Tuesday, May 12, 2026

" ည " တေး

မြူတိမ်ကင်းတဲ့ည
ခပ်လွလွချတဲ့ခြေတစ်စုံ ရင်အုံတွင်းသက်ဆင်း
အခင်းအကျင်းစုံစီနဖာ တုန်ယီကာလှိုက်မောခဲ့ရ ။

မြူတိိမ်ကင်းတဲ့ည
ထယ်ထယ်ဝါဝါလင်းမြ အဆင်းလှတဲ့ရင်ခွင်နှစ်စုံ
အသွင်ကိုယ်စီခြုံလို့ ပန်ရောင်ကို်ယ်ရုံတစ်ခုက
မခို့တရို့ကြွေကျ ဒီည
သိပ်လှတယ် ။

မြူတိမ်ကင်းတဲ့ည
သောမနဿဝေဒနာတွေ တဖွားဖွားသွန်းချ လွမ်းရတော့မယ့် ဒီည
အနှစ်တွေအခါအခါ ထပ်ပေမယ့် ကံကြမ္မာလေအလွင့်မှာ
ကြွေလွင့်ခွင့်ရချင်ပါရဲ့ ။

မြူတိမ်ကင်းတဲ့ည
ရနံ့စုံပျံကျော် မောင်ဇော်ဂျီတို့ပျော်တဲ့ည အလွ အပ
သူရို့ဖန်ဆင်းခဲ့လေသလား ထွေရာလေးပါးသုံးသပ်တော့
အဆုံးသတ်အလွမ်းတစ်ပုဒ် သူရုပ်နဲ့သူ ဖန်းဆင်းတယ် ။

မြူတိမ်ကင်းတဲ့ည
နွဲ့နှောင်းသာယာကမ်ဘာလောက သြချလောက်အောင် တောထ
ဒီဘဝျပန္ဆုံပါ့မလား အတွေးနဲ့ရေး
အဆွေးတွေ အဝေးလွင့် ခပ်နင့်နင့် ရင်ဘတ်ကို
ဘယ်အတတ်တွေနဲ့ပြု့စား
ခုမ်ားမွ ငါ့ရင်ခွင်ခိုနား
ဒီည
ဘယ်မေ့ရမလဲကွယ် ။

                                      မောင်ရေခဲ

" ငါ့ " မသိခြင်းများ

အလွမ်းတွေတငွေ့ငွေ့ ၊ ဘုံဓလေ့မှာနေသူတိုင်း
ကြမ္မာရိုင်းနဲ့ဆုံတတ်တယ်တဲ့
ငယ္ငယ္က ဘိုးဘိုး စကား
ငါ ဘယ်အလေးထားတတ်ပါ့မလဲ
အနှစ်နှစ်အလလ စုဆောင်း
သူသရဖူဆောင်းဖို့
ကိုယ်ခန္ဓာရို့ရို့ ၊ သက်ပျင်းတွေညို့
ကြယ်ကလေးတွေတောင်ခိုးခိုးခစ်ခစ်ရယ်ကြပေါ့
တကယ်တော့
ငါ ...သံလမ်းတစ်ဖက်ဖြစ်သွားတာပါ
အရာရာသူ့တွက်တွေး
သူ့တေးတွက်ကိုယ်ဆို
မလိုတော့လွှင့်ပစ်ခံ
ဒါ ...တဖက်သတ်လောကဓံဆိုတာ
ငါ ဘယ္သိပါ့မလဲ
ရွှေငွေတွက် လှုပ်ရှား ၊ ဘဝ ကတုတ်ကြားထဲ
မလူသာ မလွန့်သာ
နွေလေးရူးက ဦးတည်ရာတိုက်ခတ်တယ်ဆိုတာ
ဒူးတည်ရာ တိုက်တတ်တယ်ဆိုတာ
ငါဘယ္သိပါ့မလဲ
အလဲလဲပြိုကွဲ
အကွဲအလွဲတွေ အနီးရောက်ဖို့
အလွတ်အကျွတ် ငါ့ကိုခွဲ
မရဲဘဲ ကျွဲလှည်းစီးချင်တဲ့ ငါ
ခုတော့
ရူးချင်သလိုလိုဖြစ်လာတယ်
ခူးမလို့ကြံတုန်း
တဒုန်းဒုန်း တဝုန်းဝုန်း တံခါးခေါက်သံ
ဘာများတဲ့လဲကွယ်
ကံကြမ္မာတံခါးလာခေါက်သံ
တညံညံ - ညံမဆဲပေါ့
စိတ်တွေကိုရှော့ရှော့ထားရတယ်
မသိခြင်းတွေနဲ့မိတ်ဆက်ဖို့သွားရင်း
တမေ့တမောနေလို့ ငါ ရူးသွားမှဖြင့်
အလို့လိုလေးတွေ တွေးတော
သြော်
တရေးတမောအိပ်အုန်းမှပါလေ


မောင်ရေခဲ
 


ကြောက်နဲ့ ခင်လေးငယ်

** နေညိုချိန် 
     တိမ်မတောက်ပေမယ့် 
     ပျိုကြောက်တဲ့ 
     ညောင်ပင်အောက်
     လျှောက်ပါနဲ့လေး

** ညောင်ပင်အို စိုင်းညို့ညို့အောက် 
      ရွှေစွန်ညို တို့တွေဝဲမှ သြားတာပေလး 
     တကယ်ဆို ညောင်ညိုအောက်ဟာ 
     ခင်ခင်ပျို သရဲကြောက်ဖို့ 
     ဟုတ်ဘူးကွဲ့လေး

** ဝိုင်းဝိုင်းအုပ် ဒီလူကြီးက 
    စိုင်းစိုင်းအုပ် ဒီအဖြစ်ကို
    နှစ်သက်ကွဲ့လေး

** သူ့ဆီကိုဝင်ခိုလုံက 
     အေးမြမြ ဒီရေဓာတ်နဲ့ 
     တေးလှလှသူသီပြဖို့ 
    စောင့်ရှာသတဲ့လေး

** ဒီလူတွေ သူသာယာမွ 
    အလူလူအမောပြေချဖို့ 
    ဘဝဇောသူခွါချတယ်
   ကြောက်ပါနဲ့လေး ....
                                     မောင်ရေခဲ (အဝတ္နီ)

 ဝန်ခံချက် ။
http://www.malaysiaonlineradiomedia.com/2012/11/blog-post_30.html ..မှာဖော်ပြဖူးပါသည် ။

အိပ်မက်ညည်းသံ

*** တိတ်တခိုးပြိုကျ
       ကြိတ်ပိုးငိုရတဲ့မြစ်တစ်စင်း
       ဘယ်ချိန်မှထွန်းလင်းနိုင်မှာလဲ
       အလဲလဲ အကြဲကြဲ
       ကံကြမ္မာအလွဲ ဘဝအလွဲတွေကြား
       ဒဏ်ရာအမှာတွေအထပ်တယ် ။

*** ဘယ်သူပိတ်ပင်ခဲ့တာလဲ
       အနီရောင်မြစ်မှာ ချစ်ခြင်းတွေမစီးဆင်းဖို့
       အလွှာခြင်းတွေ မချုပ်စပ်ဖို့
       ရက်လုပ်ဖို့ခက်စေခဲ့တာ
       ခုတော့
       ကမ်းမရှိတဲ့မြစ်မှာ ချစ်ခြင်းတွေအကြိမ်ကြိမ်သေဆုံးတယ် ။

*** အချိတ်အဆက်
      အလိပ္လိပ္တက္လာတဲ့စကားသံ
      လည်ဝမှာလျှံကုန်ပေါ့
      ရှေ့တိုးဖို့မလွယ် နောက်ဆုတ်ဖို့အခက်
      ထက်နေခြည် - ဆိုတဲ့ သီချင်းပဲညည်းလိုက်ချင်တယ်
      နောက်ဆုတ်ဖို့ ကြိုးစားရင်းးးးးးးးးးးးးးးးး

*** တိတ်တခိုးငိုရ
       တစ်ဆစ်ချိုးပျော်ရ
       ရောရမ်းကာတမ်းတ လိုက်ချင်တယ်
       အပျော်တမ်းဖြစ်နေတဲ့ငါ့ဘဝကို
       စိတ်လိုက်တမ်းမကစားစေဖို့လေ

*** ဘယ်နတ်ဆိုးတွေကကျိန်စာတိုက်ခဲ့တာလဲ
       အသက်မဲလောင်တိုက်သွင်းခဲ့တဲ့ကံကြမ္မာနဲ့
       အလှမ်းကွာဝေးခဲ့တဲ့နင် နဲ့ ငါ
       စိတ်မညစ်ကြေးနော်
       ဒို့
       ရင်မဝေးသေးပါဘူး ။

*** အနေလဲဝေး ရင်လဲဝေးမှဖြင့်
       အတွေးတွေဗျောင်းဆန်ခတ်
       စိတ်ထောင်းတိုင်း ကိုယ်ကြေတယ်
       ပျိုရွယ်မယ်တောင်မကြံရသေးတဲ့ ဒီပန်း
       လန်းဆန်းဖို့ခက်ခဲ
       ဂယက်ထဲပြုတ်ကျ
       ခုတော့
       ဒုက္ခ ...လို့ပဲညည်းရတော့မယ် ။


                                                          မောင်ရေခဲ
    

နံရံ ရဲ့ တစ်ဖက် က မျက်လွှာ

*** မသိချင်ယောင်ဆောင် အလွှဲအမှားတွေနဲ့
      က်ား ကစားနေ
      လွှားကနဲ့ခုန်အုပ်
      မတုန်မလှုပ် နေခဲ့တာ
      ငါ မသိလို့မှ မဟုတ်ဘဲ ။

*** မလှုပ်တလှုပ်အပြုံတွေ
ဝေနေအောင်ပြုံး
ထစ်ချုံးချမယ့်မိုးလို
 ရေခိုးတွေ စုနေတာ
ငါ မသိလို့မှ မဟုတ္တာ ။

*** အပျော်တွေ သွန်းချ
ယွန်းလာတဲ့
ဟိုးးး နေလုံးကြီး 
အပြုံးကြီးပြုံးနေတယ်လို့ပြောရင်
ဘယ္သူမွ မယုံတာ 
မသိလို့မှ မဟုတ်ဘဲ ။

*** တစ်လမ်းသွားထဲ လျှောက်မိ
ချိ့ နဲ့ နေတဲ့ခြေလှမ်း
ရဲသွမ်းသွေးပြတဲ့ မျက်နှာဖုံး
လူလုံးပြဖို့ခက်နေတာ
မသိလို့မှမဟုတ်ဘဲ ။

*** ဟို အကြောင်း ဒီ အကြောင်း
ရှေးဟောင်း နှောင်းဖြစ်
အသစ်အသစ် အစားထိုး
မရိုး မအီနိုင်တဲ့ ခေတ်ထဲ
ရယ်ရယ်ပြနေရတာ
မသိလို့မှမဟုတ်ဘဲ ။

*** မသဲ မကွဲနဲ့ လြဲလြဲ သွားတတ်တဲ့ ချည်ငင်
အလွင်ဆုံးဖြစ်အောင်မွမ်းမံ
တွန်းကန်အား တစ်စုရဲ့ ညီမျှခြင်းကို
မသိလို့မှ မဟုတ်ဘဲ ။

*** သာကြောင်းမာကြောင်း သတင်းကလေး
အတင်းအဖျင်း ဖြစ်ဖြစ်သွားတဲ့သူရို့ကြား
လူကို တို့တို့ သြားတာ
မသိလို့မှ မဟုတ်ဘဲ ။

*** မသိခြင်း
မသိခြင်း
လူ ရယ်ချင်အောင်ပြောတတ်တဲ့စကား
အတောသတ်ဖို့ခက်နေတာ
မသိလို့မှမဟုတ်တာ ။

*** တစ်ခါ တစ်ခါ သိခြင်းတွေက
မသိခြင်းအဖြစ်ပြောင်းပြောင်းသွားတော့
လောက က နေပျော်လာတယ်
ဘာဖြစ်လဲကွယ်
ငါ မရွိလဲ မင်းပျော်နေမှာတွေးတာပဲ
အတ္တမဲ့ ...လို့တော့ထင်တာပဲလေ
ဒါတွေကတော့ မသိကိုမသိတာထင်ပါ့ ။



မောင်ရေခဲ



ကိုနေဇော်လင်း အတွက် မွေးနေ့အမှတ်တရ

ကို ....ယ့်ခံစားချက်တွေကိုဘေးဖယ်
         အတွေးနယ်ထဲကပြေးထွက်
         သူရို့အတွက်တွေကြား
         ဗျာများနေတဲ့ အကိုရေ
နေ....ရာဝန်းကျင်တစ်ခုအတွက်
         ပြီးတော့
         ဒေသ နေရာတိုင်းအတွက်
         ဦးနှောက်တွေ ရက်ရက် ရောရောဖောက်ထုတ်
         နေ့ရက်တွေဟာ ထုတ်ကုန်ပေါ့
ဇော် ...ဂျီတစ်ပါးလောက်မစွမ်းဆောင်နေပေမယ့်
          သူရို့အားလုံးအေးချမ်းစေဖို့
          သူရို့အားလုံးမျက်စိပွင့်စေဖို့
          စေတနာတစ်ခုကိုယုယုယယမွေး
           တေးသီဆဲကာလ
           ညတွေတောင်လင်းလက်ကုန်
လင်း ....ရောင်ခြည်တွေထွန်းညှိဖို့
           သိသလောက်ဖြန့်ဝေ
           ကြည့်သလောက်နှံ့စေ
           တဝေဝေထွန်းတောက်
            ညရောက်တိုင်းနေ့ဖြစ်တယ်
မွေး.... မေနဲ့ဝေးဆဲကာလ
           ရင်ဝေးနေတဲ့တဒင်္ဂ
          ရွှင်ရွှင်ပြပြဖြစ်စေဖို့
          ကွန်ယက်တွေဖောက်လုပ်
          ထောက်...ဒုတ်..ဖြစ်စေချင်တယ်
နေ့....ရက်တွေများစွာ
         အခါခါလွန်ကဲ ဒွန်တွဲခဲ့နှစ်လ
         ချစ်ရတဲ့ဖေမေ တွေအတွက်
         အကိုနဲ့အတူဆုမွန်ချွေတယ်
         အပြုံးတွေဝေပါစေ
         နှလုံးတွေအေးပါစေ
         အထွေထွေဆုတောင်း
         ရင်အေးအောင်ဆုတောင်းလိုက်ပါတယ်အကို


                                                       မောင်ရေခဲ
                                                             မွ
                                        အကိုနေဇော်လင်းအတွက်မွေးနေ့အမှတ်တရပါ
                                               အကိုပျော်ရွှင်ချမ်းမြေ့ပါစေ
                                                        ညီဆုတောင်းလိုက်ပါတယ်

         
 

ရွေးချယ်ခွင့်

 မင်းပျော်ရမယ် ၊ မော်ရမယ်
အမယ်မယ်ကတိတွေနဲ့
ခေါ်ခဲ့ဘူးကွယ် ။

 ရိုးဖြောင့်တဲ့မှန်ကန်
စိုးနှောင့်ဗျာပန်ကင်းဖို
လူချင်းမို့ရယ် ။

 ကံတူ အကျိုးပေး
တွေးကြည့်ရင်အရိုးမဆွေးပါဘု
တိုးကြည့်ပါဗျ ။

 အထက် ၊ အောက်ဘဝဝေး
ဆွေးနွေးရင်း ဂျန့်ဖြစ်သွားတယ်
တစ်ချို့ဆိုပ ။

 အပိုင်း အဖြတ်အသက်ဆက်
အခက်အလက်ခြောက်ခမ်း
နန်း နီးစေဖို့ ။

 အပိုအလိုတွေထက်
ကပိုကယိုဖြတ်သန်း
ရောက်ပြီပေါ့ နန်းသို့ ။



မောင်ရေခဲ


ခံစားရလွန်းလို့

( ၁ )
ခံစားရလွန်းလို့
သူမမြင်ရာသဝန်တို
သူ့ ရှေ့ဆိုငုတ်တုတ်မေ့
ရင်ငွေ့တွေတောင်အေးစက်
တဝက်တပြက်စကားတွေ
ရင်ဝ မှာမြို မြို ချရတယ်
မလွယ်လိုက်တာကွယ် ။

( ၂ )
ခံစားရလွန်းလို့
ခစားနေကြဒီချိန်
သခင်ကိုမမြင်ရရင်
ရင်မငြိမ်လှ
စိန် မရ ၊ မြ မလိုချင်
ဒီရင် မှာသူ့ကိုခင်သည်
နေညိုချိန် ပ ။

( ၃ )
ခံစားရလွန်းလို့
သခင့်ကျွန်းမှာဖြင့်
ထွန်းလင်းတယ် လရွှေရောင်
အမှောင် မှောင်သူခွင်း
ရင်ချင်းတိုင်းမင်းမူတယ်
တို - ရက်ဘူးကွယ်
ရွှေစိတ်တော်ညိုးမှဖြင့်
ပျော်ရွှင်ဖွယ်ဒီရက်
သောကတွေတပုံတပင်နဲ့
ကတုန်ကယင်ညဥ့်နက်နေပါ့မယ် ။

( ၄ )
ခံစားရလွန်းလို့
အဝေးကြီးဝေးခဲ့ သုံး နဲ့ လေးလို
ငို မရ ၊ ရယ္မရ
ဆယ်ကမ်ဘာ ဆယ္ည
ရင်မျက်ရည် တဖြားဖြားက်
တားမရ ၊ ဆီးမရ
ငြီးချင်းတွေ တောင်လက်တန်းရပေါ့
ကံကြမ္မာကိုပြန်ကျော့မယ့်နေ့ ။

( ၅ )
ခံစားရလွန်းလို့
နေမင်း နဲ့ လမင်း
အပြိုင် ပြိုင် ထွန်းလင်းကြ
ချစ်ခြင်းတွေအတူလှစ်ပြ ခယ ဝပ်ဆင်း
ငါ ဟာနေမင်းပေါ့
နင့်ရှေ့ကို ဒူးထောက် ချစ်
ငါ့ ညတိုင်း နင့်နေ့ဖြစ်
ရက် ( ၃၀ ) မှာတစ်ခါပြုံးပြ
ရုန်းမရတဲ့အဖြစ်သနစ်
ငါ့ကိုယ်ကိုရုန်းရင်းဆံခတ်ဖြစ်တယ် ။

( ၆ )
ခံစားရလွန်းလို့
အကြွေပန်းတဲ့
နေနမ်းရင်ခြောက်သွေ့
ရက်စေ့ရင်အိမ်ပြန်ရမှာပဲလေ
မပြန်ခင်တဝေဝေဖြစ်ဖို့
ပန်းရောင်တို့ရစ်ချီ
အသစ်အသစ်တွေဆီသို့
မင်းကိုပို့ချင်ရဲ့
ဦးနှောက်တို့ညစ်ဆဲမှာ
ငါ့ ဘက်ကမှားတာပါလို့ မညည်းစေချင်
တကယ်တော့
မင်းကို ရွှင်ပြစေချင်တာပါပဲ ။

( ရ )
ခံစားရလွန်းလို့
တတွေတွေကျမျက်ရည်ဝေ
အလွမ်းသက်သေဆိုတာသိရဲ့
ကမ်းမရှိ ၊ လမ်းမမြင်တုန်း
ငါ့ ပခုံးကို ကမ်းပေးချင်ရဲ့
ပျော်ရွှင်နေတဲ့အချိန်
ပခုံး ထက်မှာ မေးတင်
ကောင်းကင်မှာ - က - ကြိုးဆင်ပေါ့
သောက နဲ့ ဖြတ်သန်း ခရီးကြမ်းခဲ့ရင်
ပခုံး မွာ မျက်နှာအပ်
အမောတွေ သတ်ပစ်နိုင်တယ်
ပခုံးငှါးတယ်ကွယ်
နှလုံးသားမရပ်သရွေ့ပေါ့ ။

( ဂ )
ခံစားရလွန်းလို့
ဆောင်းနှင်းကြွေတဲ့ချစ်နယ်မြေ
အဟောင်းတွေ အသစ်ပြန်ဖြစ်
သစ်ပုတ်ပင်ကြီး နဲ့ အတူတူပေါ့
ကလူ ကျီးစယ်ခဲ့ကြ
အတူရယ်မောခဲ့ရ
အတိတ်ဖလင်တွေ တစ်ခန်းပြီး တစ်ခန်းကျ
လွမ်းရ ဆွေးရ
အဲဒီမြစ် ထဲ စီးမြောတုန်း ခဏ
အခ်စ္ပီ သ ခဲ့ပေါ့ ။

( ၉ )
ခံစားရလွန်းလို့
နှောင်းအတိတ်ရဲ့ လူခြေကင်း ညနေခင်း
အလင်းတွေရဲ့ ကြက်ခြေခတ်နေ့စွဲ
အလွဲဆိုတာ ဖိတ်ခေါ်မဲ ဧည့်သည်
ကြယ်တာရာတွေခေါ်ပြီးခမည်းပေးလိုက်ချင်တယ်
ရင်လွှာတွေမတိုက်စားစေဖို့
ရေကာတာလိုအရာမျိုးရှိရင်လဲကောင်းမယ်
ရွာသူ ကဝေကို ခေါစာကြွေး
လွတ်မြောက်ရေးလုပ်လို့ရရင်လဲအဆင်ပြေမယ်
ဒီလိုဆို
ကံကြမ္မာ ဆင်ခြေမတက်တော့ဘူးပေါ့ ။

( ၁ဝ )
ခံစားရလွန်းလို့
ယွန်းယွန်းသွားတဲ့ ခြေလှည့်နေခြည်က
ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ စစ်သုံပန့်လို
နောက်တစ်ရက် ......
နောက်တစ်ရက် .....
လွတ်မြောက်ဖို့ ခက်ခက်လာတယ်
တကယ်တော့
လ တစ်စင်းရဲ့အကျဉ်းခံဖြစ်သွားတာပ
စိတ်လျှော့ ဒူးထောက်လိုက်ရ
ငါ့ကို သမိုင်းမတင်ကြရင်အကောင်းသား
နောက်လူတွေအတုခိုးမှာစိုးလို့ပါ ။

( ၁၁ )
ခံစားရလွန်းလို့
နေညိုပန်းချီကားရဲ့ ရွှေအိုရောင်လွှမ်းတဲ့ ညောင်ညိုစခန်း
မျက်ခမ်းနဲ့ရစ်ယူ စစ်မူပစ်လိုက်ချင်တယ်
တပ်သားတို့တပ်မခေါက်ရင်ပေါ့
အတွေးတွေနောက်ကန်နေတဲ့ ငတို့ ခေတ်က
အရောင်ညစ်ညစ်တွေလှလှချယ်
ရယ်ကြည့်ချင်တာတောင် မလွယ်မှတော့
အတွယ်အတာမဲ့တတ်လာတာလဲ
သဘာဝကပေးတဲ့ဆုတစ်ခုလိုဖြစ်
ငါတိုးဝင်မိတာသဘာဝကျပါတယ်လေ ။

( ၁၂ )
ခံစားရလွန်းလို့
သူဖို့ ကိုယ့်ဖို့ဆိုတာ
ချိန်ခွင်လျှာ တစ်ဖက်ညွှန်ပေါ့
ရက်ရောခဲ့ ဒီရင်မှာ
အသွင်မှာမညီသော်လည်း
အသဲ မွာ သူမျက်နှာတံဆိပ်
ခပ်ခဲ့သည်ပဲ
အပြစ်တွေဘယ်လိုရှိရှိ
အချစ်တွေဘယ်လိုပစ်ပစ်
မမြင်ရက်သူ့ဘက်ကို
ပြစ်ပြောနဲ့ဆို
ကံကြမ္မာသူငြိုးရက်မှ
မပြန်သာလမ်းထက်ရောက်လဲ
ရင်ထဲထိသူရှိဆဲကွယ်
အလွှဲသာ သူ့အသဲမှာဖြင့်
တစ်ပဲသာ သူ့မောင်ချစ်မှဖြင့်
တွေးတော့ဘူးကွယ်
ခံစားရလွန်းလို့..............
ခံစားရလွန်းလို့...ပါ ။



မောင်ရေခဲ


ကြွေ - မျက်ရည်

နှင်းဆီပန်းပင်ကလေးက
နှင်းဆီပန်းကလေးကိုပြောတယ်ကွဲ့ .. အချစ်ရဲ့
မင်းဟာ ငါ့ဘဝ အတွက်
အဦးဆုံး ပထမဆုံး ပွင့်တဲ့ပန်းပါ
လှပစွာဖူးပွင့်နိုင်ဖို့ 
ခန့်ညားစွာ ပြုံးနိုင်ဖို့
ရှိရှိသမျှအင်အား
နှလုံးသားရဲ့ အဆီအနှစ်
စုပုံပြီးချစ်ခဲ့တယ်
မင်းအတွက်တဲ့ ရက်ရက်ရောရောပေးဆပ်
နှောင်ကြိုးတွေတောင်ဖြတ်မရဘူး
သနားတယ်ဆိုရင်
အနားကမခွါပါနဲ့လားကွယ်
ဘဝမွာ မင်းမှလွဲ
ငါ့ မျက်နှာဘယ်လောက်မွဲမွဲ
တခြားပန်းတွေဘယ်လောက်လန်းလန်း
ရင်ဘတ်မှာ အဆန်းမထင်တော့လို့ပါ
မင်းက ငါ့ရဲ့ အချစ်ဦးမို့ပါ
မင်းက ငါ့ရဲ့ တစ်ဦးတည်းသောချစ်ဦးသူမို့ပါ
တကယ်လို့
တစ်ပါးသူ ရင်ခွင်
မင်းနားဝင် ကိုးစားမှဖြင့်
မျက်ရည်မိုးတွေဖြိုင်ဖြိုင်သွန်းရစ်
အသဲကွဲသီချင်းတွေ သံကုန်ဟစ်
သေပွဲ ကို ကြေကွဲစွာ ဝင်ပစ်ရမယ်ထင်ရဲ့
ရက်စက်လိုက်တာပန်းကလေးရယ်
ငြီးရင်းအဆုံးသတ် ကြည့်
မင်းကိုငါမေးမိမယ်ထင်ရဲ့
ငါ့အတွက် မျက်ရည်တစ်ပေါက်လောက်ကျပေးနိုင်မလား တဲ့
ဆိုပါတော့
ကဲ
ဒီတစ်ခါ 
ကိုယ်က ပန်းပင်ဖြစ်
ချစ်ဘယ်လိုပြောမလဲ
ကိုယ်သိချင်ရဲ့ကွယ် ။

( ရှိုင်းနောင် - အတွက် အမှတ်တရ ကဗျာလေးပါ )
ခင်မင်စွာဖြင့်

မင်းရဲ့ သူငယ်ချင်း

       မောင်ရေခဲ  


 

 

မစပယ်ချို အတွက် မွေးနေ့ဆုတောင်း ကဗ်ာ

မ .... ဟူရာတောမှာဖြင့်
        အသူတစ်ရာလောက်နက်လဲ
        ချစ်သူလက်မြဲမြဲတွဲ
        မောဘူးထင်တယ်
စ .... ပယ်တောမှာတင့်
        အလွယ်မပြောတာသူ့အကျင့်
        ရင်ပြင်လွှာမှာဖြန့်ခင်း
        အခမ်းနားဆုံးအကြင်နာမြစ်
        အပြုံးစစ်စစ်တွေနဲ့ပျော်ရွှင်ပါစေ
ပယ် .ရတနာလို အချစ်မျိုးနဲ့
        တွယ်တာရစ်ပတ်
        ချစ်တတ်တဲ့လွင်ပြင်
        အကြင်နာတွေမခမ်းဘဲ
        အစဉ်သာလန်းဖြာစေ
ချို ....မြမြ ကောင်းကင်အောက်
        အိပ်မက်ချိုတွေအတူမက်ဖို့
        ရေခြားမြေခြား
         မိသားစုတွေ ခဏထားလို့ ပေါ့
         တော်သေးရဲ့လေ
         ချစ်ကြင်သူနဲ့အတူတွဲ
          အပူတွေခွဲဝေဖြေရှင်းရလို့ပေါ့
မွေး ...မိခင် နဲ့ ကျွေး ဖခင်
         အစဉ်မှန်းဆ ကျေးဇူးတွေတမ်းတ
         သတိယတတ်တဲ့
         မိခင်ကောင်းတစ်လက်အဖြစ်
         သစ်လွင်ပါစေ
နေ့ ...သစ်တိုင်း စခန်းသာ
         စိတ်သစ်တွေနဲ့လှမ်းကာ
         ပျော်ရွှင်မှု့တွေနဲ့ချမ်းသာ
         မိသားစုနဲ့အတူဝမ်းသာ
         ကြည်နူးမှု့တွေလန်းဖြာ
         ကျန်းမာစွာ သူ့တပါးအကျိုး
        ဆ တစ်ပိုးဆောင်ရွက်နိုင်ပါစေ

          ( မကြီးဂျက်ရေ ဟတ်ပီးဘတ်နေ့ပါ ပျော်ရွှင်ပါစေ )
                        အမွတ္တရ
                               မောင်ရေခဲ
       
   

သခင့်သစ္စာ ( သို့ ) ကြားသိစေ

( ၁ )

မဝေခွဲနိုင်ဘု
ကြွေရက်တွေ နွေလယ်တောမှာ
အမောစို့စဉ်
ခဏတွင်းမှာပဲ
အလွှာအတင်းဝေးလေတော့
ငိုပွဲကဆင် ။

( ၂ )

လေးညှို့ရှင် ဘုရင်အဖြစ်နဲ့
 မကြင်လို့ သခင်ပစ်လဲ
မလွှဲသာ ရှောင်ခွါတိမ်းရတယ်
ထင်လိုက်မယ်ခင်
" မကြင်လို့" ဟုတ္ဘူးရယ္ပ
စိတ်ထဲမှာတွင်တွင်ချ
ပြိုကျရော့ထင် ။

( ၃ )

တင်ကာလေ ရင်ပြင်ထက်ကိုလ
လွင်ပြာဝေ သည်မောင် ကောင်းကင်က
ဘဝအမောတွေ ဘယ်လိုစို့သော်လည်း
ချေပေါ့စိတ်လွင်
စိတ်အသွင် သခင်လန်းစေဖို့
မမေ့အစဉ် ဒီလိုညတွေတိုင်း
မအိပ်ချင် ရွှင်ရွှင်ပြနေပေါ့
ပိုရော့မထင် ။

( ၄ )

တင်ပမာ ယှဉ်ကာ နှိုင်းချင်ရဲ့
ပြည်မြန်မာ အသွင်သမိုင်းကိုလ
နှိုင်းဆ ဆင်ခြင်
အရိုင်း နဲ့ အယဉ်
ရှု့မြင်ကာ သခင်သုံးသပ်ပ
" သူ " မြင်ချင် မြန်ပြည်ဒီဇိုင်းကိုလဲ
မမေ့စေချင် ။

( ၅ )

မိုးရာသီ အခါခါပြောင်း
ရွက်ဟောင်းချိန် ဘယ်လိုနှောင်းပေမင့်
ရင်တွင်းမှာအသွင်သစ်တွေနှင့်
ပျိုမြစ်သစ်လွင်
နဂိုဖြစ် ချစ်ပင်လယ်မှာ
ချစ်ကြင်သူ ဘယ်လိုပေါများလဲ
ဖြဲ - ဇကြဲ ထင် ။

( ၆ )

သို့ပေမင့် သခင့် အသွင်ဟာ
အမုန်းတွေပေါလို့ဟုတ်ပါဘု
အချစ်တွေဘဝဆုံးတဲ့အထိ
ပုံအောကာ အကုန်ချစ်မိတော့
စိတ်သစ် ပျိုမြစ်ပေါ့ထင်
ချိုသကာ ပျိုကညာ အပါးမှာဖြင့်
ခိုဝင်ကာ သခင်နားပြီမို့
ခါးတမာ သစ္စာမဲ့မှု့ကို
တစ်သက်တာပြုဘူးကွဲ့လေး ။


မောင်ရေခဲ
(မမေလး တင်တင်မိုး - အတွက်အမှတ်တရ-ကဗျာလေးပါ )
မလေးရဲ့ မောင်လေး