Tuesday, May 12, 2026

အဖေ တစ်ယောက် ရဲ့ ဖွင့်ဟချက်

သားကြီးရေ 
                         သားတို့သမီးတို့အရွယ် အသိ မကြွယ်ခင်ကတည်းက ...အို ...မဟုတ်သေးပါဘူး ...
မင်းတို့ အေမ ဗိုက်ထဲကို စတင်ဝင်ရောက်နေပြီဆိုတာ သိကတည်းက ..မေတ္တာဆိုတဲ့ဝေါဟာရ အဖေ့ရင်နဲ့ မဆံံ့အောင် ပြည့်သိပ်နေလွန်းလို့ ပါးစပ်ကနေတောင်ဖွင့်ဟ မထွက်ခဲ့ပါဘူးကွာ ...
           
          အေဖကေတာသားကြ တောမှာမွေး တောမှာကြီးခဲ့တဲ့တောသား ပညာလဲမတတ်တော့ မင်းတို့လို
စကားလုံးလှလှလေးတွေတော့ မပြောတတ်ပေမယ့် တောရိုးရာ တောယဉ်ကျေးမှု့တွေဖြစ်တဲ့ ရိုးသားမှု့နဲ့
ပွင့်လင်းမှု့ကတော့အဖေနဲ့ တစ်သားတည်းပါပဲ ။
        
            တကယ်တော့သားရယ် အေမကပဲ ငါ့သားကိုချစ်တယ်လို့တော့ ငါသားမထင်လိုက်ပါနဲ့ ကြာ...၊
အေဖက မင်းတို့ကိုချစ်တဲ့အကြောင်း မေတ္တာတွေအပြည့်အဝရှိတဲ့အကြောင်း မပြသတတ်ခဲ့လို့ပါ ...၊
ပြီးတော့ မင်းတို့စားဝတ်နေရေး ပညာရေးတွေအတွက် လူတန်းစေ့နေနိုင်ဖို့အတွက် 
အဖေကြိုးစားနေရင်း အိပ်မကပ်နိုင်တဲ့ အဖေ့အပြစ်တွေပါသား ဒီတော့သားရယ်အဖေလဲ
လူသားတစ်ယောက်ပဲကွ မိသားစုရဲ့ နွေးထွေးမှု့တွေအောက်မှာ အေးအေးဆေးဆေး နေပြီးအလုပ်လုပ်
ချင်တာပေါ့ကွ ဒါပေမယ့် မင်းတို့ရဲ့အရွယ်တွေက တဖြေးဖြေးကြီးလာကြတယ် ပညာတွေတတ်ချင်ကြတယ်
အဝတ္စားလွလွေတြ ဒီဇိုင်းဆန်းဆန်းတွေ ခေတ်ရဲ့ရေစီးတွေထဲမှာ မင်းတို့ရှိချင်တာ သဘာဝကျပေမယ့်
အေဖကေတာ့ မင်းတို့ ပညာရေး မိသားစုအရေးဆိုတာတွေ လုံးပန်းရင် အိမ်နဲ့ဝေးသထက်ဝေးခဲ့ရတာ
ပဲလေ ၊ ဒါတွေဟာ အေဖ ပေးတဲ့ မေတ္တာတွေပဲမဟုတ်လား ....။ ဒါပေမယ့်
               
              မင်းတို့လေးတွေ မိကောင်းဖခင် သားသမီးပီသတဲ့ အတွက်အဖေ ဂုဏ်ယူတယ်သားရယ်...
 မိကောင်း ဖခင် ဆိုတဲ့ မြန်မာစကားလေးကလဲ ထူးထူး ဆန်းဆန်း ပါကလား ...။ မိခင်ကောင်းမှ အဖကို
ခင်တာ တဲ့ ၊ မင်းတို့အမေကိုလဲ အေဖ အမြဲပြောလေ့ရှိတယ်လေကွာ ကျေးဇူးတင်ပါတယ် လို့ပေါ့
မင်းအမေကတော့ မလိုပါဘူးတော်ရယ် လို့ပြောပါရဲ့ အေဖကေတာ့ ပြောမိနေမှာပဲဟေ့ ....။
               
               မိခင်က ဘာသာရေးနဲ့ပက်သက်တဲ့ ဗဟုဿုတတွေ ၊ လူမျိုးနဲ့ပက်သက်တဲ့ ယျဉ်ကျေးမှု့တွေ 
လောကတောထဲကို ဘယ်လိုတိုးဝင်းရမယ်ဆိုတဲ့ လမ်းညွန်မှု့တွေ ၊ ပြောပေးမှ လုပ်ပြမှ လမ်းညွှန်မှ 
အဖေကိုလည်း ချစ်တတ်အောင် ပြောပေးမှ ...၊ ဒီလိုပြောလာခဲ့လို့ သားတို့ သမီးတို့ဟာ မိကောင်း ဖခင်
သား သမီးတွေအဖြစ် မြင်တွေ့ခဲ့ရတာမဟုတ်လား ...၊ မေးစရာတော့ရှိတာပေါ့ သားရယ် 
အေဖကေကာ ပြောပေးလို့မရဘူးလား ..ပေါ့ ။ ဟာ ...ဟေ့ ...အယ်လိုမဟုတ်ဘူးသားရေ..
အဖေအိမ်ရှိတဲ့အခါတိုင်း ၊ ထမင်းစားဝိုင်းမှာတွေ့တိုင်း ၊ ဘဝကိုဘယ်လိုရင်ဆိုင်ရမယ် ၊ဘယ်လိုရည်မှန်း
ချက်တွေနဲ့ လျှောက်လှမ်းသင့်တယ် ၊ စ တာတွေ အဖေတို့ဆွေးနွေးခဲ့ကြဖူးတယ်မဟုတ်လား ကြ
            ဆိုလိုတာကတော့ကွာ မင်းတို့နဲ့ အနီးစပ္ဆုံး ရင်ခွင်ဟာ မင်းတို့အမေ ရင်ခွင်လို့ပြောချင်တာ
ပါပဲသား ၊ ဒီတော့ အမေကပိုပြီးပြောပြ မေတ္တာတွေပြသ ဖြစ်တာပေါ့ ၊ တစ်ချို့ မိသားစုတွေ ကြတော့
အဖေ့ရင်ခွင်က ပိုနီးစပ်ကြတော့ အဖေကပြောပြဖြစ်တာပဲလေကွာ အဖေဆိုတော့ လစ်ဟင်းမှု့တွေ 
ရှိတာပေါ့ ၊ စီးပွားရေးလဲ ရွာရ ဖွေရသေးတယ်မဟုတ်လားသားရဲ့ ..။
အဲဒီတော့ အပြစ်မဆိုသာဘူးပေါ့သားရယ် ၊ ဘဝပေးအခြေအနေတွေကွဲပြား ကြတော့လဲ ဒီလိုပဲနေကြ
ရတာပဲလေ ၊ အဖေပြောချင်တာကတော့သားရယ် ငါ့ အေဖ က ငါ့ကိုမချစ်ပါဘူးကွာ လို့တော့
မင်းဘယ်တော့မှမတွေးလိုက်ပါနဲ့ကွာ အဖေ ရင်နာလွန်းလို့ပါ ...............................။ ။ ။

                                                   
                                                                                            မောင်ရေခဲ


               
  


မစိုပြေတဲ့ခြေရာ

ရိုးပြတ်တောတွေပြတ်သုံးသလောက်ပဲ
မိုးတိမ်ပြတ်သုံး
မီးခိုးတွေမဆုံးပေါ့
ကျနော့်ရွာ
ဗုံသံတွေကညံလို့
ခပ်ညံညံမြူတွေအဝေးထုတ်
ရုတ်ရုတ်နဲ့
သူတို့ ပျော်နေတယ်ထင်ပါ့
ကျောင်းထိပ်ကပိတောက်ပင်ကြီးတောင်အိပ်မက်ကလန့်နိုးလာတယ်
ငှတ်ကလေးတွေရဲ့ခိုးခိုးခစ်ခစ်ရယ်သံ
ရွာနဘေးကဘုန်းဘုန်းကျောင်းရယ်
ရွာနောက်ဖျားက
လုံမလေးတွေရေခပ်ဆင်းနေကျချောင်းနဘေးရယ်
အော်
ငါနဲ့ခပ်စိမ်းစိမ်းတောင်ဖြစ်နေပါပေါ့လား
နေပျော်တဲ့အရာတွေနဲ့နီးအောင်အလံလွှင့်
ခပ်ရင့်ရင့်နေရက်တွေတောင်ကုန်ပေါ့
ရော့ရော့ကလေးတွေးရင်း
မျက်စိမှိတ်အလွမ်းတွေသောက်သုံးရင်း
ဒီကနေ့လဲ
မိုးလင်းတာပါပဲ။


 
 

အတိတ်အိပ်တန်း

သံဖိနပ်တွေစီးတတ်တဲ့
ဟော .. ဟို သူတို့ရွာဆီ
ဒုတိယကမ်ဘာစစ်လက်ကျန်ဘိုးဘိုးက
ထမ်းလို့ ပိုးလို့
သစ်ရွက်စိမ်းစိမ်း
လေပြေနုနုကလေးတွေကိုတောင်မခံစားနိုင်ရှာ
အသိစိတ်တွေရေမွှန်းနေမှတော့
အောက်ဆီဂျင်ဆိုတာလိုမှာပဲလေ
အတွေးတွေခေါင်းငိုက်စိုက်နဲ့
အိမ်အပြန်လမ်းမစိုပြေတာ
တွေးမိရဲ့
ကမ်းလင့်သူဝေး
မှန်းလင့်သူဆွေး
တွေးလို့ ငေးလို့
ခပ်ရို့ရို့နဲ့
သံဖိနပ်တွေစီးတတ်တဲ့သူရို့ကမ်ဘာ
အလွှာကင်းလွတ်
ရိုးသားခြင်းအင်္ကျီဝတ်လို့ပေါ့
သားချော့တေးဆိုသူဆို
တမ်းချင်းရွတ်သူရွတ်
လာလမ်းငေးသူငေး
အပြေးကလေးကြိုသူကြို
အဆို ...အလွမ်း ...အနမ်း
ရင်ဘတ်တောင်နွမ်းသွားတယ်
ရွာထိပ်ကညောင်ပင်ကြီးရယ်
ကျောင်းရှေ့ကကုက္ကားပင်ကြီးရယ်
ခပ်ပြာပြာကောင်းကင်ကြီးရယ်
ပြီးတော့
ခုံတန်းဘေးကမြေကွက်လပ်
မိုးရွာတဲ့အခါဖားအော်သံ
အတူကျောင်းတက်နေကျထန်းပင်တန်း
စိန်ပန်းပင်ပြာနဘေး
ပါးကွက်ကြားလိမ်းနေကျကောင်မလေးရယ်
သူရို့နဲ့
မြစ်တစ်စင်းမှာတစ်ထစ်ချင်းဆင်းကြည့်တယ်
တမ်းချင်းတွေရွတ်ကြည့်တော့
အလွမ်းတွေခမ်းလိုက်...မလန်းလိုက်
ဆောင်းလယ်အိပ်မက်တွေကြား
နှောင်းလယ်အတိတ်တို့က
ဒီတစ်ညလဲမိုးလင်းစေခဲ့တာပါပဲ ....။

                                                    မောင်ရေခဲ

မ ... သို့

*** ဝေးနေရကြာ ၊ ရက်လတာရှည်
ကြေကွဲပူမိ ၊ တရိရိနွမ်း
လွမ်းရတမ်းတ ၊ ခန်းစည်းစ လေး
ရေးရေးပြေးကိုင် ၊ ရင်မနိုင်ခဲဲ့
ယဲ့ယဲ့အသဲ ၊ ပူမီးမှောင်ထဲ
မောင့်အသဲလေးငိုနေပြီ
 
*** မှတ်တမ်းရီဝေ ၊ မှန်းတီတေက
ပါးကွက်ကကြား ၊ လွန်းရိုးသားလှ
မောင့်နှမအား ၊ ရပ်ခြားမြေကွဲ
မခြဲတူရွိ ၊ တိမ်ပြာသိသည်
လမင်းကြီးရှေ့သက်သေတည်
 
*** မတည်ဝိုးဝါး ၊ ဟိုးတလွှားက
ဆိုထားသတတ် ၊ တညှင်ရပ်ဝယ်
နတ်ရှင်နှယ်သို့ ၊ ကဗျာရို့ရင်
ရင်ထဲဝင်လတ် ၊ မေသသပ္စ
နှမအသိ ၊ တမ်းတ သိစေ 
ချစ် ကဗျာရှည်ပို့ဆက်သည် 
 
*** မငိုပါနဲ့ ၊ ရင်ခွင်ထဲသိပ်
ချော့သိပ်ချင်လဲ ၊ အတွေးထဲဝယ်
တွဲလျက်တူရှိ ၊ သူမ သိစေ
မျက်ရည်ကမ်ဘာ ၊ ကမ်း က ခွါဖို့
ညို့ညို့မှိုင်းမှိုင်း ၊ ကြမ္မာ ခိုင်းလဲ
မောင့် မေ အတွက် ၊ ရတက်မပွေ
အေးမြစေရေး ၊ မျှော်တွေးရော်ရည်
တောင်းဆုတော်သည်
မောင့် မေ စိတ်လန်း အေးမြစေ
ထောက်တည်ရာတိုင်း လန်းဖြာစေ

မောင်ရေခဲ

 


ထို ...တစ်ရက်

ဝဋ်ကြမ္မာအကြွေး
ဆပ်ရရေးကြောင့်
ရင်တစ်ခြမ်းလဲပဲခဲ့သည်

ချစ်ကြင်နာရေး
စိတ်မအေးလို့
ဒီဝဋ်ကြွေးကထပ်ခဲ့ပြီ

ဝဋ်ကြွေး ဝဋ်ကြွေး
သည်အရေး
ဘယ်သွေးဘယ်သားမကယ်ပြီ

ဝဋ်စုံဒုက္ခ
လိုက်ဆပ်ရ
သင်္ခါရလဲထပ်ခဲ့ပြီ

မအားဘူးဆို
ငါ့ - အားကို
အလို - သေမင်းခေါ်နေပြီ

သေမင်းလာစဉ်
လမ်း၌ပင်
ငါ့တွင်ရိက္ခာပြင်နှင့်မည်

ထိုရိက္ခာတွက်
ဒီတစ်ရက်
ဝတ်ချက်ဖြူစင်နေပါသည်
ဘဝအရေး
မျှော်ကာတွေး
ဝဋ်ကြွေးတစ်ရက်
ကြေခဲ့ပြီ



မောင်ရေခဲ

ကမောက်ကမ

ကဗျာတွေရေးဖို့ ကဗျာလိုတွေးကြည့်တယ်
တကယ်တော့
အဲဒီအတွေးတွေဟာ ကဗျာဆိုတာ
ငါ့ကိုယ်ငါမေ့နေတယ် ...
ငါကငေးနေတာမဟုတ်ပါဘူး ..။
အတွေးတွေကငါ့ကို ငေးသွားတာပါ
ကေမာက္ကမ ကမ္ဘာကြီးအလယ်မှာ
လူတွေကလည်း ကမောက်ကမ
ငါကလဲ ကမောက်ကမ
သက်ပြင်းချခြေလှမ်းတွေကလည်း 
လူငယ်တွေကလည်း ကမောက်ကမ
လူလတ်တွေကလည်း ကမောက်ကမ
လူကြီးဆိုတာတွေကလည်း ကမောက်ကမ
ခေတ်လက်ကျန်အပိုင်းအစတွေကလည်း ကမောက်ကမ
အိပ်မက်တွေကလည်း ကမောက်ကမ
ကမောက်ကမ ကမ္ဘာထဲ
ငါ ......
လမ်း .....
လျှောက်ကြည့်တော့
မထိတထိအပြုံးနဲ့
ကံကြမ္မာကလည်း ကမောက်ကမလုပ်တယ်
ဟုတ်တယ်
ငါ ကိုယ်တိုင်တောင်
မနက်တိုင်း ညဖြစ်တတ်လွန်းလို့
ဦးနှောက်တွေလဲ ကမောက်ကမ ဖြစ်နေပြီ
ဒီတစ်ခါတော့
ငါ ....
ရယ်စရာလုပ် ပစ်မယ်


ကိုရေခဲ
14/9/2012






ညောင်ညိုစခန်း

ခပ်မဆိတ်ဝင်လာတဲ့
ကျယ်လောင်သံ
ရင်ဘတ်ကို ညံ သွားတယ်
အပြာရောင်ကမ်ဘာဆီသွားတဲ့ သူ့ကို
အနက်ရောင်နဲ့မိတ်ဆက်
ရုတ်တရက်
နုတ်ဆက်
အသက်မဲ့
ခပ်နက်နက်အလွမ်းတွေ
အလွမ်းနက်နက်အနမ်းတွေ
ကွေ့ပတ်ဝေးလွင့်
အနီရင့်ရင့်စီးဆင်းကုန်ပေါ့
က .ကွက်တွေညီစေဖို့
မရိုးနိုင်တဲ့စကားတွေနဲ့ဆွဲငင်
အဲဒီအချိန်
စိတ်ဆင်ခြင်အားနည်းကုန်ရဲ့
(ငါ အပါအဝင်ပေါ့ )
ဒီလမ်းတွေ ...
ရမ်းလျှောက်ရမှာသိရဲ့
လမ်းမဖောက်
မှန်းလျှောက်တော့
အမှန်တွေဝေးကုန်ပေါ့
အသိမစစ်တဲ့အသိတွေကိုပိုက်
စိုက်ခဲ့တဲ့သစ်ပင်
စိုက်ခံခဲ့ရတဲ့မြေယာ
အေစခံမပါဘဲ ခုန် က တော့
မျက်ရည်တေးတွေ ရေး လို့ရေး
ခပ်လေးလေးရင်ဘတ်
ကံကြမ္မာ နဲ့ လဲ ထပ် ရော
မျက်ရည်တို့ သည်း အူ လှိုက် ခုန်
ဘဝ အဖုံဖုံနစ်မွှန်း
ရှေ့ ယွန်း ၊ နောက်ယွန်း ၊ ၁၀ မျက်နှာယွန်း
ခွန်းကြီး ခွန်းငယ်ပြောတတ်တဲ့ အနောက်စာမျက်နှာမှာ
စကားတွတ်ထိုးရင်း
အငိုအပြုံးရဟတ်စီးရင်း
အလွမ်းပန်းခင်းနားခိုရင်း
ပျားရည်တို့သောက်သုံးရင်း
ညောင်ညိုပင်ရင်းကစားရင်းပေါ့


                              မောင်ရေခဲ


11/11/2012 ..နေ့တွင်ကျရောက်သောကျနော့်သူငယ်ချင်း .. ကိုရတု အတွက် မွေးနေ့ဆုတောင်း

ကျုပ်သူငယ်ချင်း
ကိုရတု ရေ
ဒီနေ့
မင်းရဲ့မွေးနေ့
မထူးဆန်းတဲ့စကားတွေနဲ့
ငါ
ဆုမွန်ချွေမိ
အနီရောင်ပန်းတွေဖူးပွင့်တဲ့
ဟောဒီ ကမ်ဘာမြေတစ်ခွင်
ရင်ဘတ်ချင်းဆက်
ရစ်ပတ်ချည်နှောင်
ကဗျာ့ဘောင်ထဲသက်ဆင်း
တောလဲသံတွေကင်းတဲ့ကမ်ဘာမှာ
မင်း
သာယာပါစေ
နောက်တစ်မျိုးဆုတောင်း
သံသရာကောင်းဖို့အတွက်ပေါ့
အကောင်း နဲ့ အဆိုး
ညီမျှခြင်းထိုးဖို့လွယ်တဲ့ခေတ်ထဲ
အသိထူးတွေဖော်ကျုးရေးအတွက်
မမေ့ခြင်းနဲ့အဖော်ပြု
သေးခြင်းတရားကိုအံတုဖို့
ပစ္စုပ္ပန်တွေကိုဆင်ခြင်
အလျင်
မသေခြင်းရောက်ပါစေ

                    မင်းရဲ့သူငယ်ချင်း
                                    မောင်ရေခဲ(အဝတ်နီ)

11/11/2012 နေ့တွင်ကျရောက်သော
ကိုရတုသစ် မွေးနေ့အတွက်
ကျနော့် ရဲ့ 
တဂ်ပိုစ့်လေးပါ


 

ကျေးဇူးပါအမေ

သူငယ်ချင်းရေ
ဒီတစ်ခါ
ငါ့မွေးနေ့
မနေ့ကအကြိုအဖြစ်
တောလဲသံတွေနဲ့ကြိုဆို
အငိုတရားတွေတွေ့ခဲ့ ကြားခဲ့ပေါ့
ဘဝကို အငိုတရားတွေနဲ့
ဒီနေ့လိုနေ့မျိုး
လွန်ခဲ့တဲ့23နှစ်က စ ခဲ့ဖူးတယ်
တန်ဆောင်မုန်းရဲ့ ဆောင်းတွင်း
မိုးပြေးတွေခရီးနှင်ခဲ့ဘူးတယ်
ဒါတွေတဒင်္ဂမေ့
အေမ့ မေတ္တာတရားတွေ ဟောဒီကမ်ဘာထဲ
အမေ့ရဲ့ ရင်ဘတ်ထဲ
ဆောင်းမှာကျတဲ့မိုးသည်းတွေနဲ့အတူ
တသွင်သွင်စီးဆင်းရဲ့
သူရို့ကပြောကြတယ်
မွေးလာတဲ့သား
ကျား တဲ့
သား ဦး စေန ဆိုတာ
ဓားထမ်းကျော်ရတယ်ဆိုပဲ
ဒါတွေကိုအသာထား
အမေ့မေတ္တာတရားနဲ့ချွေးသိပ်
ရိုးရာတွေကိုနှိပ်ကွပ်ခဲ့တဲ့အမေ
ယဉ်ကျေးမှု့နဲ့ ဘာသာတရား
စေ့စပ်အောင်သင်ကြားပေး
မျိုးစေ့တွေဝေစေတဲ့အမေ
ခေါင်းမှာအလံဖြူတွေစိုက်လဲ
သီအို်ရီတွေရိုက်သွင်းပေးခဲ့တဲ့အမေ
မျက်လုံးတို့ပြာရီ
ဘဝအလီကိုသင်ကြားပေးခဲ့တဲ့အမေ
မျက်နှာတို့လှိုင်းထန်
ဘဝရန်တွေကြား - ကျားကန်ပေးခဲ့တဲ့အမေ
တဖြေးဖြေးပြန်တွေးရင်း
တရေးရေးဂုဏ်ယူနေမိတယ်လေ


                                      မောင်ရေခဲ(အဝတ်နီ)
12/12/2012 -တွင်ကျရောက်သော
ကျနော့် မွေးနေ့ တွင်
အမေ့အတွက်ဂုဏ်ပြု ကဗျာ


ရင်အေးသံစေ

တစ်ခါကပြန်တွေး

အို့ ..အို အေ့ ..အေ

အမေ့တေးညည်းသံ

နားထဲမှာညံမဆဲခဲ့ပေါ့

သား စိုက်တဲ့နန်း

သစ်ရွက်နန်း

ထန်းရွက်နန်း

ပြည်တော်ဝင်နန်း

ဘယ်နန်းစိုက်စိုက်

အမေ့ကိုမြင်မိခိုက်ခဏ

သားက ကလေးဘဝပြန်ရောက်ရတယ် ။

 တသိုက်တဝန်း ဂုဏ်မဲ့

အမေ့အသက် ယဲ့ယဲ့လေးကျန်

သားအတွက််ဆို အလံမလဲ

အောင်ပွဲတွေ့ဖို့သစ်လောင်း

စိတ်ဓာတ်ဟောင်းတွေတောင်ဖျောက်ပစ်မိပေါ့ ။

  ပြာယီမှိုင်းစ မ်က္လုံး

သတ္တလောကအတွက်မသုံးလိုက်ရပေမယ့်

သားဘဝ အမြင့်ဆုံးရောက်ဖို့

အမေရုန်းခဲ့ရတဲ့ဘဝကိုကျေနပ်တယ် ။

  အဖြူရောင်အလံတလွင့်လွင့်

လွှင့်ခဲ့ပြီအမေ့ခေါင်း

အယောင်ဆောင် ကမ်ဘာလောကအကြောင်း

သားသိအောင်လမ်းကြောင်း

ခရောင်းလမ်းတွေဝေးဖို့

သား နဲ့ ဝေးရတဲ့အမေ့ဘဝ

ဆွေးပေမယ့်

ဝေးနေလဲကျေနပ်တယ် ။

  နေညိုချိန်လှိုင်းတွေဂယက်ရိုက်

အမေ့မျက်နှာတိုက်ရိုက်ထိခိုက်

ဘွင်ရန်သူတွေတောင်နှိပ်စက်လုပေါ ့

သမုဒယတွေဖွဲ့နှောင် ဒီနှောင်အိမ်ကြီးထဲ

အေမ ရုံးထွက်ချင်ပြီးကွယ် ။

အမေ့ကိုနားလည်

သား အမေကိုနားလည်ပါ

အေမ အာမ-မခံခဲ့တာတွေအတွက်

ရက်စက်သူလို့သတ်မှတ်

အမြင်ကတ်နေတောင်

ကျေနပ်နေမှာပါသားရယ် ။ ။


                                                     မောင်ရေခဲ





Posted via Blogaway

Happy Birthday Ko YayKhe

                                         

ကိုရေခဲ
တစ်ကိုယ်ရေထဲတွေး
ကဗျာတွေရေးလိုက်
စာတွေတွေးလိုက်နဲ့
အပြေးကလေးနှင်
မွေ့နေ့မှာ ပျော်ရွှင်ပါစေ...။
ကိုရေခဲ
စိုပြေဆဲအတွေး
ချိုနေတဲ့အရေးတွေနဲ့
ငိုနေတဲ့လောကအတွက်
အားပေးတဲ့လက်တစ်စုံဖြစ်ဖို့
အဖုံဖုံသာမောကဗျာတောမှာ
အမောမဖောက် ဆက်လျှောက်နိုင်ပါစေ....
ကိုရေခဲ
နဂိုနေမြဲမငေးနဲ့
ကြိုနေတဲ့ အရေးတွေကိုမြင်
လိုနေတဲ့စွမ်းအင်တွေကိုဖြည့်လို့
အဓိကနဲ့သာမညကု်ိခွဲခြား
တရား/မတရားကွဲပြားပါစေ.....
မွေးနေ့မှာပျော်ရွှင်ပါစေဗျာ..
      မင်းရဲ့သူငယ်ချင်း       
         ကိုရတုသစ်
12/11/2012 တွင်ကျရောက်သော
ကျနော့်မွေးနေ့အတွက်
ကိုရတုသစ် ရဲ့ တဂ်ပိုစ့်လေးပါ

 

အမေ့တေး

အံသြမိပါရဲ့
အတ္တတွေဖြိုချ ယိုစီးဖို့ခက်တဲ့အရာတွေကြား
သူမ က အနီရောင်ပန်းဝတ်မှုံတွေကို အဖြု အစင် ဖန်ဆင်းတယ်

အံသြမိပါရဲ့
ဒုက္ခ သုက္ခ တွေကို လက်ဖက်သုတ် တစ်ပွဲလို သုပ်
ဘဝကိုတည်ခင်း အပြုံးတွေပြိုဆင်းလို့
ရင်ရင်းမေတ္တာတရားအောက်ပျော်ဝင်နေတာကိုပေါ့

အံသြမိပါရဲ့
မသေချာတဲ့ အရာတွေကိုရေရာဖို့မျှော်တွေး မေသခ်ာတဲ့ အလောင်းအစားကို
ချွေးတွေနဲ့ အရောင်တင်
ညလွင်ပြင်အိုတွေနဲ့ - " အို့ -အို....အို အေး " .... သားချော့တေး တွေဆိုလို့     
ကမ္ဘာသစ်ကို ဖန်ဆင်း အလင်းတွေ လင်းစေခဲ့တယ်

အံသြမိပါရဲ့
သူမ သာ အနားရှိရင် နေမဝင်အင်ပါယာ မပိုင်ရလဲ နေပါစေ လို့ဆိုရဲတဲ့အထိ
သတ္တိထူးတွေနဲ့ မြူးတူး ဘယ္ညေတြ ဘယ်လိုလူးလူးပေါ့
လောကကို ရင်ကော့ လျှောက်ရဲတတ်လာတယ်

အံသြမိပါရဲ
သူမ ရဲ့ခွန်အား ဟာ ရင်သွေးတွေဆီ စီးဆင်း အသက်တွေကြီး ပြီးရင်းကြီးပေါ့
သူမ ရှေ့ ရောက်ရင် ကိုယ့်ကိုယ်သိလာတယ်
 ကလေးတစ်ယောက်ဆိုတာကိုပေါ့

အံသြမိပါရဲ့
သူမဟာ အံဖွယ်လူသားတစ်ယောက်ဆိုတာ သိလိုက်ရလို့ပေါ့

                                                                   12/11/2012 နေ့ရဲ့
                                                                     အိပ်ယာဝင်တေးလေးပါပဲဗျာ
                                                                                                    မောင်ရေခဲ

" ဆောင်း မိုး ကြားမှာ.. ဖွားသော.. သားစေန.. ရေခဲရေ "

ဆယ့် နှစ်.. ဆယ့်တစ် တစ်ဆယ့်နှစ်.
လွ်ပ္စီး လက်ဆဲ မိုးသည်း ညေန 
လွန်လေခဲ့သော.. နှစ်နှစ်ဆယ်ကျော်
ဆည်းဈာ တိမ်တောက်.. ညေန ခြောက်နာရီ.
မှုန်ရီ အုံ့မှိုင်း.. ရှစ်ခွင်တိုင်း
ဆောင်း ကို ရောက်ငြား မိုးသည်းသည်း ကြား
သားလွ ဖွားမြင် မေမေ့ရင်
ကြည်သာ ရွှင်ပြုံး.. အလှဆုံး
တစ်လောကလုံးကို. မေ့ခဲ့သည်။
မေမေ့ ရင်သွေး
သားဦးလေး.. ရေ..
စေနခါမွာ. ဖွားမြင်တာမို့..
ရှေးထုံး ရှေးလာ မပယ်ဖျောက်သာ.
မွေးဖေ.. ဓါးထမ်း. ကျော်ခ့ဲရှာသည်။
သို့ပါသော်ငြား 
ဖေ မေ့ သား
ယနေ့ ချိန်ခါ.. ကျရောက်လာသည်
နှစ် နှစ်ဆယ်ကျော်. မွေးနေ့တော်၌
လူတော် လူချွန်.. လူရည်မွန်
ကိုယ့် ၀န် ထမ်း ရင်း လျှောက်လှမ်းနေ..
မွန်မြတ်လေစွ.. သည် သားလွ 
လောက အ၀ှမ်း. သို့.. ကဗျာပန်း ေ၀ ရင်ငြိမ်းစေ.။



မောင်ရေခဲ ရေ... မွေးနေ့တိုင်းမှာ.. ပျော်ရွှင် ချမ်းမြေ့ပါစေနော်...
ခင်တဲ့ မမ.. ထာ၀ရ "နွေဦးမေ"
 http://nwaeoomay.blogspot.com/

 ကျနော့်မွေးနေ့ အတွက် ပို့ပေးတဲ့ 
မနွေဦးမေ ရဲ့
တဂ်ပိုစ့်လေးပါ

ရင်ဝေးနေသောနေ့ရက်များ

အဆင့်မြင့်မြင့်စားသောက်နေထိုင်ဖို့
နေ့နေ့ ညည ပြေးလွှား
တစ်ရေးနားဖို့ခက်ခဲ
အမေ့ရွာက ထန်းရွက်တဲလေးကိုသတိရ မိရဲ့
အမေ နဲ့ ဝေး
အဖေ နဲ့ ဝေး
မိတ်ဆွေ ၊ သူငယ်ချင်းတွေနဲ့ဝေး
အနာဂတ်တွေတရေးရေးပြေးမြင်ဖို့
မနေမနား
တစ်ရေးနားစားသောက်ချိန်
ဂုဏ်ရှိန် ငွေရှိန်ကင်းတဲ့
အေမ့အိမ္က ထမင်း နဲ့ ဟင်းကိုလွမ်းရဲ့
ကိုယ်ခန္ဓာ နွမ်းလျ
တမ်းတမိတဲ့ အချိန်တိုင်း
ဟို ဆေး ၊ ဒီ ဆေး
မိတ်ဆွေ ဆေး ၊ သူငယ်ချင်း ဆေး
လက်ကမ်းလို့ပေး
အေမ့ အခန်းက ကိုယ်ငွေ့လောက်မနွေးဘူး အေမ
အလုပ်ပြီးတဲ့ အချိန်ဆို
လွမ်းစိတ်ပို နွမ်းချိ
တစ်ကိုယ်တည်းရှိတဲ့အခန်း
အေတြး နဲ့တောင် မရဲတရဲမှန်း
ငရဲခန်းလားထင်
ည ည အိပ်ချိန်
မိ အိမ် ဖ အိမ်
မိသားစုအိမ်
တရှိန်ရှိန်တောက်လောင်နေကြမေတ္တာတရား
တထိန်ထိန်မြို့ပြ နဲ့နှိုင်းချိန်တိုင်း
စိတ်တောင်ပံခတ်
ပြန်ရက်ကိုလက်ချိုး
ရှိးခိုးလျက်ပါ ဖေ ၊ မေ


                                             မောင်ရေခဲ


တောင်ပံမဲ့ နေ့စွဲများ

စိတ်တောင်ပံတွေတဖျတ်ဖျတ်
ရက်လုပ်ခဲ့ရတဲ့နေ့စွဲတွေ
အပြုံးတု .. အငို တု ... မျက်နှာ တု တွေထုတ်
လူလုပ်ဖို့ခက်တဲ့အရာ
လူကပဲ ပြန်လုပ်နေလေရဲ့
အငြူအစူတွေ ကလူကျီစယ်သလို
ယိုစီးပေါက်ကျ
တစ်ချို့က
ဒါ ..သင်္ခါရ ..တဲ့
အလှအတွက်ပြုပြုရ
ဘဝအတွက် ပြုပြင်ကြနဲ့
အခုမြင်တဲ့ ခဏတွေတောင်ပြောက်
ရောက်ခဲ့တဲ့ရာစု အစေပါ့
လျော့ရဲလာတဲ့ ယဉ်ကျေးမှု့တွေ
အဖော်မဲ့လာတဲ့ ဒီစနစ်တွေကြား
ချုပ်ဆက်ဖို့ ခက်လာရော
ဒီလို ဒီလိုနဲ့
သီအိုရီတစ်ခေတ်မှာ
အချစ်တွေပါစနစ်ပြောင်း
ရောင်းကုန်တွေဖြစ်ခဲ့ပေါ့

                             မောင်ရေခဲ

သားကောင်များ

*** ဒီလိုလုပ် ဒီလိုကျင့်
ခပ်ရင့်ရင့် ခိုင်း နှိုင်း 
သံသရာ မရိုင်းရလေအောင်
ပုံသွင်းသင်ကြားလဲ
ညွှတ်ကွင်းတွေကြားထဲ
လွတ်ကင်းဖို့ခက်တယ်

*** တဒိတ်ဒိတ်ရင်ခုန်သံ
စိတ္သံ ၊ ရုပ်သံ
တညံညံ ဝန်းရံခ
တွန်းလှန်ချဖို့ခက်ပြန်မှတော့
 နိဗ္ဗာန်ကိုစိတ်သန်နေလို့ အပိုပါပဲ

*** အနု ၊ အလွ သမုဒယ ပေါများရာ
ဒီ ဇလာတော မွာ
မျောဖို့ရာလမ်းများတယ်

*** ဒုက္ခ ဆိုတာ
ခမ်းလိုက် လန်းလိုက်ဆိုပေမယ့်
ချိုတယ် ထင်ထင်နေတော့ခက်တယ်

*** အရှိုက်ခက်မှန်း သိရက်နဲ့
အသိုက်တွေ ခပ်မိုက်မိုက်လုပ်
အချုပ်ကိုတွေးရင်း တွေးထင်
ဒီနေဝင်ချိန်ဟာလဲ
မျက်နှာလွှဲခဲ့ ပြန်ပါရော


မောင်ရေခဲ


13/အပိုင်းအစ

အလွမ်းတွေက ဓားတန်းလန်းနဲ့ငါ့ရှေ့ရောက်လာတော့
ကြယ်ကလေးတွေတောင် အသံတိတ်ကုန်ပေါ့
အလည်လွန်နေတဲ့ လမင်းရေ
တကယ်ဆို ငါဟာ ဒိုင်ပွဲမရပ်ခင်ကတည်းက ရှုံးနိမ့်သူပါ
ငါ့အတွက်နဲ့တော့ မင်းမူယာတွေ မပွန်းစေနဲ့နော်
တော်တော်ကြာ
မျှားထမ်းပြေးလာတဲ့ ဟိုကောင်ကလေးကအပြစ်တင်နေပါ့မယ်
တကယ်ဆို ကိုယ်က
မင်းနဲ့တွေ့မှကျောက်ခေတ် ကိုပြန်ရောက်ချင်သူပါ
တစ်ဘုံစားတွေနဲ့ ကျင်လည်ရာလောကထဲ
မကျွမ်းကျင်တဲ့ ငါ့ကိုသာအပြစ်တင်လိုက်ပါ
နင့်နဲသိပ်သည်းစွာ အရာရာနောက်ကျတဲ့နောက်မှာတော့
စခန်းသိမ်းပွဲတောင်မတိုက်လိုက်ရတဲ့စစ်ပွဲ
ဒီတစ်ချီတည်း ပွဲသိမ်းပြီပေါ့
မေ့လျော့ခဲ့တာမဟုတ်ပါဘူး
မင်းကိုတွေ့တိုင်း သဘာဝတရားကဖန်းတီးထားတာပါ
မင်းအတွက်ဆိုငါက
အလွမ်းအမုန်းတောင်မထိုက်တန်သူလို့ဆိုရမလားပဲနော်
နောက်ကျချင်းတွေသာပိုင်ဆိုင်တတ်တော့
ဂျိုကာနှစ်ကောင်ပါပြီးမဒေါင်းတဲ့ ဖဲသမားလို
နှစ်လုံးတူပြီးမပေါက်တဲ့ ချဲသမားလို
ငါ
ကံကိုပဲရိုးမယ်ဖွဲ့လိုက်တော့မယ်

                   
                                      မောင်ရေခဲ


အပြီးပြန်မယ့်သူ

စိတ်အလိုမကျဖြစ်တဲ့အခါ
စကားတွေမညီမညွတ်ဖြစ်တဲ့အခါ
ရိုင်းရိုင်း စိုင်းစိုင်း ထြက္ဆိုမိတဲ့အခါ
ငါ့ကို ခွင့်လွှတ်ပါ
ငါက
အပြီးပြန်မယ့်သူမို့ပါ
 
ငါနေထိုင်တဲ့အခါ
ငါပြောဆိုတဲ့အခါ
ပွင့်လင်းမှု့တွေနဲ့
ငါ့ကိုယ် ငါ အိုးမဲသုတ်မိရင်
ငါ့ကိုခွင့်လွှတ်ပါ
ငါက
အပြီးပြန်မယ့်သူမို့ပါ

ပရမ်းပတာ နေထိုင်မိတဲ့အခါ
ပရမ်းပတာ ပြောဆိုမိတဲ့အခါ
စကားတွေဖောင်းကြွလာတဲ့အခါ
ငါ့ကိုခွင့်လွှတ်ပါ
ငါက
အပြီးပြန်မယ့်သူမို့ပါ

                                မောင်ရေခဲ
 
 



ကမ်းတစ်ဖက်

မကြင်သမျှ ခင်နှမ နဲ့ပက်သက်မှဖြင့်
ယခင်သံသယကိုတောင်
ကွမ်း လိုယောင်ဝါးလိုက်ချင်ပါရဲ့
မှားလိုက်ဝဋ်တွေ
အသိုက်ချွေ အခက်ချိုးသော်လည်း
အချစ်ပျိုး သည်ရင်ကြောမှာ
ပြစ်ကျောမျှ ထင်ဘူးခင်ရေ
သံလွင်လွင်ကမ်းဘက်
ဂန္ထဝင် ပန်းတစ်ခက်ကြောင့်
အလှမ်းခက်ထင်ဘူးကွယ်လေ
အေနေတြ ဘယ်လောက်ဝေး
အေတြးမွာ မှန်းကာဆ
တမ်းတလို့ဆွေးစိတ်မပြေ
မှေးမှိတ်မလေ
မျက်တောင်တို့မြေးယှက်ပြန်တော့
တွေးချက်က သူ့မျက်နှာ
လ ထိန်ထိန်သာ
အသွင်မှာ ပျော်ကာမြူးသော်လဲ
ဘွင်မှာ မောကာ မူးပါပေါ့
လူးလား ဘွင်မှာ
ဆူး ခါး ရင် ဗျာ
လ ..လွင်လွင်မှာ
ကြင်သူတွေ ပျော်ကာမြူးသော်လဲ
အလျင် ပျော်ကာမြူးချင်ပေါ့။
သြော်
နှောက်ယှက်ဝဋ်ကြွေး
 
 
                                                                           မောင်ရေခဲ


ဝဋ်ကြွေး

ဆောင်းလယ်အိပ်မက်
အအိပ်ခက်တယ်
အိပ်စက်ဘယ်ပုံညွှန်းပါ့မယ် ။


နှောင်းဝယ် တိတ်ဘက်
အဆိပ်တက်တယ်
နှိပ်စက်သည်ပုံဖြစ်ရတယ်


လူ့ဝယ် စိတ်ဓာတ်
တံဆိပ်ခတ်တယ်
ခန်းပိတ် နှလုံးငိုကွယ်ရို့ ။


ခုနှယ် ဤဇာတ်
ချစ်ဓာတ် ပျက်သည်
စိတ်ဝယ် နေဝင်ညိုတယ်ကို ။



ဆောင်း တိတ် နှောင်း ချိတ်
လူခြေတိတ်သော်
ဆိတ်ဆိတ်ရင်မှာ ပြိုကျပါသည်
ဝဋ်နှယ် သည်ပုံဖြစ်သတည်း ။


မောင်ရေခဲ

ဝန်ခံချက် ။
              (ကိုနေဇော်လင်းဆီပို့ဖူးတယ်ဗျ....ညီနေဇော်လင်းရေ ကိုယ်တင်လိုက်ပြီနော်)