စိတ်အလိုမကျဖြစ်တဲ့အခါ
စကားတွေမညီမညွတ်ဖြစ်တဲ့အခါ
ရိုင်းရိုင်း စိုင်းစိုင်း ထြက္ဆိုမိတဲ့အခါ
ငါ့ကို ခွင့်လွှတ်ပါ
ငါက
အပြီးပြန်မယ့်သူမို့ပါ
ငါနေထိုင်တဲ့အခါ
ငါပြောဆိုတဲ့အခါ
ပွင့်လင်းမှု့တွေနဲ့
ငါ့ကိုယ် ငါ အိုးမဲသုတ်မိရင်
ငါ့ကိုခွင့်လွှတ်ပါ
ငါက
အပြီးပြန်မယ့်သူမို့ပါ
ပရမ်းပတာ နေထိုင်မိတဲ့အခါ
ပရမ်းပတာ ပြောဆိုမိတဲ့အခါ
စကားတွေဖောင်းကြွလာတဲ့အခါ
ငါ့ကိုခွင့်လွှတ်ပါ
ငါက
အပြီးပြန်မယ့်သူမို့ပါ
မောင်ရေခဲ
2 comments:
မိုးနတ်မေ့လျော့နေတာလေးကို ဒီကဗျာလေးက
သတိပေးလိုက်သလိုပဲ...
ကျေးဇူးပဲနော်...ရေခဲတုံးလေး..
ကဗျာလေးက အရမ်းကောင်းတယ်...
ခင်တဲ့...မိုးနတ်
ရိုင်းရိုင်း စိုင်းစိုင်း ထွက်ဆိုမိတဲ့အခါ
ငါ့ကို ခွင့်လွှတ်ပါ-----
ရေခဲရေ ကောင်းတယ်သိလား....
ခင်တဲ့ sis jasmine
Post a Comment