Sunday, September 30, 2012

ကင်ဆာ

ဝိညာဉ်တွေနဲ့စီးချင်းထိုးတဲ့ည
တစ်ခဏ
ငါ ကြားလိုက်ရတယ်  ..။
သူလဲမကြာခင်ငါတို့လိုဖြစ်တော့မှာပါကွာ ..တဲ့
အဲဒီ နိယာမ
ကြားရသူတိုင်းခေါင်းငုံ့တယ်
ကြားရသူတိုင်းနုတ်ဆိတ်တယ်
ကြားရသူတိုင်းမျက်ရည်မိုးတွေဆွေတယ်
ဒီတစ်ခါ ငါ က ကြားရတဲ့သူမဟုတ်တော့ဘူး
အခု ...
ငါ ...
သူရဲကောင်းကြီးဖြစ်ချင်တယ်
ပြီးတော့ ...
ငါ့ ရုပ်ကြွင်းတွေ မြေမခ ခင်
ဒီခြောက်လ 
မလောက်ငှတာသေချာပေမယ့်
အသက်ဆိုတာ
ဝေငှလို့မှမရတာ
ခဏတာ ...ငိုကြ
ခဏတာ ...ရယ်ကြ
ခဏတာ ...ခံစားကြ
ခဏတာ....လွမ်းကြ
ခဏတာ ...ချစ်ကြ
ငါ လည်း ဒီ ခဏတာထဲနစ်မြုပ်ခဲ့တာပဲ
ကဲ ....
ဒီချိန်မှာ ငါ ဒူးထောက်လဲမင်း ငါ့ကို 
ဆွဲခေါ်မှာမဟုတ်လား
ခေါ်ပါ
ငါ့ လိုလူတွေကောခေါ်ပါ
တကယ်ဆို ငါဟာ ဆေးလိပ်တိုအောင်လဲ
မသောက်ရသေးပါဘူး
နေညိုချိန်အထိတောင်စောင့်ခွင့်မရတဲ့ခရီးသည်ပါ
ငါ ...မင်းတို့အတွက်ထားခဲ့ပါတယ်
ဖတ်မကောင်းပေမယ့်
ငါ ဟာ ခရီးလွန်ပြီးမှ လက်ကမျင်းတဲ့ကောင်ပါ
ကသောကမျောတွေကြားထဲက
ဓားစားခံတစ်ယောက်ပါ
ခု ငါကြေနပ်ပြီ
ငါ ရုပ်ကြွင်းနောက်ပါ
ရေးထားတဲ့စားလေးဖတ်မိပြီးမဟုတ်လား
မင်းတို့ ငါ့လို သူရဲကောင်းမဖြစ်ချင်ပါတော့နဲ့ဗျာ
တကယ်တော့ .....

                                                မောင်ရေခဲ
                        






 
 

Friday, September 28, 2012

နေမဝင် ကဗျာ

လင်းတလှည့် မှောင်တလှည့်
ယဲ့ ယဲ့ လေးကျန်ရစ်
ချစ်တွေအားကိုး
ဒီည
ငါ တိုးဝင်ခဲ့တယ်
ချစ်သူတို့ချစ်ခြင်း
မင်း နဲ့ ငါ ချစ်ခြင်း
လမင်းကိုတိုင်တည်
ရည်ရွယ်မှန်းဆ
သည်ဘဝ မှ သည် ....
ဘဝါဘဝ ဆက်ပေါင်း
ရင်ခုန်သံအက်ကြောင်းမထကြေး
သစ္စာတေးတွေသီခဲ့တယ် ...။
သစ္စာတေး ..မေတ္တာတေး ..
အချစ်မှာရေးခြစ်  အနှစ်တွေခြစား
ဘဝတွေဘယ်လောက်ခြားခြား
အလှတွေဘယ်လောက်များများ
အခြားခြား အရာတွေနဲ့တသားတည်းမဖြစ်
ကမ္ဘာ့ ကမ္ဘာအသစ်
အချစ်နဲ့ရစ်ဆွဲ
ဒို့နှစ်ယောက်ပျံဝဲ
တကယ်ဆို....
ဘယ်လောက်ခြားခြား
ဘယ်လောက်ဝေးဝေး
အနေဝေးတယ်ရှိဘူးကွယ်....။

                                             ကိုရေခဲ


Wednesday, September 26, 2012

˙·٠•●♥ သဘာဝ ♥●•٠·

ကြင်လှည့်
မြင်လှည့်
အကျွန်တောင်းဆို
တောင်းဆုဆို၏
သခင်မကြင်ရင်ဖြင့်
နွေရင်ခွင်ကန္တာဦးမှာ
ဦးညွှတ်သည့်ထင်  ....။
ရင်ခွင်
လွင်ပြင်
သခင်ကြင်မှဖြင့်
နွေမှလွင့်ဝေးရာ
ချစ်ကြင်ရာသည်မြေတော့မှာ
မောလိမ့်မထင်
ထင်မြင်မြင်ရာလောက
အချစ်ရှိတဲ့လောက
အနှစ်ရှိတဲ့လောက
ပြောသမျှအရာ
သဘောကျစရာများပါလိမ့်
တွေးစိမ့်ထင်မြင် ...။
မျောကြ
လောက
သောကတို့ဝေးရာ  ဆွေးစရာ
တကယ်မေ့စေဖို့
တွေးစရာသည်မြစ်တွင်း
ချစ်ခြင်းတွေစီးဆင်းမှကွယ်
အကြင်နာသည်ရေတောမှာ
တွေးစိမ့်ထင်မြင်    ။။

                                     ကိုရေခဲ



˙·٠•●♥ ကိုယ်တွေ့ ♥●•٠·

အလွမ်းငဲ့
လှမ်းလှည့်
ကမ်းလက်တွေထဲငြိကပ်
စန်းတည့်တတ်တဲ့အရာ
အချစ်မှာရှိတယ်  ။
အချစ်ဝဋ်
ရစ်ပတ်ဖူးသူတိုင်း
ချစ်တတ်ဖူးသူတိုင်း
ဒီဝဋ်ရိုင်းနဲ့ဆုံတွေ့
တဒင်္ဂမူးမေ့ဖူးကြတယ်
အစဉ်အရူးလေ့ရှိကြတယ်
ဟုတ်တယ်
အဟုတ်တကယ်ရူးတယ်
အချစ်တကယ်မူးတယ်
ငါ တကယ်ရူးတယ်
အရာရာအကုန်မေ့
ဘုံဓလေ့
ဆုံတွေ့ခဲ့ရဖူးသူတိုင်း
ကြုတွေ့ခဲ့ရဖူးသူတိုင်း
လှိုင်း
ရိုင်းစိုင်းတယ် ......။

                       ကိုရေခဲ


Thursday, September 20, 2012

˙·٠•●♥ ပုံတူ ♥●•٠·

ရွက်ကြွေတော
အမျက်ဖြေစောစေဖို့
သက်သေကဗျာတွေအဖြစ်
တင်သွင်းကာထုဆစ်လိုက်တယ်
ရင်ဘတ် နဲ့လေးးးးးးးးး.......
                 
                                        ကိုရေခဲ
         

Monday, September 17, 2012

˙·٠•●♥ အရူးကြီးကဗျာ ♥●•٠·

ရည်ရွယ်ချက်တွေပြည့်ဝဖို့
ကြံစည်ထားတာတွေအထ မြောက်ဖို့
ပန်းခန်းလမ်းတွေ ...
ခယောင်းလမ်းတွေ ...
ဘဝမှာ ..ရှိချင်ရှိမယ် ..မရှိချင် မရှိဘူး
ငါလည်း လျှောက်ချင်လျှောက်မယ် ...
မလျှောက်ချင် မလျှောက်ဘူး
ငါ့လမ်းက ...
ဘီးလူးဆိုင်းတီးလျှက် လျှောက်လိုလျှောက်မယ်
အရူးတစ်ပိုင်း အဖြစ်လည့်ရောက်လိုရောက်မယ်
ငါ့ဘဝက နေသလိုရောဖြစ်သလိုရောဖြစ်တယ်
နက်ဖြန်ပေါင်းများစွာအတွက်
ကိုယ့်အသက်ကိုတောင်
မပိုင်ဆိုင်ကြသူတွေမို့်
ဘယ်အရာမှမမျှော်လင့်တော့ဘူး
ပြုံးရမလား ...?
ငိုရမလား .. ?
ရယ်ရမလား...?
လွမ်းရမလား ...?
ဆွေးရမလား... ?
တွေးရမလား... ?
ဖြစ်ရပ်တွေအကုန်စုပြုံလာမလား ...?
ရတယ်  ။
ငါလုပ်နိုင်တယ်  ။
ငါသေရင်တော့ ...
နေရစ်ခဲ့ကြ   ။

(သူငယ်ချင်း ကိုမှင်စာ ..သို့အမှတ်တရ )

ကိုရေခဲ



Thursday, September 13, 2012

ထောင့်ချိုး

ပြုပြင်ဆဲယာဉ်တို့ရဲ့
ဖြစ်နေကြထုံစံတွေဟာ
ခန္ဒာကိုယ်တွေထဲ
နည်းနည်းချင်းစိမ့်ဝင်နေတယ် ။
လာမခေါ်နဲ့ ...
မကြားဘူး  ..
ဒီလိုလဲ ရှိရဲ့   ..။
ပြုပြင်ဆဲပတ်ဝန်းကျင်တွေထဲ
ငါ ....
နည်းနည်းချင်း တိုးဝင်တယ်
နင်းချေခံရမှု့များ  ...........
ရွက်လွင့်များ .............
ဂျစ်ပစီများ ........
တန်ဖိုးမထားမှု့များ ........
လုယက်မှု့များ .........
တွန်းထိုးမှု့များ .............
.......များ ......
အဲဒီ အရာတွေကြား
ပြုပြင်ဆဲ ယာဉ်တစ်စီးဖြတ်သွားတယ်  ။
ဒီတစ်ခါတော့
သူတို့ပြောကြပါရဲ့
ကမ္ဘာစစ် လက်ကျန်
လက်သင့်မခံသင့် "  တဲ့ .....။

                     ကိုရေခဲ
           14/9/2012


ကမောက်ကမ

ကဗျာတွေရေးဖို့ ကဗျာလိုတွေးကြည့်တယ်
တကယ်တော့
အဲဒီအတွေးတွေဟာ ကဗျာဆိုတာ
ငါ့ကိုယ်ငါမေ့နေတယ် ...
ငါကငေးနေတာမဟုတ်ပါဘူး  ..။
အတွေးတွေကငါ့ကို ငေးသွားတာပါ
ကမောက်ကမ ကမ္ဘာကြီးအလယ်မှာ
လူတွေကလည်း ကမောက်ကမ
ငါကလဲ ကမောက်ကမ
သက်ပြင်းချခြေလှမ်းတွေကလည်း ကမောက်ကမ
လူငယ်တွေကလည်း ကမောက်ကမ
လူလတ်တွေကလည်း ကမောက်ကမ
လူကြီးဆိုတာတွေကလည်း ကမောက်ကမ
ခေတ်လက်ကျန်အပိုင်းအစတွေကလည်း ကမောက်ကမ
အိပ်မက်တွေကလည်း ကမောက်ကမ
ကမောက်ကမ ကမ္ဘာထဲ
ငါ ......
လမ်း .....
လျှောက်ကြည့်တော့
မထိတထိအပြုံးနဲ့
ကံကြမ္မာကလည်း ကမောက်ကမလုပ်တယ်
ဟုတ်တယ်
ငါ ကိုယ်တိုင်တောင်
မနက်တိုင်း  ညဖြစ်တတ်လွန်းလို့
ဦးနှောက်တွေလဲ ကမောက်ကမ ဖြစ်နေပြီ
ဒီတစ်ခါတော့
ငါ ....
ရယ်စရာလုပ် ပစ်မယ်


ကိုရေခဲ
14/9/2012




Sunday, September 9, 2012

တဆစ်ချိုးအလွမ်း

နတ်ဆိုးတွေရဲ့ကျိန်စာနဲ့အတူအလိုလျောက်အသက်မဲ့ခဲ့တဲ့မျှော်လင့်ချက်..,.ဘဝ.,.အချစ်..,
အရာအားလုံးဟာ..ဆည်းဆာချိန်မှာလှပတဲ့နေမင်းကြီးလိုပါပဲ။
အလင်းရောင်တပ်သားတို့တပ်ခေါက်ကုန်ကြပြီလေ...
ရုပ်ကြွင်းတွေရဲ့နာခိုရာ...အသက်မဲအရာတို့ရဲ့စုဝေးရာ ....
ပြီးတော့ အုတ်ဂူတစ်လုံး...သူငေးကြည့်နေခဲ့မိတယ်...ပါးစပ်ကလည်းဖွင့်ဟပြော လျက်........... " ဘော်ဒါညီလေး....ပျော်ပျော်ရွှင်ရွှင်အိပ်စက်အနားယူပါတော့....
အချစ်...ဘဝ...မျှော်လင့်ချက်...တွေကြားမှာဗျာများခဲရတဲ့ဘော်ဒါညီလေး...
မင်းအတွက်..နောက်ဘဝဆိုတာရှိခဲ့ရင်    ငြိမ်းချမ်းမှု့..မျှော်လင့်ချက်တွေနဲ့ပြည်စုံတဲ့အချစ်တွေ ရယူပိုင်ဆိုင်နိုင်ပါစေ " တစ်ခုတော့ရှိတာပေါ့ကွာ..လက်မပြ နှုတ်မဆက်ဘဲ မင်းထွက်ခွါသွားတာကတော့ဆိုးလွန်းလှပါတယ် မင်းအတွက် "ပူလောင်ပါတယ်လို့လူတွေသတ်မှတ်တဲ့မီးတွေကဒီတစ်ခါတော့ မင်းကိုအေးမြစေမှာပါ "
တခမ်းတနား ချစ်ခွင့်မရှိခဲ့တဲ့ ဘော်ဒါညီလေးအတွက် တခမ်းတနားတော့ ကြေကွဲခဲ့ရတာပဲလေ။
 နောက်ဆုံး..မင်းရဲ့ကောင်မလေးကအစပေါ့ကွာ...အချစ်ဆိုတာမယုံကြည်တဲ့ငါကအဆုံးပေါ့
အားလုံးကြေကွဲဝမ်းနည်းခဲ့ရတယ်။ တစ်ခါတစ်ခါအချစ်ဆိုတာရွှေးချယ်ခွင့်မရှိဘူးဆိုတာ မင်းနားလည်သွား လောက်ပါတယ် ။
 ဒီလို အချစ်နဲ့ဘဝ အတွက် ရွှေးချယ်ရသလိုမျိုး နောင်ဘယ်ဘဝမှမရွှေးချယ်ရပါစေနဲ့ အရာရာအဆင်ပြေတဲ့ အချစ်နဲ့ဘဝဒွန်တွဲကာပိုင်ဆိုင်နိုင်ပါစေ " ..ဘော်ဒါလေး ရေ..ကံကြမ္မာကိုငါ အယုံအကြည်မမဲ့ရဲတော့ပါဘူးကွာ .." " ဘော်ဒါလေး...မင်းကိုအမြဲမဟုတ်တောင်မကြာခဏအမှတ်ရနေမှာပါအချစ်အတွက်မင်းရဲ့
 ပေးဆပ်မှု့ကိုတော့ငါဂုဏ်မပြုနိုင်ဘူးကွာ..ဘဝရဲ့အစိတ်အပိုင်းထဲကအပိုင်းအစတစ်ခုဖြစ်တဲ့အချစ်ဆိုတာ
ငါအတွက်တော့ပုံပြင်တစ်ပုဒ် သာသာပါပဲကွာ " ။။ ထားပါတော့ .. ငါ့အတ္တတွေနဲ့ ရေးထားတဲ့ဒီစာတွေဟာကာရံမညီဘူးဆိုတာ သိပါတယ်ဘော်ဒါလေးအနေနဲ့သဘောထားကွဲ လွဲခွင့်ရှိပါတယ်...........
" ဘော်ဒါလေးဆန္ဒနဲ့ လက်တွေ့ကာလမှာမညီညွတ်တဲ့ ဘော်ဒါလေးအတွက်အသက်ကိုပိုးဖလံ
တစ်ကောင်ရဲ့ဘဝလို , စတေးခဲ့တာဟာ..ငါတို့ဝန်း ကျင်မှာ အကြေကွဲ ရဆုံးက မင်းရဲ့ မားသားကြီးပဲ
မင်းကိုတမ်းတနေတဲ့ ,မင်းဆန္ဒကိုမသိတဲ့ ,မင်းအမေအတွက် ငါစိတ်မကောင်းဘူး ။
ငါ့အမေ လိုစိတ်မျိုးနဲ့ဆို မင်းတို့နှစ်ယောက်သေကွဲမကွဲ နိုင်ဘူးလို့ ငါထင်တယ်ကွာ..... ဒါကလည်းငါ့ အထင်ပဲလေ...
မိဘဆိုတာ......(ဟဲ...ဟဲ)
သားသမီးတွေအတွက် အကောင်းဆုံးတွေပဲ ပေးချင်တာလေ (...ဒါနဲ့မင်းကောင်မလေးကတော့ တော်တော် ချောတယ်နော်....ဒါနဲ့များကွာဆင်းရဲတာကတော့ဘဝကံလို့
ပြောရမှာပေါ့).........
မင်းမားသားနဲ့ဖားသားကြီးကတော့မင်းကိုအတော်ချစ်တာပါပြောစရာရှိတာ တစ်ခုပဲ
မင်းအပေါ်စိုးရိမ်လွန်ကဲတာပဲ ။ ဒီလိုလွန်ကဲတဲ့ အထဲက ဖြစ်ပျက်သွားခဲ့တဲ့ မင်းရဲ့ "အချစ်အတွက်အသက်တစ်ချောင်း...အရိုးဆွေးတဲ့အထိပေါင်းဖက်ချင်တဲ့မင်းဆန္ဒတွေ........
သေကောင်ပေါင်းလည်း ချစ်သူနဲ့နေချင်တဲ့ မင်းရဲ့စိတ်တွေ ............. အရာအားလုံးမပြီးဆုံး သေးခင် မင်းဘဝကတော့ နေဝင်သွားခဲ့ပြီ...ပြဿနာတစ်ခုဆိုတာ..ဘဝတစ်ခုနေဝင်ရုံနဲ့ပြီးပျက်သွားတာ မှ မဟုတ်တာ မင်းကတော့ ငြိမ်းချမ်းစွာ အိပ်စက်သွားပေမယ့်မင်း ချစ်ချစ်ကတော့ တစ်ယောက်ထဲပြဿနာအားလုံး ရင်စည်းခံ ဖြေရှင်းနေရလေရဲ့ ။ မင်းမားသား ကြီးရဲ့စကားသံတွေ မင်းဆွေမျိုးတွေရဲ့ ကဲ့ရဲသံတွေ အားလုံးကိုခံရတာလေ
"ငါ့သားကိုသတ်တာနင် "ဆိုတဲ့အသံတွေ ...
"ငါ့သူငယ်ချင်းကို သတ်တာနင်...." ဆိုတဲ့ အသံတွေ................
အပြစ်တင်သံတွေ .............. .
ရေရွတ်သံတွေ.................
မိန်းမသားတစ်ယောက် ခံနိုင်ရည် မဲ့လောက်တဲ့စကားလုံးတွေနဲ့ပေါ့ကွာ....
အဲဒီ ရောက်မှ လောကဓံဆိုတာ ....ဒါပါလားလို့တွေးမိတယ် ။ မင်းရဲ့ ချစ်ချစ်ကိုလည်း လေးစားမိတယ် ဘဝကို ဒေါင်ကျကျပြားကျကျ နေတတ်တဲ့ မင်းချစ်ချစ်ရဲ့စိတ်ဓာတ်ကိုတော့ အလေးပြုမိတယ် ။
"ငါဆိုရင်ရော သူမလို ကြုံတွေ့ခဲ့ရင် အချစ်နဲ့ သေကွဲ ကွဲခဲ့ရင်....
မျှော်လင့်ချက်တွေမဲ့ခဲ့ရင် ဆန္ဒတွေအသက်မဲ့ခဲ့ရင်.....
ဘယ်လိုများ ဘဝကို အသက်ဆက်မှာပါလိမ့် ........" ငါ့ကိုငါတွေး နေမိတယ် ။
ဘဝရဲ့အပိုင်း အစ လောက်သာ တန်ဖို့ ရှိတဲ့ " အချစ် " အတွက် အသက် နဲ့ဘဝ ကို
ငါ ဘယ်တော့ မှ မစတေးဘူး ။
မသေချာတဲ့ အလောင်း အစား တစ်ခု အတွက်လူ စတေးခဲ့ရတာ ဘယ်လောက် တောင်
ရှိနေပြီလဲ ငါတို့ ကရော ဘယ်လောက်များ ဘဝ အတွက် ခရီးရောက်နေပြီလဲ
ကိုယ်နေတဲ့ ဘဝကိုရော နေပျော်အောင် နေနိုင် ပြီလား ?
ကိုယ့်ကိုယ်ကို မေးကြည့်တော့ ဘာမှ ရေရေ ရာရာ မရှိ ငုံးတိတိပါပဲ.....
အိပ်ယာဝင်တေး ကို ရေးရေးလေးလေး ရွက်ကြည့်တယ် ။ ဘာမှ ရေရေ ရာရာ မရှိတဲ့နောက်မှာတော့ ငါအိပ်ပြီပေါ့ကွာ..........မင်း
ကိုသတိ မရလို့မဟုတ်ပါဘူး သတိရလွန်းတော့ လည်း ........။



 ဝန်ခံချက်   ... ။

ဘဝဆိုတဲ့စာမျက်နှာကြီးတစ်ခုလုံးမှာ ....... အလွမ်းတွေနဲ့စာဖွဲ့ခဲ့ရတဲ့နေတွေဟာမနည်းမနောပါပဲ ။ အချစ်အတွက်အလွမ်းတွေ  အမုန်းအတွက်အလွမ်းတွေ       ပြီးတော့
သံယောဇဉ်နဲ့ဖွဲတည်ထားတဲ့အလွမ်းတွေပဲပေါ့ ။ ဘယ်အရာတွေမှမတည်မြဲဘူးဆိုတာသိပေမယ့် ခုထိ လွမ်းရဆဲ လွမ်းနေဆဲအကြောင်းအရာလေးတွေကိုပဲချရေးမှာပါ။
ကျနော့်ဘဝရဲ့အမှတ်ရစရာလေးတွေပေါ့လေ  တခမ်းတနားနဲ့ ကို  လွမ်းခဲ့ရတဲ့အကြောင်းလေးပါပဲ ။
ကျနော်မှာဘော်ဒါ လို ညီလေး လို ခင်မင် သံယောဇဉ်ရှိတဲ့  ကောင်လေးသူငယ်ချင်းလေး
တစ်ယောက်ရှိခဲ့ဖူးပါတယ် ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပဲ ကိုယ့်ကိုကိုယ်သေကြောင်းကြံခဲ့တဲ့အတွက် ကျနော့်သူငယ်ချင်းဟာ ကမ္ဘာမြေပေါ်မှာခုဆို မြေမှုံတွေနဲ့ရောထွေးအိပ်ပျော်နေရော့မယ်လေ ။ တကယ်ပါ တကယ်ရင်နာခဲ့ရတဲ့အကြောင်းလေးပါပဲကျနော်ဒီအကြောင်းအရာလေးကိုစာရေးပြီးတင်ပြ ဖူးပါတယ် " ရင်ကွဲည " " ရင်ကွဲခဲ့ရတဲ့ည " "အရူးတစ်ယောက်ရဲ့ရင်ဟတ်တတ်ကွဲခန်း" အယ်ခေါင်းစဉ်လေးတွေနဲ့ စာရေးပြီတင်ဖူးပါတယ် ။ ကျနော်ခုလိုပြန်တင်ပြရတာဟာ အကြောင်းအရင်းရှိပါတယ် ကျနော့်ရဲ့ဘော်ဒါညီလေးလို အဖြစ်မျိုးနောက်နောင်ဘယ်သူမှမဖြစ်စေချင်လို့ပါဗျာ ။ ကျနော်ရဲ့ အကိုအစ်မ တွေ ညီ ညီမတွေ အချစ်အတွက်ကိုယ့်ကိုယ် မစတေးဖို့    ပြီးတော့ အချစ်အတွက်နဲ့
 မျှော်လင့်ချက်တွေ မသေဆုံးစေဖို့ ဒီစာလေးကို ကျနော့်ရဲ့ ရင်ဘတ်ကြီးနဲ့ ရင်းပြီး ပြန်ပြောင်းပြောပြ အယ်.... ရေးပြရတာပါ ။ အစ်ကို ...အစ်မ ...ညီ ...ညီမ... တို့အားလုံး ပျော်ရွှင်စရာကောင်းတဲ့အချစ်,
ဘဝ, မျှော်လင့်ချက် ,  တွေပိုင်ဆိုင်ပါစေ လို့ ကျနော်ဆုတောင်းလိုက်ပါတယ် ။

                                                                                          
                                                                                                                    ကိုထက်


မျက်ရည်ချော့တေး

အခန်းတံခါးမီးမှိတ်
ခပ်တိတ်တိတ်ငိုကျွေး
ခပ်တိတ်တိတ်ပူဆွေး
ကြွေလွင့်ခဲ့တဲ့အကြင်နာတွေ
အဆွေဖြစ်ခဲ့တဲ့ဝေဒနာတွေ
ဝေးလွင့်လို့မသွားခင်
ဆွေးခွင့်တွေပိတ်ပင်ပါတယ်
မင်းမုန်းလို့ ဝ ပါတော့ ......။



သဝန်တိုတဲ့ ည

ဟိုး ... အဝေးနားဆီကပန်းတစ်ခက်
 မောင် ခူးပေးရင်ကြေနပ်မယ်ဆို...
ခုတော့ ...
 အနေခက်ပြီကွယ်
 ဝေဒနာတွေရဲ့ထုဆစ်မှု့တိုင်းဟာ
အလွမ်းတွေသာစိုးမိုးတတ်တယ် ထင်ပါရဲ့
မျက်ရည်မခမ်းသေးတဲ့
 ဟောဒီတေးသွား တစ်ပုဒ်အတွက်
 ဝေးမသွားပါရစေနဲ့ အိပ်မက်သခင်ရယ်
 တစ်ခါတစ်ခါ
ရင်မှာဟာတာတာဖြစ်တတ်လွန်းလို့
 ဘောင်ခတ်ခတ်ထားရတယ်
ငါ့အခန်းမှာ မျက်စိမှိတ်
 အိပ်စက်တဲ့အခါ
တံခါးမဲ့အပေါက်ကနေ ဝင်ဝင်လာတဲ့
နင့်အပေါ် ရင်ခုန်သံတွေက အစီအရီ
 တစ်ခါတစ်ခါ ...နင့်ရဲ့
 ပြီတီတီ မျက်နှာထားလေးလဲလွမ်းတယ်
လွမ်းပြီးရင်း လွမ်းရတဲ့အခါ
ငါ့ ရင်ဘတ်ကိုယ် ငါ သဝန်တိုတတ်လွန်းလို့
ဒီတစ်ညတော့ ခပ်ဆိတ်ဆိတ်ပဲနေချင်တယ် ...။


အဆုံးမဲ့

ငါ့ ခြေလှမ်းတွေအရင်လိုမချိုမြိန်တော့ဘူး
 နေရောင်ခြည် တွေအိပ်တန်းဝင်လုနေပြီ
 Villain .တစ်ယောက် ကို
 နတ်ဆိုးတွေဖန်ဆင်းတယ်
 တကယ်ပါ ...
ငါအသက်ရှိသရွေ့တည်မြဲနေမယ့်
 ရင်ခုန်သံကိုတော့သူ မရပ်တန့်နိုင်ခဲ့ဘူး
 အလံတလွင့်လွင့်
ချီတက်လာတဲ့ တပ်သားတွေ ...
ခိုးခိုးပြီး ကြည့်ခဲ့ရတဲ့
 မျက်ဝန်းတမန်တော်တွေ ...
မင်း လက်ခံပေးပါ
  မင်း ကြားမှာမဟုတ်တော့တဲ့
ငါ့ရဲ့ ရင်ဖွင့်သံ အမှန်တရားတွေ ...
မျက်ရည်တွေ ...
အသုံး မဝင်မှန်း သိပေမယ့်
ငါ ...ငါဖက်တွယ်ထားမိတယ်
 မင်းရဲ့ ခေါင်းတလားတစ်ခု (ပြီးတော့)
 ငါ့ ရဲ့တွယ်တာမှု့
ဘဝတစ်ခုဟာ ပြီးဆုံးခဲ့ပြီ ...
အိပ်မက်တစ်ခု
 ပြကွက်တစ်ခုသာဆို
ငါ့ မျက်ရည်တွေ " နွေ " ဖြစ်သွားမှာ
 အခုတော့ ... ငါ့ ခြေလှမ်းတွေအရင်လို မချိုမြိန်တော့ဘူး...။

ရင်တွင်းတေး

လွတ်ကင်းစပြုနေတဲ့
ငါ့ရဲ့ ရင်ငွေ့တွေ
မင်းထုတ်မပစ်ပါနဲ့လားကွယ်
 ခံတပ်တွေကြားထဲက
 မျက်ဝန်းတစ်စုံရဲ့အပြုံးဟာ
 အမြဲလတ်ဆတ်နေမယ်ဆိုတာ
သူ့ရဲ့ ကိုယ်ရံတော်က
စကားလုံးရောင်စုံနဲ့
အမြဲ ကြဲချနေတယ်ကွဲ့ ..အချစ်ရဲ့
ငှက်ကလေးတွေရဲ့ရင်ခတ်သံ
 ငါ့ ရင်မှာ
 တေးအဖြစ်တေးအဖြစ် တည်ရှိလာတဲ့အခါ
မျက်ရည်တွေနဲ့
 ငါ့ ကိုယ် ငါ သွန်းလောင်းမိတယ်
အဲဒီမှာ ... မြင်နိုင်ရဲ့လား   ချစ်သူ
 ကြေမွဖို့ အားယူနေတဲ့
 နှလုံးသားတစ်စုံကိုလေ .... ။


valentin's day

**  အချစ်နေ့စွဲ
           ကွဲကွာမြေခြား
           ရာသီနှစ်လ
           ချစ်သမျှအကြောင်း
           ရင်တွင်းတောင်းဆို
          ဟောင်းအိုပြန်သစ်
          သစ်ပုတ်ပင်ကြီးမျက်ရည်လည်  ...။

 **    ချစ်သူတွေနေ့
         ပူတွေလွင့်ပျောက်
        ရင်တွင်းသစ်လွင်
        အကြင်နာတွေတိုးလို့ပြို  ...။

**     အနာဂတ်နေ့
        လက်ချိုးရေတွက်
       ရင်ခုန်လှိုက်မော
        ဘဝတော့က
         တုန်လှုပ်စွာနဲ့စောင့်လို့ကြို...။

**   ချစ်သူတွေနေ့
          နေခြည်သစ်လောင်း
         နှစ်သစ်ကောင်းဖို့
        ချစ်ကြသူတို့စောင့်လို့ကြို ... ။



ကိုအာဒံရဲ့ မှတ်ချက်

ပျက်သုဉ်းသွားတဲ့ရှင်သန်မှု့တွေ
 နေခြည်နုနု လေးနဲ့အတူ ဖြတ်သန်းလာတယ်
 လာလှည့်ကွယ် ...
 နှုတ်မဆက်ဘဲ ကွယ်ပျောက်ခဲ့တဲ့
 ကြယ်တစ်စင်း
ရင်ချင်း လဲထပ်ရတောင်
ငါ ကျေနပ်တယ်
အချစ်ရဲ့ ပြယုဂ်ကလေးနက်ပေမယ့်
 သာယာမှု့ဘောင်တစ်ခုဖြစ်တယ်
 အလွမ်း  ဆိုတဲ့လှိုင်းတွေ
 မျက်ရည် ဆိုတဲ့ဒိုက်တွေ
သံသယ ဆိုတဲ့မှော်တွေဟာ
 အချစ်ကိုအိုးမည်းသုတ်သူတွေပေါ့
 "ကိုအာဒံ " ကတော့ပြောပါရဲ့
အချစ်မှာ
နားလည် မှု့ဝတ်ရုံကို
 အမြဲဝတ်ဆင်ဖို့နဲ့ချစ်တတ်ဖို့ဟာ
အချစ်အိမ်မြဲခြင်းရဲ့ " အဓိက " တဲ့
" ငါ လိုက်နာပါ့မယ် " လို့ ပြောတော့
 " ဒီလိုမှပေါ့ " ဆိုပြီး ခပ်ပြုံး ပြုံးဖြစ်နေလေရဲ့ ...။ 

 

 

တွဲလက်ညီညီ

 

ခဏ ခဏ မကြည့်ချင်ပါဘူး

ရိုးသွားမှာစိုးလို့
ခိုးခိုးပြီးကြည့်ချင်တယ်
ခဏ ခဏ မလွမ်းချင်ပါဘူး
 နွမ်းသွားမှာစိုးလို့
တိတ်တိတ် လေးပဲလွမ်းပါရစေ
 မရေးရာတဲ့အတွေး တွေလဲ
 တွေးချင်ပါဘူး
 သေချာတဲ့တစ်နေရာမှာ
ငါ ...နင့်ကို သိမ်းထားပါရစေ ...
 သေချာလွန်းတဲ့ ကတိတွေတဲ့
 ဝေဒနာတွေ ဘေးချိတ်
ခပ်ထိပ်ထိပ် ရင်ကိုဖိလို့
ငါ့ ကမ္ဘာမှာ နင် သာယာစေမယ်
 နာကျင်တာတွေ မေ့ပျောက်
အကြင်နာအပြုံးတွေနဲ့ ...နင့်ကို
 ငါ ...ကြည်လင်စေမယ်...
ငါ့ ကမ္ဘာမှာ ပကာသနမရှိပေမယ့်
ထာဝရပျော်ရွှင်စေမှာပါ
ဂုဏ်ဓနတွေမရှိပေမယ့်
ယုံကြည်စိတ်ချခြင်းတွေ
နင် တွေ့ရမှာပါ
ငါ လက်လှမ်းလို့ကြိုဆိုပါတယ် ...ချစ်သူ
 တွဲလက်တွေမြဲသရွှေ့
  ဒို့ ... ဝဲဂယက်ထဲလျှောက်ကြတာပေါ့ ။