Tuesday, May 12, 2026

သားကောင်များ

*** ဒီလိုလုပ် ဒီလိုကျင့်
ခပ်ရင့်ရင့် ခိုင်း နှိုင်း 
သံသရာ မရိုင်းရလေအောင်
ပုံသွင်းသင်ကြားလဲ
ညွှတ်ကွင်းတွေကြားထဲ
လွတ်ကင်းဖို့ခက်တယ်

*** တဒိတ်ဒိတ်ရင်ခုန်သံ
စိတ္သံ ၊ ရုပ်သံ
တညံညံ ဝန်းရံခ
တွန်းလှန်ချဖို့ခက်ပြန်မှတော့
 နိဗ္ဗာန်ကိုစိတ်သန်နေလို့ အပိုပါပဲ

*** အနု ၊ အလွ သမုဒယ ပေါများရာ
ဒီ ဇလာတော မွာ
မျောဖို့ရာလမ်းများတယ်

*** ဒုက္ခ ဆိုတာ
ခမ်းလိုက် လန်းလိုက်ဆိုပေမယ့်
ချိုတယ် ထင်ထင်နေတော့ခက်တယ်

*** အရှိုက်ခက်မှန်း သိရက်နဲ့
အသိုက်တွေ ခပ်မိုက်မိုက်လုပ်
အချုပ်ကိုတွေးရင်း တွေးထင်
ဒီနေဝင်ချိန်ဟာလဲ
မျက်နှာလွှဲခဲ့ ပြန်ပါရော


မောင်ရေခဲ


3 comments:

စံပယ္ခ်ိဳ said...

ဒီလိုလုပ် ဒီလိုကျင့်
ပုံသွင်းသင်ကြားလဲ
ညွှတ်ကွင်းတွေကြားထဲ
လွတ်ကင်းဖို့ခက်တယ်-----
ဟုတ်တယ်ရေခဲရေ.......
အရာရာ ညွတ်ကွင်းတွေကြားထဲ လွတ်ကင်းဖို့ခက်နေတဲ့
အချိန်ပေါ့နော်....

မိုးနတ်ကြယ်စင် said...


မှန်လိုက်လေ..ရေခဲတုံးလေးရေ...
ခံစားခဲ့တယ်နော်...
ခင်တဲ့...မိုးနတ်..
(ဒါထက် မိုးနတ်မေးထားတာလဲဖြေရသေးဝူးနော်..:P)

Maung Yay Khe (awutni) said...

ကြယ်စင်ရေ
ရေးချင်ရာသာရေးဗျာ
ဘာလိုပဲဖြစ်ဖြစ်ပေါ့
ကောင်းမယ်လို့မျှော်လင့်ပါတယ်