Tuesday, May 12, 2026

အတ္တ နဲ့ စစ်ခင်းခြင်း

ငါက ယတြာ အချေမှားခဲ့သူပါ
ငှက်ကလေးတွေကို လွတ်လပ်စွာပျံသန်းစေခဲ့ပြီးမှ
သစ်ပင်မစိုက်ဖူးလိုက်သူ လို
ဖုန်တောင်းယာစကာတွေကိုအစာရေစာကျွေးပြီးမှ
နတ်ကွန်းမဆောက်ဘူးလိုက်သူလို
တကယ်တော့
ယုံစားမှု့တွေကို အန်မထုတ်ခဲ့တာပါ
ငါ-လာခဲ့တာ လူ့လောက လေ
မျက်စိမရှိတဲ့မျက်စိတွေတပ်ဆင်ထားကြ
နားမရှိတဲ့နားတွေကို တပ်ဆင်ထားကြ
အစကဘယ်ရိပ်မိပါ့ မလဲ
တိတ်တိတ်ကလေးထွက်ပြေးပြေးနေတဲ့
ရိုးသားမှု့နောက်က မရိုးသားမှု့များ
မျက်ကြည်လွှာနောက်က
အနက်ရောင်မီးတောက်များ
အခေါက်ခေါက်အခါခါဖြတ်နင်းတော့
စိတ်ကိုစိတ်နဲ့အသတ်ခံလိုက်ရတဲ့ဝိညဉ်လို
မောလျ နွမ်းကျ
ငါက ယတြာ အချေမှားခဲ့သူပါ
အသက်မှားသွင်းမိတဲ့ ပညာမဲ့အတတ်သင်ဆရာလို
ကလေးချော့တေးအစား
သေနတ်ဆိုတာ.............
ဟစ်ကျွေးခဲ့တဲ့ တစ်ချိန်က သူ ကြီးလို
နှောင်းခေတ်မှာတော့
လူ့ကျင့်ဝတ်တွေကို ခ်ခ် ရောင်းနေကြတဲ့ 
ငှတ်တစ်သိုက်လို
လည်ချောင်းဝ မွာပဲ ပလုံစီရင်း 
ကျွံဝင်သွားတဲ့ စကားလုံးတွေလိုက်ငေးနေရတဲ့ 
ငါ့အဖြစ်
တကယ်တော့
ငါက ယတြာ အချေမှားခဲ့သူပါ
ပိုးကြေး ပန်းကြေး အတွက်
ပန်းတစ်ခက်ကို လှမ်းသတ်ခဲ့တဲ့ နေ့ရက်တွေ
ပန်းပွင့်လှလှလေးတွေ ပန်ဆင်ခွင့်မရခင်ပဲ
ပန်းပွင့်ကကြွေနှင့်ပေါ့
အသူရာတွေနဲ့စစ်ခင်းခင်းနေတဲ့ သိကြားမင်းလို
ငါ့အတွေးတွေ အဝေးမမှုံရင်
ဒီ ကဗျာကို ငရုပ်စုံထဲထည့်ထောင်းမယ်
နောက်ဆုံးတော့လဲ
ရင်ဘတ်တွေ တလိပ်လိပ်အံကြိတ်လို့
အိပ်တန်းတက်မနက်တိုင်း မသာ မယာရွိခဲ့တာပါပဲ
အတုံးအရုံး တဲ့ အယ်ဒီအသံကြားရင်
ငါ ရင်နာလို့မဆုံးဘူး
ဘုံပျောက်ရင်း ရူးရူးသွားကြတဲ့
လက်ဖြန့်ခံတွေအတွက်ပေါ့
အလဲလဲ အကြဲကြဲ
ကိုငှက်ကြီး ရဲ့ တစ်နေ့စာအလွဲများသီချင်းကိုညည်းရင်း
ငါက
ငါက ယတြာ အချေမှားခဲ့သူပါ
 

 မောင်ရေခဲ







 
 

 


မင်း နဲ့ ပက်သက်လာရင်

မင်း နဲ့ပက်သက်လာရင်
ကိုယ့်ရင်ဘတ်ကိုယ်ကို ဝန်မခံရဲခဲ့တဲ့စကားတွေ
ခုထိ ရှိရဲ့
အလွဲတွေ နဲ့ မိတ်ဆွေဖြစ်ပြီးတဲ့နောက်
အလုပ်လုပ်လွန်းတဲ့ ငါ့ ဦးနှောက်တွေ
စေးကပ်တဲ့ သဘာဝတွေကို ပိုင်ဆိုင်လာတဲ့ ငါ့ နုတ်ခမ်းတွေ
အသာကြည့်နေတာတောင်
အသာတကြည့်မနေနိုင်တဲ့ မနက်ဖြန်တိုင်းအတွက်
ငါ မင်းအတွက်ပါ ရောပြီး စိုးရိမ်ရတာပဲလေ

မင်း နဲ့ ပက်သက်လာရင်
အလွမ်း အဆွေးတွေကို ကြိုသောက်လို့ရတဲ့အတတ်
မှော်ဆန်စွာ တတ်လိုက်ချင်ရဲ့
ကော်ဖီ ခါးခါး တစ္ခြက္လို
ခပ်ရှရှ ငိုကြွေးတတ်တဲ့ ဥသြငှက်ကလေးလို
ပမာတွေ နှိုင်းပြီးရင်း နှိုင်း
ကောင်းကင်းပြာကြီးတောင် ဆေးသားပျယ်လုလုပေါ့

မင်း နဲ့ ပက်သက်လာရင်
နောင်တ ဆိုတာ
ရင်ဘတ်ချင်း ညွိ ပြီး သံစဉ်ထွက်တာနဲ့
" ထောင်း " ခနဲ အသက်မဲ့တယ်
ချစ်၏ ၊ အျပစ္မရွိဆိုတာ
ဒါမျိုးထင်ရဲ့

မင်း နဲ့ ပက်သက်လာရင်
အကိုင်း အခက်တွေ အသာထားလို့
ယုံကြည်မှု့ တံတားလေးပဲခင်းထားလိုက်ချင်ရဲ့
အို ဟောင်း နွမ်း နေတယ်လို့တော့ အပြစ်မတင်ပါနဲ့
ပျိုမြစ်နေတယ်ဆိုတာ
ကမ်းပြို နေတဲ့ ရင် နဲ့
သခင် လှမ်း အကြို ကိုစောင့်မျှော်နေရဲ့

မင်း နဲ့ ပက်သက်လာရင်
ငါ့ နှလုံးသားက ဗလာမပါ ကံစမ်းမဲနှိုက်နေတယ်
နတ်ဆိုးတစ်ချို့က မျှော်လင့်ခြင်းတွေဖျက်ဆီးခဲ့တယ်လို့ ယူဆခဲ့ရင်တောင်
မျှော်လင့်ချက်တွေ ဖြစ် မြဲ ဖြစ်
တကယ်တော့
အချစ်ဆိုတဲ့စနစ်က သင်ရိုး မပြောင်းဘူးထင်ရဲ့

မင်း နဲ့ ပက်သက်လာရင်
အတိမ်း အစောင်း တွေများလွန်းလို့
ငါ ဒရိုင်ဘာမလုပ်ချင်ခဲ့ဘူး
အရူး အမူးဆိုတာ
ငါ့ အတွက် တေးသွားတစ်ပုဒ်ကိုဖြစ်လို့
ပစ်ပယ်ဖို့ဆိုတာတွေ
အရောင်လှလှတစ်ချို့နဲ့သာ ပယ်ဖျက်စေချင်သူပါ

ခုတော့
မင်း နဲ့ ပက်သက်လာရင်
မင်းဟာ ငါ့အတွက် အံ့ဖွယ်ရှိလှတယ်ဆိုတာကို
ဆေးလိပ်တို
နေညိုတဲ့အထိ
သိမ်းဆည်းထားမိလေရဲ့

                                                                                  မောင်ရေခဲ(အဝတ်နီ)

ဆန္ဒတစ်စုံတစ်ရာ

အလွမ်းတွေရင်မှာပြည့်တောင်မှ
ပန်းသခင် ရင်မှာ မလန်းနိုင်ဘု
ကြွေကျရာ ပန်းပွင့်ခဲ့ရင်လ
စေ...စေ ..ရာ မြင်တိုင်းပန်းတွေပ
လွမ်းတိုင်းပွင့်စေ
နွေတေးတွေမဆိုခိုင်းပါနဲ့
အေနေဝးသူ 
အပူ မီးတွေကဲ
ဗလောင်းဆူ ရင်သတ်ကွင်းထဲမှာ
သံစဉ်ပျက် ကာရံမဲ့ လေတော့
 တေးသီရာနွေကာလမှာ
ဥသြ ကိုဘယ်လိုပြောပြရပါ့မလဲ
မျက်နှာပူတယ်
အပူကြွယ် ရင်မှာ မအေးသူရဲ့
ဒီလူ မွာ ရင်မငြိမ်းနိုင်ဘု
မျှော်တော်ယောင် သဉ္ဖာခန်းမှာ
အလွမ်းတွေမသိမ်းပိုက်မိစေဖို့
မှန်းမျှော်ရာ သခင်ပျော်စေဖို့
ရော်ရမ်းကာ သပြေခက်တွေနဲ့
နေ့ရက်တိုင်း ဆုမွန်ခြွေ
သူ့သခင်ရင်အေးစေသား

တူပေါင်းရွယ် သံသရာမကုန်သရွေ့ပေါ့
ယခု နှောင်းချိန် ဘဝဆုံးတဲ့အထိ
ကောင်း-ဆိုး တွေ မရိုးအောင်ချည်နှောင်မြဲကာပ
သေကောင်ပေါင်းလဲ အဆုံးသတ် ပြီးတဲ့အထိ
ရင်ချင်းအပ်ခရီးဆက်
ဘဝတိုင်းလက်ဆက်ချင်မိပါရဲ ။

မောင်ရေခဲ(အဝတ်နီ)

ငါတို့အလိမ် တလိမ် လုပ်ကြတယ်

ငါတို့အလိမ် တလိမ် လုပ်ကြတယ်
မိုးညတွေကို နွေလိုလိုဆောင်းလိုလိုစီးဆင်းပြ
တိမ်တွေက ညမှောင်မှောင်တေးပဲ ရွတ်တတ်သလားထင်ရ
အချိန်တွေကိုများ ငယ်ငယ်ကဆော့ကစားသလို အလိမ် တလိမ် လုပ်လို့ရသလားအောက်မေ့ရအောင်
ဆေးလိပ်ငွေ့တွေလို့ အငွေ့ပျံ ဆွတ်ပျံ့ပြလိုက်
မနက်ဖြန်ဆိုတာ ကို ချဉ်ရည်ဟင်းတခွက်လိုမြိန်ရည် ယှက်ရည်သောက်သုံးကြ
လောက်ငှ တယ်ဆိုတာ ဟလို တစ်ချက်ခေါ်ရုံ နိဂုံးချုပ်ချုပ်နေတဲ့ ကြယ်ရောင်အောက်

ငါတို့ အလိမ် တလိမ် လုပ်ကြတယ်
ကလိမ် တယ်ဆိုတာ ငယ္ငယ္ကေတာ့ မုန်းကြိုးလိမ်ပဲမှတ်တာ ခြေ နှစ်ချောင်းလိမ်ရင်လဲ 
ကလိမ် တယ်လို့ခေါ်ဆိုပဲ
ဒေါက်ထောက်ကြည့်ကြည့်နေရတဲ့ မျက်လုံးတစေၦ မျက်ကန်းတစ္ဆေထ မင်းလုံးတစ္ဆေ..စတဲ့ 
မီးခိုးတစ္ဆေ တို့နဲ့

ငါတို့ အလိမ် တလိမ်လုပ်ကြတယ်
ရေကြည်ရာ မြက်နုရာ တဲ့ ရေနောက် မြက်ခြောက်တဲ့ နေရာတွေပဲ ဂငယ်ကွေ့က ကွေ့ကွေ့နေတယ်
ဗေဒင်ကပြောတယ် နံပါတ် ရှစ် ဆိုရင်တော့ ကံဆိုးမ သွားရာမိုးလိုက်ရွာဆိုပဲ
ဒါနဲ့ ကြားရ မြင်ရတယ် ဆိုတာတွေကြားထဲ ခဏ ဝင်တိုးကြည့်တယ် ဟုတ္ပ
ငါတို့ ရောက်နေတာ မျက်မမြင် နားမကြားကျောင်းမှမဟုတ်တာ စဉ်းစားရင်း  မျက်စိတွေဒေါင်ချာစိုင်းလာတယ်
ဒါနဲ့ ဘေးက အဒေါ်တစ်ယောက်ပြောတာကိုမျက်စိဝှေ့နားထောင်ကြည့်တော့
ပဋိစ္စသမုပ္ပါဒ်လာ ဝေဒနာ ဖြတ်တောက်တတ်ရင် ငြိမ်းအေးမယ်ဆိုကြောင်း ပြောရင်း
ဒေါသက မျက်လုံးပြူးကြည့်
လောကရဲ့ ရိတိတိ လှည့်ကွက်

ငါတို့အလိမ် တလိမ် လုပ်ကြတယ်
ခြုံဝမှာ ငုတ်လျှိုနေ့ကြ သစ်ကျားတစ်ချို့ ခပ်ရို့ရို့ အစာရှာတယ် . ယဉ်ပါးနေကျ ရနံ့ များ
အသွားအပြန်ဆိုတာ မေတ္တာမှ မဟုတ္ဘူး ရန်သူမှာလဲရှိတယ် ၊ မာယာအတတ်တွေကလဲ ဟိုပုံပြင်ထဲကလို
မင်းက ကြီးတယ် နှစ်ခါလျှောက်..
လူတွေက မျောက်ကဆင်းသက်လာတယ်ဆိုတာ မှန်သင့်သလောက်ကို မှန်မှန်ပြီးပေးနေရတယ်
ယုံကြည်မှု့လေးရေလောင်းကြည့်ပါတယ် ခါးလိုက်တာ တမာပင်ပေါက်နေတာ ငါဘယ္သိပါ့မလဲ

ငါတို့ အလိမ် တလိမ် လုပ်ကြတယ်
အပုတ်ချလိုက် ဒုတ်ပြလိုက် နဲ့ သူတို့ အလိမ် တလိမ် လုပ်ပြတယ်
ချိုမိုင်မိုင် မစားချင်တော့ဘူးအမေ 
သားကို မှော်ဆရာတစ်ယောက်ဆီပို့ပေးပါ မှော်အတတ်တွေတတ်ချင်လာလို့ပါ
မတော် တရော် အသံတွေ ကယော် ကယော် မြည်သံတွေဆီ မိုးကြိုးလေး တစ်ချက်လွှတ်ရုံလောက်ပါ
ဒါနဲ့ အိမ်ပြန်မယ်ပေါ့ ဒီတစ်ခါ ဂငယ်ကွေ့က ရစ်ခြာခြာအကွေ့ မိုးကြည့်မလား မြေကြည့်မလား
တကယ်တော့ အဆုံးအပိုင်းအခြားမဲ့ စင်္ကြဝဠာကြီးပါ ၊ ကျနော် ခြေတွေကတော့ တုန်ရီတုန်း
ဂငယ်ကွေ့ ကများရယ်တတ်ရင် ငုံ့ရယ်နေမလားပဲ ၊ နေပူခေါင်လယ် မိုးရွာတတ်တယ် ဆိုပြီးပေါ့
ဒါနဲ့ စိတ်အခြေကိုကျောက်ချကြည့်တယ် ၊ ဟုတ်တယ် ၊ အဆုံးစီရင်စနစ်ထွန်းကားလာတဲ့ဒီနေ့တွေမှာ
အလိမ် တလိမ် လုပ်လို့မရဘူးဆိုတာကိုပေါ့



                                         မောင်ရေခဲ

ရင်ဘတ်ရဲ့ ခပ်စပ်စပ်ဒဏ်ရာအချို့

နတ်ဆိုးတွေက ကျိန်စာတွေနဲ့ အလဲအကြဲ ထိုးတတ်လွန်းလို့
ခိုးခိုးလွမ်းနေရတယ်
မိုးတွေတောင်သဲသဲလာပေါ့
အချိုးအကွေ့တွေနောက် မင်းအကြောင်းတွေ အပ်ကြောင်းတွေထပ်
ရင်ဘတ်မှာ သံစဉ်တွေရုန့်ရင်းခတ်တယ်
တံဇဉ်တစ်ချောင်းဖြစ်ချင်လာတယ်
အလွမ်းချင်းငြိကြည့်မိအောင်ပေါ့
ခပ်ထေ့ထေ့တော့မရယ်လိုက်ပါနဲ့
ဒီမွာ ယဲ့ယဲ့ပဲကျန်တဲ့ အနမ်းအချို့နဲ့ မှန်းဆ လွမ်းရလွန်းလို့ပါ
အငွေ့ပျံဖို့ မသင့်တဲ့ အတိတ်တွေ
အရိပ်အနေနဲ့ပဲဖြစ်ဖြစ် ခဏလောက်ဆွဲခေါ်ထားချင်တယ်
အမြတ်နိုးဆုံး ပန်းချီတွေနဲ့ ရစ်သိုင်းထားချင်တယ်
နှလုံးသားနဲ့ သပ်ရပ်စွာထုဆစ်ထားတာပါ
ဂျုံးဂျုံးကျသွားလဲ ငါ့ကံမခိုင်လို့ပဲမှတ်ယူလိုက်တော့မယ်
အဆုံးတွေ ငါမတွေးတော့ဘူး
မျက်စိတွေအိပ်တန်းမလွှတ်ရဲတာပဲခက်တယ်
ရက်ရက်စက်စက်ခွဲခွါသွားတယ်ကံကြမ္မာရယ်
အလံစိမ်းတော့တစ်ချက်လောက်လွှင့်ပေးပါ
ဝေးကွာခဲ့တဲ့ရက်တွေအတွက် သက်ညှာထောက်ထားပေးပါ
အခေါက်ခေါက်အခါခါ ရွက်လွှင့်ခဲ့တဲ့ငါ့အိပ်မက်တွေ
တိမ်တိုက်တွေလိုလွင့်မျော
ကသောကမျော ရောချခဲ့ရတဲ့ ရင်တွင်းမျက်ရည်တွေ
ဒီမိုးရေတွေနဲ့အတူ ရောချလိုက်ချင်ရဲ့တော့ကွယ်
တိတ်တိတ်လေးမှရော့သွားရော့သွားပေါ့



                                           မောင်ရေခဲ
                               July 31, 2013 at 2:54am



အိပ်တန်းမပြန်တဲ့ ညဥ့်လယ်

အိပ်မပျော်တဲ့ညကပေါ့
အိပ်မက်ခါးခါးတွေကို ခါးတောင်မြှောင်အောင်ကြိုက်ပြီး မော့မော့သောက်တယ်
အအေးလွန်နေတဲ့လမင်းကလဲ မလင်းနိုင် မမှိန်နိုင် ရိတွဲကျလို့

အိပ်မပျော်တဲ့ညကပေါ့
ချစ်သူရဲ့ချစ်ခြင်းတွေ ကြယ်တစ်သန်းနဲ့ယှဉ်ပြ တကယ်ဆို အခ်စ္က အမုန်းထက်ပူတယ်
ကလူကျီဆယ်နေကြတဲ့ ပိုးစုံးကြူးလေတွေတောင် အိမ်ယာတွေဆီဦးတည်နေပြီ
ညို့ငင်အားကောင်းတဲ့ မှော်ဆရာလို ငါ့ကို ပြုစားခေါ်ငင်နေတဲ့ လ မသာတဲ့ ကဗျာတစ်ပုဒ်
ခံစားမှု့တွေနဲ့ယက်ထုတ်ကြည့်ရင်း လေဟာနယ်ထဲသက်ဆင်းခဲ့တယ်

အိပ်မပျော်တဲ့ညကပေါ့
မျှော်တော်ယောင် ကန်းနေတဲ့ ကမ်းနဖူးကိုမေးတင်လို့ ဆေးလိပ်ငွေ့တွေနဲ့ မောင်းခုတ်ခဲ့တယ်
နှလုံးသားကို ခုန်အုပ်သွားတဲ့ ကောင်မလေးအကြောင်းကလဲ မပါမျပီးတဲ့ နဂါးငွေ့တန်းတစ်ခုကို
ယုယုယယ သိမ်းလို့ ဒိုးယိမ်းညတစ်ခု လေဟာနယ်ကမ်ဘာမှာ ဇာတ်ပွဲကျင်းပတယ်

အိပ်မပျော်တဲ့ညကပေါ့
ခွေးအူသံတွေ ရေလှိုင်းခတ်လို့ ဖိုသီဖတ်သီနိုင်တဲ့ တိမ်တစ်အုပ် သူ့မျက်နှာကို လာဟပ်
မသပ်မရပ် တစ်ပိုင်းတစ်စ ကဗ်ာ တစ်ပုဒ်နဲ့ ညဥ့်လယ်ကိုတောင် အားနာမိရဲ့

အိပ်မပျော်တဲ့ညကပေါ့
အဝေးရောက်နေတဲ့ ခင်သူ မင်သူ မိတ်ဆွေ အချို့နဲ့ ကျနော့်ရဲ့ ကဗျာမလေး
ရုပ်ရှင်တိမ်တိုက်ကိုဖွင့်လို့ တစ်ခန်းချင်း လွမ်းတယ်

အိပ်မပျော်တဲ့ညကပေါ့
အမေ့ရဲ့ " မိတ္ထီလာ ကန်ဝယ် ဖားကောက်ခဲ့ပါ့မယ် " သားချော့တေးလေး စားမြုံ့ပြန်ရင်း ဗျိုင်းတစ်အုပ်က ပြန်လာပါခေါ်တယ်
အရည်အသွေးညံလှတဲ့ ဟော့ဒီကဗျာတစ်ပုဒ်နဲ့ ရှတတ မျက်နှာကျောက အငြင်းဝါကျတွေရေရွတ်ပေါ့

အိပ်မပျော်တဲ့ညကပေါ့
မိဘမဲ့ကလေးတွေအကြောင်းကို ငေးရင်းတွေးရင်း ငါ့ကိုယ်ကို ငါ့ လက်ပြန်ဆုပ်မိတယ်
ရင်ဘတ်ချင်း ဂျက်ပင်ထိုးဖို့ခက်တယ်ဆိုတာ ကိုယ်တိုင် ကိုယ်နဲ့ ရန်ဖြစ်ဖူးမှပါ

အိပ်မပျော်တဲ့ညကပေါ့
ရွာအဝင်က တမာပင်ကြီးရယ် ရွာအနောက်က မူးမြစ်ကမ်းရယ် စာကြည့်နေကြ စားပွဲလေးဆီ
စိတ်တွေက ခိုလို့ ဝင်လို့ မြူခိုးတွေ ရစ်ပတ်နှောင်ငင်နေတယ်

အိပ်မပျော်တဲ့ညကပေါ့
ကဗျာ တစ်ပိုင်းတစ်စနဲ့ ကိုယ့်ကိုယ်ကို မီးရှို့ခဲ့တယ်

အိပ်မပျော်တဲ့ညကပေါ့
ကြွေကျသွားတဲ့ကြယ်ကလဲ အလင်းတစ်သန်းပြနုတ်ဆက်
ဝေကျနေတဲ့ ဝေဒနာတွေက အချင်းမကျသေးတဲ့ နွားမိခင်လို ရှေ့တိုးနောက်ဆုတ်
ကိုယ့်အိမ် ကိုယ့်ယာဆီကို တပ်ဆုတ်ချင်နေတယ်

အိပ်မပျော်တဲ့ညကပေါ့
တဏှာ နဲ့ ဥပါဒါန်အကြား အဝေး
ရေချိန်တစ်ခုနဲ့ ချိန်ကြည့်ခဲ့တယ်

အိပ်မပျော်တဲ့ညကပေါ့
ရော့ရော့သွားတဲ့အချစ်တွေအကြောင်း ချော့ချော့တွေးရင်း
အကင်းမသေ သေးတဲ့ အလင်းမှာပျံနှံ့နေတာတောင် အိပ်တန်းကိုမေ့မေ့ကုန်ရော

အိပ်မပျော်တဲ့ညကပေါ့
စိတ်ခြေရာတွေကို ကောက်သင်းကောက်ရင်း
မနက်တွေကို မိုးကြည့်နေခဲ့တယ်

အိပ်မပျော်တဲ့ညကပေါ့
အိပ်မက်တွေကို အသေသတ် ဒီလိုနဲ့ အိပ်မပျော်ခဲ့ပါဘူးလေ ။


                                                                  
                                                                                        မောင်ရေခဲ
     August 4, 2013 at 12:10am

မျက်ရည်ချော့တေး

အခန်းတံခါးမီးမှိတ်
ခပ်တိတ်တိတ်ငိုကျွေး
ခပ်တိတ်တိတ်ပူဆွေး
ကြွေလွင့်ခဲ့တဲ့အကြင်နာတွေ
အဆွေဖြစ်ခဲ့တဲ့ဝေဒနာတွေ
ဝေးလွင့်လို့မသွားခင်
ဆွေးခွင့်တွေပိတ်ပင်ပါတယ်
မင်းမုန်းလို့ ဝ ပါတော့ ......။





သဝန်တိုတဲ့ ည

ဟိုး ... အဝေးနားဆီကပန်းတစ်ခက်
 မောင် ခူးပေးရင်ကြေနပ်မယ်ဆို...
ခုတော့ ...
 အနေခက်ပြီကွယ်
 ဝေဒနာတွေရဲ့ထုဆစ်မှု့တိုင်းဟာ
အလွမ်းတွေသာစိုးမိုးတတ်တယ် ထင်ပါရဲ့
မျက်ရည်မခမ်းသေးတဲ့
 ဟောဒီတေးသွား တစ်ပုဒ်အတွက်
 ဝေးမသွားပါရစေနဲ့ အိပ်မက်သခင်ရယ်
 တစ်ခါတစ်ခါ
ရင်မှာဟာတာတာဖြစ်တတ်လွန်းလို့
 ဘောင်ခတ်ခတ်ထားရတယ်
ငါ့အခန်းမှာ မျက်စိမှိတ်
 အိပ်စက်တဲ့အခါ
တံခါးမဲ့အေပါက္ကေန ဝင်ဝင်လာတဲ့
နင့်အပေါ် ရင်ခုန်သံတွေက အစီအရီ
 တစ်ခါတစ်ခါ ...နင့်ရဲ့
 ပြီတီတီ မျက်နှာထားလေးလဲလွမ်းတယ်
လွမ်းပြီးရင်း လွမ်းရတဲ့အခါ
ငါ့ ရင်ဘတ်ကိုယ် ငါ သဝန်တိုတတ်လွန်းလို့
ဒီတစ္ညေတာ့ ခပ်ဆိတ်ဆိတ်ပဲနေချင်တယ် ...။




အဆုံးမဲ့

ငါ့ ခြေလှမ်းတွေအရင်လိုမချိုမြိန်တော့ဘူး
 နေရောင်ခြည် တွေအိပ်တန်းဝင်လုနေပြီ
 Villain .တစ်ယောက် ကို
 နတ်ဆိုးတွေဖန်ဆင်းတယ်
 တကယ်ပါ ...
ငါအသက်ရှိသရွေ့တည်မြဲနေမယ့်
 ရင်ခုန်သံကိုတော့သူ မရပ်တန့်နိုင်ခဲ့ဘူး
 အလံတလွင့်လွင့်
ချီတက်လာတဲ့ တပ်သားတွေ ...
ခိုးခိုးပြီး ကြည့်ခဲ့ရတဲ့
 မျက်ဝန်းတမန်တော်တွေ ...
မင်း လက်ခံပေးပါ
  မင်း ကြားမှာမဟုတ်တော့တဲ့
ငါ့ရဲ့ ရင်ဖွင့်သံ အမှန်တရားတွေ ...
မျက်ရည်တွေ ...
အသုံး မဝင်မှန်း သိပေမယ့်
ငါ ...ငါဖက်တွယ်ထားမိတယ်
 မင်းရဲ့ ခေါင်းတလားတစ်ခု (ပြီးတော့)
 ငါ့ ရဲ့တွယ်တာမှု့
ဘဝတစ္ခုဟာ ပြီးဆုံးခဲ့ပြီ ...
အိပ္မက္တစ္ခု
 ပြကွက်တစ်ခုသာဆို
ငါ့ မျက်ရည်တွေ " နွေ " ဖြစ်သွားမှာ
 အခုတော့ ... ငါ့ ခြေလှမ်းတွေအရင်လို မချိုမြိန်တော့ဘူး...။


ရင်တွင်းတေး

လွတ်ကင်းစပြုနေတဲ့
ငါ့ရဲ့ ရင်ငွေ့တွေ
မင်းထုတ်မပစ်ပါနဲ့လားကွယ်
 ခံတပ်တွေကြားထဲက
 မျက်ဝန်းတစ်စုံရဲ့အပြုံးဟာ
 အမြဲလတ်ဆတ်နေမယ်ဆိုတာ
သူ့ရဲ့ ကိုယ်ရံတော်က
စကားလုံးရောင်စုံနဲ့
အျမဲ ကြဲချနေတယ်ကွဲ့ ..အချစ်ရဲ့
ငှက်ကလေးတွေရဲ့ရင်ခတ်သံ
 ငါ့ ရင်မှာ
 တေးအဖြစ်တေးအဖြစ် တည်ရှိလာတဲ့အခါ
မျက်ရည်တွေနဲ့
 ငါ့ ကိုယ် ငါ သွန်းလောင်းမိတယ်
အဲဒီမွာ ... မြင်နိုင်ရဲ့လား ခ်စ္သူ
 ကြေမွဖို့ အားယူနေတဲ့
 နှလုံးသားတစ်စုံကိုလေ .... ။




valentin's day


** အချစ်နေ့စွဲ
           ကွဲကွာမြေခြား
           ရာသီနှစ်လ
           ချစ်သမျှအကြောင်း
           ရင်တွင်းတောင်းဆို
          ဟောင်းအိုပြန်သစ်
          သစ်ပုတ်ပင်ကြီးမျက်ရည်လည် ...။

 ** ချစ်သူတွေနေ့
         ပူတွေလွင့်ပျောက်
        ရင်တွင်းသစ်လွင်
        အကြင်နာတွေတိုးလို့ပြို ...။

** အနာဂတ်နေ့
        လက်ချိုးရေတွက်
       ရင်ခုန်လှိုက်မော
        ဘဝေတာ့က
         တုန်လှုပ်စွာနဲ့စောင့်လို့ကြို...။

** ချစ်သူတွေနေ့
          နေခြည်သစ်လောင်း
         နှစ်သစ်ကောင်းဖို့
        ချစ်ကြသူတို့စောင့်လို့ကြို ... ။