Friday, October 19, 2012

မင်းကို ငါ အရမ်းချစ်တယ်

မင်းကို ကိုယ် အရမ်းချစ်တယ်
တကယ်တော့  ချစ်တဲ့အကြောင်းကိုပြောရရင် တော်တော်ခက်ပါရဲ့  ။
ဒါပေမယ့်  ကြိုးစားပြီး ပြောကြည့်မယ် ၊
မင်း နဲ့ ကိုယ်ဟာ
တစ်ဦးကို တစ်ဦး အလေးထား  ၊ အပြန်အလှန်လေးစားကြတယ်
တစ်ဦးပေါ် တစ်ဦး ထားရှိတဲ့ ခံစားမှု့ဟာ လူတွေအားလုံးထက်ပိုတယ်ဆိုတာ
မင်းလည်းသိတယ် ကိုယ်လည်းသိတယ် ၊
မင်းဟာ ကိုယ့်အတွက် အံသြခြင်းတွေသယ်ဆောင်လာတဲ့သူ
ကိုယ့် အတွက်တော့ မင်းက ပဉ္စလက်အတတ်တွေနဲ့ ပြည်စုံတဲ့
မှော်ဝင်လက်တစ်စုံ ပိုင်ဆိုင်သူပါ
အရာမဟုတ်တာတွေတောင် အရုပ်လုပ်ပြီး မြင်ကြည်မိနေရဲ့
အချစ်ရဲ့ လေးနက်မှု့ဆိုတာ ကိုယ်ကောင်းကောင်းမသိပေမယ့်
ကိုယ့်အတွက်တော့မင်းဟာ ကလေးငယ်တစ်ယောက်လို
ဘယ်သွားသွား ဘာလုပ်လုပ်
ကြည့်ရင်းကြည်းနူးနေမိတဲ့ ငါ့အတွက်
ကြီးမြတ်တဲ့အချိန်တွေကို ပိုင်ဆိုင်ရသလို
အလုပ်သွားရင်တောင် အရိပ်တွေပါ ပါ လာတတ်တော့
မင်းဟာ ကိုယ့်အတွက် အချစ်တစ္ဆေများလားပေါ့
ဒါပေမယ့် စွဲလမ်းမှု့ ကြောင့်ရတဲ့ အဲဒီပျော်ဝင်မှု့ကိုလဲ
တစ်ယောက်ထဲပြုံးရင်း ကြေနပ်နေမိပြန်ရော
အချစ်ဆိုတာ ပုစ္ဆာတစ်ပုဒ်ဆို ကိုယ် အဖြေကိုရှာဖို့ကြိုးစားမည် မဟုတ်ပါ
အဲဒီ ပုစ္ဆာ ရဲ့ အဖြေကို ပြောမပြတတ်ဘဲ ရင်ဘတ်နဲ့ ပြည့်နေလို့ပဲ
မင်းကို ကိုယ် အရမ်းချစ်တယ်
ဒီလိုပဲ
အရမ်းချစ်နေလိမ့်ဦးမယ်ဆိုတာ ဘာသာ သိမြင်ခံစားနေရရဲ့  ။
                                                     

                                                            မောင်ရေခဲ



2 comments:

စံပယ်ချို said...

ဒါလေးကျပြန်တော့
သိမ်သိမ်မွေ့မွေ့နဲ့ နူးညံ့မှုလေးတွေပေါ့
အရမ်းချစ်နေလိမ့်ဦးမယ်ဆိုတာလေ
ခင်မင်တဲ့ jasmine
(အမကြီး)

roseayemaung said...

ချစ်တတ်လိုက်တာနော်