါ့

လျော့မသွားခဲ့ပါဘူး

ရူးသွပ်မှု့တွေကိုပေါ့

ဘယ်လောက်ပဲခါးခါး ဆေးခါး ကြီးမှမဟုတ်ဘဲကွယ်

ဓားလွယ်တစ်ခုတ်မှာ အစာသွပ်အရုပ်တစ်ခုနဲ့အစားထိုးရုံပေါ့

ရေးတွင်းပျက်ကြီးလဲ ဖုံတွေတစ်ထောင်းထောင်းထ နေပြီမေမေ

ဒါပေမယ့်

ကျနော် အားမလျော့သေးဘူး

အသွားခြေလှမ်းတွေဘယ်လောက်မြန်မြန်

အပြန်လမ်းက ပိုနီးပါတယ်လေ

                                                                     မောင်ရေခဲ(အဝတ်နီ)

                                         (  ကော်နရှင်မကောင်းတဲ့ညကစိတ်ညစ်ညစ်နဲ့ရေးထားတဲ့စာလေးပါ  )
                                                                
                                                            10 August 2013 at 02:51

ငါတို့ဝေးသွားကြတဲ့အခါ

ငါတို့ဝေးသွားကြတဲ့အခါ

တိတ်တိတ်လေးနဲ့ စိုးထိတ်ပေးတတ်တဲ့ နှလုံးသားလေးကိုသတိယပေးပါ

ကွေကွင်းခြင်းဆိုတာ ငါတစ်ယောက်ထဲခံစားရတာမဟုတ်တဲ့အတွက်တော့

ငါဖြေသာပါတယ်

ငါတို့ဝေးသွားကြတဲ့အခါ

လာလမ်းကိုမျှော်ဆိုတဲ့ သီချင်းလေးကိုနားထောင်တတ်တဲ့အဖြစ်လေးတွေကိုသတိယပေးပါ

တကယ်တော့ လာလမ်းမမျှော်ခဲ့ဘဲ မျှော်တော်ယောင်ကမ်းမှာ ကပ်နေခဲ့မိပေါ့

ငါတို့ဝေးသွားကြတဲ့အခါ

ဆင်ခြင်မဲ့အတွေးများတဲ့ ငါ့ကိုခွင့်လွတ်ပါ

စိတ်ဒဏ်ရာတွေ အနယ်မထိုင်သရွေ့ ငါ့စိတ်တွေ မတုန်မလှုပ်ဖြစ်တတ်လွန်းလို့ပါ

ငါတို့ဝေးသွားကြတဲ့အခါ

တေးသွားတွေရွတ်ခဲ့တဲ့ ညနေခင်းလေးတွေကိုသတိယပေးပါ

ငါ့ရင်ဘတ်ရဲ့ သခင်ဟာ မင်းပါ မင်းပါ လို့ရွတ်နေတာ ခုထိ

ငါတို့ဝေးသွားကြတဲ့အခါ

ပြန်ခဲ့မယ်ပြောပြီး ပြန်မလာခဲ့တဲ့ ကိုယ်အဖြစ်ကိုယ်ပြန်သတိယပါ

အလွမ်းဆိုတာ ကြိုက်လို မျိုချခဲ့ရတာမဟုတ်ရပါဘူး

ရူးရူးမိုက်မိုက် စိတ်မှိုင်းတိုက်လိုက်ရတာပါ

ငါတို့ဝေးသွားကြတဲ့အခါ

ငါတို့တွေဟာ မိတ်ဆွေတွေပါပဲလို့ မျက်စိမှိတ်ပြောပြီးပြန်ခဲ့ရတဲ့မျက်ရည်တွေကိုသတိယပါ

တစ်ထပ်တည်းမကျတဲ့ အိပ်မက်တွေက ကျိန်စာတိုက်တယ်လို့ပဲသဘောထားလိုက်တာပါ

ငါတို့ဝေးသွားကြတဲ့အခါ      .............

ငါတို့ဝေးသွားကြတဲ့အခါ     ..............

ငါတို့ဝေးသွားကြတဲ့အခါ      ............

ငါတို့ဝေးသွားကြတဲ့အခါ     ............

                                          


                                                                 မောင်ရေခဲ(အဝတ်နီ)
                                                            9 August 2013 at 03:31
                                                
                                                        
                                            

Monday, August 5, 2013

အိပ်တန်းမပြန်တဲ့ ညဥ့်လယ်

အိပ်မပျော်တဲ့ညကပေါ့

အိပ်မက်ခါးခါးတွေကို ခါးတောင်မြှောင်အောင်ကြိုက်ပြီး မော့မော့သောက်တယ်

အအေးလွန်နေတဲ့လမင်းကလဲ မလင်းနိုင် မမှိန်နိုင် ရိတွဲကျလို့

အိပ်မပျော်တဲ့ညကပေါ့

ချစ်သူရဲ့ချစ်ခြင်းတွေ ကြယ်တစ်သန်းနဲ့ယှဉ်ပြ တကယ်ဆို အချစ်က အမုန်းထက်ပူတယ်

ကလူကျီဆယ်နေကြတဲ့ ပိုးစုံးကြူးလေတွေတောင် အိမ်ယာတွေဆီဦးတည်နေပြီ

ညို့ငင်အားကောင်းတဲ့ မှော်ဆရာလို ငါ့ကို ပြုစားခေါ်ငင်နေတဲ့ လ မသာတဲ့ ကဗျာတစ်ပုဒ်

ခံစားမှု့တွေနဲ့ယက်ထုတ်ကြည့်ရင်း လေဟာနယ်ထဲသက်ဆင်းခဲ့တယ်

အိပ်မပျော်တဲ့ညကပေါ့

မျှော်တော်ယောင် ကန်းနေတဲ့ ကမ်းနဖူးကိုမေးတင်လို့ ဆေးလိပ်ငွေ့တွေနဲ့ မောင်းခုတ်ခဲ့တယ်

နှလုံးသားကို ခုန်အုပ်သွားတဲ့ ကောင်မလေးအကြောင်းကလဲ မပါမပြီးတဲ့ နဂါးငွေ့တန်းတစ်ခုကို

ယုယုယယ သိမ်းလို့ ဒိုးယိမ်းညတစ်ခု လေဟာနယ်ကမ္ဘာမှာ ဇာတ်ပွဲကျင်းပတယ်

အိပ်မပျော်တဲ့ညကပေါ့

ခွေးအူသံတွေ ရေလှိုင်းခတ်လို့ ဖိုသီဖတ်သီနိုင်တဲ့ တိမ်တစ်အုပ် သူ့မျက်နှာကို လာဟပ်

မသပ်မရပ် တစ်ပိုင်းတစ်စ ကဗျာ တစ်ပုဒ်နဲ့ ညဥ့်လယ်ကိုတောင် အားနာမိရဲ့

အိပ်မပျော်တဲ့ညကပေါ့

အဝေးရောက်နေတဲ့ ခင်သူ မင်သူ မိတ်ဆွေ အချို့နဲ့ ကျနော့်ရဲ့ ကဗျာမ လေး

ရုပ်ရှင်တိမ်တိုက်ကိုဖွင့်လို့ တစ်ခန်းချင်း လွမ်းတယ်

အိပ်မပျော်တဲ့ညကပေါ့

အမေ့ရဲ့ " မိတ္ထီလာ ကန်ဝယ် ဖားကောက်ခဲ့ပါ့မယ် " သားချော့တေးလေး စားမြုံ့ပြန်ရင်း ဗျိုင်းတစ်အုပ်က ပြန်လာပါခေါ်တယ်

အရည်အသွေးညံ့လှတဲ့ ဟော့ဒီကဗျာတစ်ပုဒ်နဲ့ ရှတတ မျက်နှာကျောက အငြင်းဝါကျတွေရေရွတ်ပေါ့

အိပ်မပျော်တဲ့ညကပေါ့

မိဘမဲ့ကလေးတွေအကြောင်းကို ငေးရင်းတွေးရင်း ငါ့ကိုယ်ကို ငါ့ လက်ပြန်ဆုပ်မိတယ်

ရင်ဘတ်ချင်း ဂျက်ပင်ထိုးဖို့ခက်တယ်ဆိုတာ ကိုယ်တိုင် ကိုယ်နဲ့ ရန်ဖြစ်ဖူးမှပါ

အိပ်မပျော်တဲ့ညကပေါ့

ရွာအဝင်က တမာပင်ကြီးရယ် ရွာအနောက်က မူးမြစ်ကမ်းရယ် စာကြည့်နေကြ စားပွဲလေးဆီ

စိတ်တွေက ခိုလို့ ဝင်လို့ မြူခိုးတွေ ရစ်ပတ်နှောင်ငင်နေတယ်

အိပ်မပျော်တဲ့ညကပေါ့

ကဗျာ တစ်ပိုင်းတစ်စနဲ့ ကိုယ့်ကိုယ်ကို မီးရှို့ခဲ့တယ်

အိပ်မပျော်တဲ့ညကပေါ့

ကြွေကျသွားတဲ့ကြယ်ကလဲ အလင်းတစ်သန်းပြနုတ်ဆက်

ဝေကျနေတဲ့ ဝေဒနာတွေက အချင်းမကျသေးတဲ့ နွားမိခင်လို ရှေ့တိုးနောက်ဆုတ်

ကိုယ့်အိမ် ကိုယ့်ယာဆီကို တပ်ဆုတ်ချင်နေတယ်

အိပ်မပျော်တဲ့ညကပေါ့

တဏှာ နဲ့ ဥပါဒါန် အကွာ အဝေး

ရေချိန်တစ်ခုနဲ့ ချိန်ကြည့်ခဲ့တယ်

အိပ်မပျော်တဲ့ညကပေါ့

ရော့ရော့သွားတဲ့အချစ်တွေအကြောင်း ချော့ချော့တွေးရင်း

အကင်းမသေ သေးတဲ့ အလင်းမှာပျံနှံ့နေတာတောင် အိပ်တန်းကိုမေ့မေ့ကုန်ရော

အိပ်မပျော်တဲ့ညကပေါ့

စိတ်ခြေရာတွေကို ကောက်သင်းကောက်ရင်း

မနက်တွေကို မိုးကြည့်နေခဲ့တယ်

အိပ်မပျော်တဲ့ညကပေါ့

အိပ်မက်တွေကို အသေသတ် ဒီလိုနဲ့ အိပ်မပျော်ခဲ့ပါဘူးလေ     ။


                                                                  
                                                                                        မောင်ရေခဲ
                                                                                  August 4, 2013 at 12:10am

ရင်ဘတ်ရဲ့ ခပ်စပ်စပ်ဒဏ်ရာအချို့

နတ်ဆိုးတွေက ကျိန်စာတွေနဲ့ အလဲအကွဲ ထိုးတတ်လွန်းလို့

ခိုးခိုးလွမ်းနေရတယ်

မိုးတွေတောင်သဲသဲလာပေါ့

အချိုးအကွေ့တွေနောက်  မင်းအကြောင်းတွေ အပ်ကြောင်းတွေထပ်

ရင်ဘတ်မှာ သံစဉ်တွေရုန့်ရင်းခတ်တယ်

တံဇဉ်တစ်ချောင်းဖြစ်ချင်လာတယ်

အလွမ်းချင်းငြိကြည့်မိအောင်ပေါ့

ခပ်ထေ့ထေ့တော့မရယ်လိုက်ပါနဲ့

ဒီမှာ ယဲ့ယဲ့ပဲကျန်တဲ့ အနမ်းအချို့နဲ့ မှန်းဆ လွမ်းရလွန်းလို့ပါ

အငွေ့ပျံဖို့ မသင့်တဲ့ အတိတ်တွေ

အရိပ်အနေနဲ့ပဲဖြစ်ဖြစ် ခဏလောက်ဆွဲခေါ်ထားချင်တယ်

အမြတ်နိုးဆုံး ပန်းချီတွေနဲ့ ရစ်သိုင်းထားချင်တယ်

နှလုံးသားနဲ့ သပ်ရပ်စွာထုဆစ်ထားတာပါ

ဂျုံးဂျုံးကျသွားလဲ ငါ့ကံမခိုင်လို့ပဲမှတ်ယူလိုက်တော့မယ်

အဆုံးတွေ ငါမတွေးတော့ဘူး

မျက်စိတွေအိပ်တန်းမလွှတ်ရဲတာပဲခက်တယ်

ရက်ရက်စက်စက်ခွဲခွါသွားတယ်ကံကြမ္မာရယ်

အလံစိမ်းတော့တစ်ချက်လောက်လွှင့်ပေးပါ

ဝေးကွာခဲ့တဲ့ရက်တွေအတွက် သက်ညှာထောက်ထားပေးပါ

အခေါက်ခေါက်အခါခါ ရွက်လွှင့်ခဲ့တဲ့ငါ့အိပ်မက်တွေ

တိမ်တိုက်တွေလိုလွင့်မျော

ကသောမမျော ရောချခဲ့ရတဲ့ ရင်တွင်းမျက်ရည်တွေ

ဒီမိုးရေတွေနဲ့အတူ ရောချလိုက်ချင်ရဲ့တော့ကွယ်

တိတ်တိတ်လေးမှရော့သွားရော့သွားပေါ့



                                               မောင်ရေခဲ
                                                July 31, 2013 at 2:54am


Tuesday, July 30, 2013

ငါတို့အလိမ် တလိမ် လုပ်ကြတယ်

ငါတို့အလိမ် တလိမ် လုပ်ကြတယ်

မိုးညတွေကို နွေလိုလိုဆောင်းလိုလိုစီးဆင်းပြ
တိမ်တွေက ညမှောင်မှောင်တေးပဲ ရွတ်တတ်သလားထင်ရ

အချိန်တွေကိုများ ငယ်ငယ်ကဆော့ကစားသလို အလိမ် တလိမ် လုပ်လို့ရသလားအောက်မေ့ရအောင်

ဆေးလိပ်ငွေ့တွေလို့ အငွေ့ပျံ ဆွတ်ပျံ့ပြလိုက်

မနက်ဖြန်ဆိုတာ ကို ချဉ်ရည်ဟင်းတခွက်လိုမြိန်ရည် ယှက်ရည်သောက်သုံးကြ

လောက်ငှ တယ်ဆိုတာ ဟလို တစ်ချက်ခေါ်ရုံ နိဂုံးချုပ်ချုပ်နေတဲ့ ကြယ်ရောင်အောက်

ငါတို့ အလိမ် တလိမ် လုပ်ကြတယ်

ကလိမ် တယ်ဆိုတာ ငယ်ငယ်ကတော့ မုန်းကြိုးလိမ်ပဲမှတ်တာ ခြေ နှစ်ချောင်းလိမ်ရင်လဲ 
ကလိမ် တယ်လို့ခေါ်ဆိုပဲ

ဒေါက်ထောက်ကြည့်ကြည့်နေရတဲ့ မျက်လုံးတစ္ဆေ မျက်ကန်းတစ္ဆေ ထမင်းလုံးတစ္ဆေ ..စတဲ့ 
မီးခိုးတစ္ဆေ တို့နဲ့

ငါတို့ အလိမ် တလိမ်လုပ်ကြတယ်

ရေကြည်ရာ မြက်နုရာ တဲ့ ရေနောက် မြက်ခြောက်တဲ့ နေရာတွေပဲ ဂငယ်ကွေ့က ကွေ့ကွေ့နေတယ်

ဗေဒင်ကပြောတယ် နံပါတ် ရှစ် ဆိုရင်တော့ ကံဆိုးမ သွားရာမိုးလိုက်ရွာဆိုပဲ

ဒါနဲ့ ကြားရ မြင်ရတယ် ဆိုတာတွေကြားထဲ ခဏ ဝင်တိုးကြည့်တယ် ဟုတ်ပ

ငါတို့ ရောက်နေတာ မျက်မမြင် နားမကြားကျောင်းမှမဟုတ်တာ စဉ်းစားရင်း 
မျက်စိတွေဒေါင်ချာစိုင်းလာတယ်

ဒါနဲ့ ဘေးက အဒေါ်တစ်ယောက်ပြောတာကိုမျက်စိဝှေ့နားထောင်ကြည့်တော့

ပဋိစ္စသမုပ္ပါဒ်လာ ဝေဒနာ ဖြတ်တောက်တတ်ရင် ငြိမ်းအေးမယ်ဆိုကြောင်း ပြောရင်း
ဒေါသက မျက်လုံးပြူးကြည့်

လောကရဲ့ ရိတိတိ လှည့်ကွက်

ငါတို့အလိမ် တလိမ် လုပ်ကြတယ်

ခြုံဝမှာ ငုတ်လျှိုနေ့ကြ သစ်ကျားတစ်ချို့ ခပ်ရို့ရို့ အစာရှာတယ် . ယဉ်ပါးနေကျ ရနံ့ များ

အသွားအပြန်ဆိုတာ မေတ္တာမှ မဟုတ်ဘူး ရန်သူမှာလဲရှိတယ် ၊ မာယာအတတ်တွေကလဲ ဟိုပုံပြင်ထဲကလို

မင်းက ကြီးတယ် နှစ်ခါလျှောက်..

လူတွေက မျောက်ကဆင်းသက်လာတယ်ဆိုတာ မှန်သင့်သလောက်ကို မှန်မှန်ပြီးပေးနေရတယ်

ယုံကြည်မှု့လေးရေလောင်းကြည့်ပါတယ် ခါးလိုက်တာ တမာပင်ပေါက်နေတာ ငါဘယ်သိပါ့မလဲ

ငါတို့ အလိမ် တလိမ် လုပ်ကြတယ်

အပုတ်ချလိုက် ဒုတ်ပြလိုက် နဲ့ သူတို့ အလိမ် တလိမ် လုပ်ပြတယ်

ချိုမိုင်မိုင် မစားချင်တော့ဘူးအမေ 
သားကို မှော်ဆရာတစ်ယောက်ဆီပို့ပေးပါ မှော်အတတ်တွေတတ်ချင်လာလို့ပါ

မတော် တရော် အသံတွေ ကယော် ကယော် မြည်သံတွေဆီ မိုးကြိုးလေး တစ်ချက်လွှတ်ရုံလောက်ပါ

ဒါနဲ့ အိမ်ပြန်မယ်ပေါ့ ဒီတစ်ခါ ဂငယ်ကွေ့က ရစ်ခြာခြာအကွေ့ မိုးကြည့်မလား မြေကြည့်မလား

တကယ်တော့ အဆုံးအပိုင်းအခြားမဲ့ စင်္ကြဝဠာကြီးပါ ၊ ကျနော် ခြေတွေကတော့ တုန်ရီတုန်း

ဂငယ်ကွေ့ ကများရယ်တတ်ရင် ငုံ့ရယ်နေမလားပဲ ၊ နေပူခေါင်လယ် မိုးရွာတတ်တယ် ဆိုပြီးပေါ့

ဒါနဲ့ စိတ်အခြေကိုကျောက်ချကြည့်တယ် ၊ ဟုတ်တယ် ၊ အဆုံးစီရင်စနစ်ထွန်းကားလာတဲ့ဒီနေ့တွေမှာ

အလိမ် တလိမ် လုပ်လို့မရဘူးဆိုတာကိုပေါ့



                                         မောင်ရေခဲ

Monday, July 15, 2013

ဆန္ဒတစ်စုံတစ်ရာ

အလွမ်းတွေရင်မှာပြည့်တောင်မှ
ပန်းသခင် ရင်မှာ မလန်းနိုင်ဘု
ကြွေကျရာ ပန်းပွင့်ခဲ့ရင်လ
စေ...စေ ..ရာ မြင်တိုင်းပန်းတွေပ
လွမ်းတိုင်းပွင့်စေ
နွေတေးတွေမဆိုခိုင်းပါနဲ့
အနေဝေးသူ 
အပူ မီးတွေကဲ
ဗလောင်းဆူ ရင်သတ်ကွင်းထဲမှာ
သံစဉ်ပျက် ကာရံမဲ့ လေတော့
 တေးသီရာနွေကာလမှာ
ဥသြ ကိုဘယ်လိုပြောပြရပါ့မလဲ
မျက်နှာပူတယ်
အပူကြွယ် ရင်မှာ မအေးသူရဲ့
ဒီလူ မှာ ရင်မငြိမ်းနိုင်ဘု
မျှော်တော်ယောင် သဉ္ဖာခန်းမှာ
အလွမ်းတွေမသိမ်းပိုက်မိစေဖို့
မှန်းမျှော်ရာ သခင်ပျော်စေဖို့
ရော်ရမ်းကာ သပြေခက်တွေနဲ့
နေ့ရက်တိုင်း ဆုမွန်ခြွေ
သူ့သခင်ရင်အေးစေသား

တူပေါင်းရွယ် သံသရာမကုန်သရွေ့ပေါ့
ယခု နှောင်းချိန် ဘဝဆုံးတဲ့အထိ
ကောင်း-ဆိုး တွေ မရိုးအောင်ချည်နှောင်မြဲကာပ
သေကောင်ပေါင်းလဲ အဆုံးသတ် ပြီးတဲ့အထိ
ရင်ချင်းအပ်ခရီးဆက်
ဘဝတိုင်းလက်ဆက်ချင်မိပါရဲ ။

မောင်ရေခဲ(အဝတ်နီ)