Tuesday, May 12, 2026

" ဆောင်း မိုး ကြားမှာ.. ဖွားသော.. သားစေန.. ရေခဲရေ "

ဆယ့် နှစ်.. ဆယ့်တစ် တစ်ဆယ့်နှစ်.
လွ်ပ္စီး လက်ဆဲ မိုးသည်း ညေန 
လွန်လေခဲ့သော.. နှစ်နှစ်ဆယ်ကျော်
ဆည်းဈာ တိမ်တောက်.. ညေန ခြောက်နာရီ.
မှုန်ရီ အုံ့မှိုင်း.. ရှစ်ခွင်တိုင်း
ဆောင်း ကို ရောက်ငြား မိုးသည်းသည်း ကြား
သားလွ ဖွားမြင် မေမေ့ရင်
ကြည်သာ ရွှင်ပြုံး.. အလှဆုံး
တစ်လောကလုံးကို. မေ့ခဲ့သည်။
မေမေ့ ရင်သွေး
သားဦးလေး.. ရေ..
စေနခါမွာ. ဖွားမြင်တာမို့..
ရှေးထုံး ရှေးလာ မပယ်ဖျောက်သာ.
မွေးဖေ.. ဓါးထမ်း. ကျော်ခ့ဲရှာသည်။
သို့ပါသော်ငြား 
ဖေ မေ့ သား
ယနေ့ ချိန်ခါ.. ကျရောက်လာသည်
နှစ် နှစ်ဆယ်ကျော်. မွေးနေ့တော်၌
လူတော် လူချွန်.. လူရည်မွန်
ကိုယ့် ၀န် ထမ်း ရင်း လျှောက်လှမ်းနေ..
မွန်မြတ်လေစွ.. သည် သားလွ 
လောက အ၀ှမ်း. သို့.. ကဗျာပန်း ေ၀ ရင်ငြိမ်းစေ.။



မောင်ရေခဲ ရေ... မွေးနေ့တိုင်းမှာ.. ပျော်ရွှင် ချမ်းမြေ့ပါစေနော်...
ခင်တဲ့ မမ.. ထာ၀ရ "နွေဦးမေ"
 http://nwaeoomay.blogspot.com/

 ကျနော့်မွေးနေ့ အတွက် ပို့ပေးတဲ့ 
မနွေဦးမေ ရဲ့
တဂ်ပိုစ့်လေးပါ

ရင်ဝေးနေသောနေ့ရက်များ

အဆင့်မြင့်မြင့်စားသောက်နေထိုင်ဖို့
နေ့နေ့ ညည ပြေးလွှား
တစ်ရေးနားဖို့ခက်ခဲ
အမေ့ရွာက ထန်းရွက်တဲလေးကိုသတိရ မိရဲ့
အမေ နဲ့ ဝေး
အဖေ နဲ့ ဝေး
မိတ်ဆွေ ၊ သူငယ်ချင်းတွေနဲ့ဝေး
အနာဂတ်တွေတရေးရေးပြေးမြင်ဖို့
မနေမနား
တစ်ရေးနားစားသောက်ချိန်
ဂုဏ်ရှိန် ငွေရှိန်ကင်းတဲ့
အေမ့အိမ္က ထမင်း နဲ့ ဟင်းကိုလွမ်းရဲ့
ကိုယ်ခန္ဓာ နွမ်းလျ
တမ်းတမိတဲ့ အချိန်တိုင်း
ဟို ဆေး ၊ ဒီ ဆေး
မိတ်ဆွေ ဆေး ၊ သူငယ်ချင်း ဆေး
လက်ကမ်းလို့ပေး
အေမ့ အခန်းက ကိုယ်ငွေ့လောက်မနွေးဘူး အေမ
အလုပ်ပြီးတဲ့ အချိန်ဆို
လွမ်းစိတ်ပို နွမ်းချိ
တစ်ကိုယ်တည်းရှိတဲ့အခန်း
အေတြး နဲ့တောင် မရဲတရဲမှန်း
ငရဲခန်းလားထင်
ည ည အိပ်ချိန်
မိ အိမ် ဖ အိမ်
မိသားစုအိမ်
တရှိန်ရှိန်တောက်လောင်နေကြမေတ္တာတရား
တထိန်ထိန်မြို့ပြ နဲ့နှိုင်းချိန်တိုင်း
စိတ်တောင်ပံခတ်
ပြန်ရက်ကိုလက်ချိုး
ရှိးခိုးလျက်ပါ ဖေ ၊ မေ


                                             မောင်ရေခဲ


တောင်ပံမဲ့ နေ့စွဲများ

စိတ်တောင်ပံတွေတဖျတ်ဖျတ်
ရက်လုပ်ခဲ့ရတဲ့နေ့စွဲတွေ
အပြုံးတု .. အငို တု ... မျက်နှာ တု တွေထုတ်
လူလုပ်ဖို့ခက်တဲ့အရာ
လူကပဲ ပြန်လုပ်နေလေရဲ့
အငြူအစူတွေ ကလူကျီစယ်သလို
ယိုစီးပေါက်ကျ
တစ်ချို့က
ဒါ ..သင်္ခါရ ..တဲ့
အလှအတွက်ပြုပြုရ
ဘဝအတွက် ပြုပြင်ကြနဲ့
အခုမြင်တဲ့ ခဏတွေတောင်ပြောက်
ရောက်ခဲ့တဲ့ရာစု အစေပါ့
လျော့ရဲလာတဲ့ ယဉ်ကျေးမှု့တွေ
အဖော်မဲ့လာတဲ့ ဒီစနစ်တွေကြား
ချုပ်ဆက်ဖို့ ခက်လာရော
ဒီလို ဒီလိုနဲ့
သီအိုရီတစ်ခေတ်မှာ
အချစ်တွေပါစနစ်ပြောင်း
ရောင်းကုန်တွေဖြစ်ခဲ့ပေါ့

                             မောင်ရေခဲ

သားကောင်များ

*** ဒီလိုလုပ် ဒီလိုကျင့်
ခပ်ရင့်ရင့် ခိုင်း နှိုင်း 
သံသရာ မရိုင်းရလေအောင်
ပုံသွင်းသင်ကြားလဲ
ညွှတ်ကွင်းတွေကြားထဲ
လွတ်ကင်းဖို့ခက်တယ်

*** တဒိတ်ဒိတ်ရင်ခုန်သံ
စိတ္သံ ၊ ရုပ်သံ
တညံညံ ဝန်းရံခ
တွန်းလှန်ချဖို့ခက်ပြန်မှတော့
 နိဗ္ဗာန်ကိုစိတ်သန်နေလို့ အပိုပါပဲ

*** အနု ၊ အလွ သမုဒယ ပေါများရာ
ဒီ ဇလာတော မွာ
မျောဖို့ရာလမ်းများတယ်

*** ဒုက္ခ ဆိုတာ
ခမ်းလိုက် လန်းလိုက်ဆိုပေမယ့်
ချိုတယ် ထင်ထင်နေတော့ခက်တယ်

*** အရှိုက်ခက်မှန်း သိရက်နဲ့
အသိုက်တွေ ခပ်မိုက်မိုက်လုပ်
အချုပ်ကိုတွေးရင်း တွေးထင်
ဒီနေဝင်ချိန်ဟာလဲ
မျက်နှာလွှဲခဲ့ ပြန်ပါရော


မောင်ရေခဲ


13/အပိုင်းအစ

အလွမ်းတွေက ဓားတန်းလန်းနဲ့ငါ့ရှေ့ရောက်လာတော့
ကြယ်ကလေးတွေတောင် အသံတိတ်ကုန်ပေါ့
အလည်လွန်နေတဲ့ လမင်းရေ
တကယ်ဆို ငါဟာ ဒိုင်ပွဲမရပ်ခင်ကတည်းက ရှုံးနိမ့်သူပါ
ငါ့အတွက်နဲ့တော့ မင်းမူယာတွေ မပွန်းစေနဲ့နော်
တော်တော်ကြာ
မျှားထမ်းပြေးလာတဲ့ ဟိုကောင်ကလေးကအပြစ်တင်နေပါ့မယ်
တကယ်ဆို ကိုယ်က
မင်းနဲ့တွေ့မှကျောက်ခေတ် ကိုပြန်ရောက်ချင်သူပါ
တစ်ဘုံစားတွေနဲ့ ကျင်လည်ရာလောကထဲ
မကျွမ်းကျင်တဲ့ ငါ့ကိုသာအပြစ်တင်လိုက်ပါ
နင့်နဲသိပ်သည်းစွာ အရာရာနောက်ကျတဲ့နောက်မှာတော့
စခန်းသိမ်းပွဲတောင်မတိုက်လိုက်ရတဲ့စစ်ပွဲ
ဒီတစ်ချီတည်း ပွဲသိမ်းပြီပေါ့
မေ့လျော့ခဲ့တာမဟုတ်ပါဘူး
မင်းကိုတွေ့တိုင်း သဘာဝတရားကဖန်းတီးထားတာပါ
မင်းအတွက်ဆိုငါက
အလွမ်းအမုန်းတောင်မထိုက်တန်သူလို့ဆိုရမလားပဲနော်
နောက်ကျချင်းတွေသာပိုင်ဆိုင်တတ်တော့
ဂျိုကာနှစ်ကောင်ပါပြီးမဒေါင်းတဲ့ ဖဲသမားလို
နှစ်လုံးတူပြီးမပေါက်တဲ့ ချဲသမားလို
ငါ
ကံကိုပဲရိုးမယ်ဖွဲ့လိုက်တော့မယ်

                   
                                      မောင်ရေခဲ


အပြီးပြန်မယ့်သူ

စိတ်အလိုမကျဖြစ်တဲ့အခါ
စကားတွေမညီမညွတ်ဖြစ်တဲ့အခါ
ရိုင်းရိုင်း စိုင်းစိုင်း ထြက္ဆိုမိတဲ့အခါ
ငါ့ကို ခွင့်လွှတ်ပါ
ငါက
အပြီးပြန်မယ့်သူမို့ပါ
 
ငါနေထိုင်တဲ့အခါ
ငါပြောဆိုတဲ့အခါ
ပွင့်လင်းမှု့တွေနဲ့
ငါ့ကိုယ် ငါ အိုးမဲသုတ်မိရင်
ငါ့ကိုခွင့်လွှတ်ပါ
ငါက
အပြီးပြန်မယ့်သူမို့ပါ

ပရမ်းပတာ နေထိုင်မိတဲ့အခါ
ပရမ်းပတာ ပြောဆိုမိတဲ့အခါ
စကားတွေဖောင်းကြွလာတဲ့အခါ
ငါ့ကိုခွင့်လွှတ်ပါ
ငါက
အပြီးပြန်မယ့်သူမို့ပါ

                                မောင်ရေခဲ
 
 



ကမ်းတစ်ဖက်

မကြင်သမျှ ခင်နှမ နဲ့ပက်သက်မှဖြင့်
ယခင်သံသယကိုတောင်
ကွမ်း လိုယောင်ဝါးလိုက်ချင်ပါရဲ့
မှားလိုက်ဝဋ်တွေ
အသိုက်ချွေ အခက်ချိုးသော်လည်း
အချစ်ပျိုး သည်ရင်ကြောမှာ
ပြစ်ကျောမျှ ထင်ဘူးခင်ရေ
သံလွင်လွင်ကမ်းဘက်
ဂန္ထဝင် ပန်းတစ်ခက်ကြောင့်
အလှမ်းခက်ထင်ဘူးကွယ်လေ
အေနေတြ ဘယ်လောက်ဝေး
အေတြးမွာ မှန်းကာဆ
တမ်းတလို့ဆွေးစိတ်မပြေ
မှေးမှိတ်မလေ
မျက်တောင်တို့မြေးယှက်ပြန်တော့
တွေးချက်က သူ့မျက်နှာ
လ ထိန်ထိန်သာ
အသွင်မှာ ပျော်ကာမြူးသော်လဲ
ဘွင်မှာ မောကာ မူးပါပေါ့
လူးလား ဘွင်မှာ
ဆူး ခါး ရင် ဗျာ
လ ..လွင်လွင်မှာ
ကြင်သူတွေ ပျော်ကာမြူးသော်လဲ
အလျင် ပျော်ကာမြူးချင်ပေါ့။
သြော်
နှောက်ယှက်ဝဋ်ကြွေး
 
 
                                                                           မောင်ရေခဲ


ဝဋ်ကြွေး

ဆောင်းလယ်အိပ်မက်
အအိပ်ခက်တယ်
အိပ်စက်ဘယ်ပုံညွှန်းပါ့မယ် ။


နှောင်းဝယ် တိတ်ဘက်
အဆိပ်တက်တယ်
နှိပ်စက်သည်ပုံဖြစ်ရတယ်


လူ့ဝယ် စိတ်ဓာတ်
တံဆိပ်ခတ်တယ်
ခန်းပိတ် နှလုံးငိုကွယ်ရို့ ။


ခုနှယ် ဤဇာတ်
ချစ်ဓာတ် ပျက်သည်
စိတ်ဝယ် နေဝင်ညိုတယ်ကို ။



ဆောင်း တိတ် နှောင်း ချိတ်
လူခြေတိတ်သော်
ဆိတ်ဆိတ်ရင်မှာ ပြိုကျပါသည်
ဝဋ်နှယ် သည်ပုံဖြစ်သတည်း ။


မောင်ရေခဲ

ဝန်ခံချက် ။
              (ကိုနေဇော်လင်းဆီပို့ဖူးတယ်ဗျ....ညီနေဇော်လင်းရေ ကိုယ်တင်လိုက်ပြီနော်)


ဆားငံရေ

ရေတွင်း ဖြစ်စေဖို့
အေနေတြ ကျဉ်းခဲ့ပြန်ပါပြီ
လျင်မဲ့ ပြန်ဌါနီ ။

အတွင်းနက်နက်
တူးလေ နက်လေမို့
အထူးအထွေပြင်ရန်ခက်လှသည်
ရင်းခဲ့ စံရာဆီ ။

ဘဝကျင်းကိုလ
အလွ တူယွင်းနဲ့တူးမှဖြင့်
ကွယ်
စက်သွားထက်လွင့် ။

                                      မောင်ရေခဲ


ဖောက်ပြန်ခြင်း

ညဥ့် နက်နက် ကာရံပျက်
သွက်လက်ချိန်ခါ ။

ဘွင်မှာ ပျော်မြူးကျ
မော်မူးကြတဲ့ ဒီကမ်ဘာ ။

အတော်ကူးမှဖြင့်
လျှော်ဘူးကွယ် မထင်ရက်လေတော့
အဆင်ခက် သည်ညရိုးမှာ
လျှိုး
မှောက်လျက်ဆင်း ။


                                        မောင်ရေခဲ
                                  

သူ တွေးခဲ့တဲ့ ဒိုင်ယာရီ


ဟော ဟိုနားဆီက တစ်ဗျောင်းဗျောင်းနဲ့ပြေးလာတဲ့ မိုးအော်သံကို တားဆီးဖို့
သဘာဝဓမ္မက အမိန့်ထုတ်ထားတယ် ။
အဲဒီအချိန် ...
အဖြူရောင် ဝါဂွမ်းလေးက ရှက်ပြုံး ပြုံးကာလမ်းလျှောက်လာရဲ့ ။
တစ်ချို့ကို လမ်းပိတ် ....
တစ်ချို့ကို ချောက်ချ ....
တစ်ချို့က ကြောက်ကြ ဆိုပဲ ....
တကယ်တော့ ဒါ သဘာဝ ဓမ္မ ပဲလေ
ရှည်ရှည်ဝေးဝေးတွေးရင်
သူရို့ ပြောတဲ့ ဘုရားသခင် နဲ့ ကောင်းကင်ဘုံ မခေါ်တဲ့ သူ့ကို အပြစ်တင်တယ်
ခက်တယ်ကွယ်
ပြဿဒါးနေ့မှာမွေးတဲ့ငါက
နက္ခတ်မှားတဲ့ ရာဇဖွားဖြစ်ချင်တော့
ခနော်နီ ခနော်နဲ့ လောကဓံ နဲ့ စစ်ခင်းတယ် ။
မြစ်တလင်းတွေ ဖဲ့ဖဲ့တိုက် အမှိုက် သရိုက်ဆိုရင်
မြို့လယ်က မီးတောင်ကြွင်းပေါ့
ရက်လှေတွေ ရေဆန်အလှော်မှာ ညှော်မိသွားတဲ့
ငါ့ အံဆုံးလေးရေ
ဒီတစ်ခါ ငါ့ကိုဆေးသောက်ခွင့်ပြုပါ
လူတွေနီးတဲ့ ဟိုအဝေးမှာ ငါမနေပါရစေနဲ့
အသက်ရှုမွန်းကျပ် ရင်ဓာတ်တွေပျက်မှာစိုးလို့ပါ
အရိုးတွေ ဆွေးလဲ ရင်မဆွေးရင်
အမြင်ကြည်တဲ့ မင်းတို့ဝန်းကျင်မှာ ငါ ကာရံတစ်ခုပဲဖြစ်ပါစေ
ကြွေလွင့်ရလဲ ကျေနပ်တယ် ။


                                    ကိုရေခဲ